ကာတာကမ္ဘာ့ဖလား ဗိုလ်လုပွဲက GOAT နှစ်ဦး ထိပ်တိုက်တွေ့မယ့်ပွဲ ဖြစ်လာနိုင်မလား

December 7, 2022 Wyne 0

ကာတာပြိုင်ပွဲစခင်ကတည်းက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားနှစ်ယောက်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်မယ်ဆိုတာ ပရိသတ်တွေက သိထားကြပြီးသားပါ။ နှစ်ယောက်စလုံးကလည်း သူတို့ရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ကစားသမားဘဝမှာ မရဖူးတာဆိုလို့ ဒီကမ္ဘာ့ဖလား အောင်မြင်မှုသာ ရှိပါတော့တယ်။ အခုဆို မက်ဆီရဲ့အာဂျင်တီးနားရော စီရော်နယ်ဒိုရဲ့ပေါ်တူဂီပါ ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့ကြပါပြီ။ သူတို့နှစ်ယောက်စလုံးဟာ နောက်ထပ် ၂ ပွဲစီနိုင်တာနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ တက်ရောက်နိုင်တော့မှာပါ။ […]

နိုင်ငံ့လက်ရွေးစင်အသင်းမှာ အရံခုံရောက်သွားခဲ့တဲ့ ရော်နယ်ဒိုကို နှစ်သိမ့်ပေးခဲ့တဲ့ သရဲနီကြယ်ပွင့်

December 7, 2022 Wyne 0

ကမ္ဘာ့ဖလားမှာ ( ၆-၁ ) နိုင်ပွဲရတာက ပုံမှန်အားဖြင့် အရမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံသင့်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းအတွက်တော့ သာမာန်ပါပဲ။ ခရစ္စတီယာနို ရော်နယ်ဒိုကလည်း အသင်းလိုက် ကစားသမားထက် တစ်ဦးချင်းကစားသမားဆိုတာ ပိုလို့ ပေါ်လွင်နေပြန်ပါတယ်။ ပေါ်တူဂီက ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နည်းပြ ဖာနန်ဒို […]

” စီရော်နယ်လ်ဒို စိတ်ဓာတ်ပိုင်း အခုထက် ပိုကောင်းအောင် ပြင်ဆင်ဖို့ လိုနေပြီ ” _ ဂယ်ရီနဗီးလ်

December 7, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ စီရော်နယ်လ်ဒို အနေနဲ့ စိတ်ဓာတ်ပိုင်းမှာ အခုထက် ပိုကောင်းအောင် ပြင်ဆင်သင့်နေပြီလို့ သတိပေးလိုက်ပါတယ်။ စီရော်နယ်လ်ဒိုဟာ တောင်ကိုရီးယားနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတစ်ဦးကို မလေးမစားပြုမူခဲ့တဲ့လုပ်ရပ်အပေါ် နည်းပြဖာနန်ဒိုဆန်းတို့စ်က သဘောမကျတာကြောင့် ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ စီရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ […]

စံချိန်တင် အပြောင်းအရွှေ့သတင်းတွေကို ရော်နယ်ဒို ငြင်းဆန်

December 7, 2022 Wyne 0

ဆော်ဒီကလပ်အယ်နာဆာနဲ့ စာချုပ်တော့မယ်ဆိုတဲ့ သတင်းတွေကို စီရော်နယ်ဒိုက ငြင်းဆန်လိုက်ပြီး အဲဒါတွေက မမှန်ကန်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ၃၇ နှစ်အရွယ် ကစားသမားဟာ မန်ယူနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးကတည်းက သူနောက်ပြောင်းမယ့် အသင်းနဲ့ပတ်သက်လို့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်ခဲ့တာပါ။ နောက်ဆုံးမှာ သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာက ဆော်ဒီကလပ်အယ်နာဆာကို ပြောင်းတော့မယ်ဆိုတာပါပဲ။ အဲဒီဆော်ဒီကလပ်က ၅ […]

အရန်ခုံထိုင်ခဲ့ရတဲ့ ရော်နယ်ဒိုကြောင့် ဆန်းတို့စ်ကို ပွဲရှာလိုက်ပြန်တဲ့ ဒိုလေးအစ်မ

December 7, 2022 Wyne 0

ဆွစ်ဇာလန်ကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သူမရဲ့မောင်ဖြစ်သူကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့တဲ့ ပေါ်တူဂီအသင်းနည်းပြကို စီရော်နယ်ဒိုရဲ့ အစ်မဖြစ်သူက ဆိုရှယ်မီဒီယာပေါ်မှာ ဖောင်းထုလိုက်ပါတယ်။ စီရော်နယ်ဒိုရဲ့အစ်မအယ်မာအဗိုင်ရိုက ပေါ်တူဂီအသင်းနည်းပြဟာ သူမရဲ့မောင်ဖြစ်သူကို အရှက်ခွဲလိုက်တာလို့ ဆိုခဲ့တာပါ။ ဒါ့အပြင်အဗိုင်ရိုက ပွဲထွက်စာရင်းထဲမှာ ၃၇ နှစ်အရွယ် ကစားသမား မပါခဲ့တာကို နားမလည်နိုင်ကြောင်းလည်း ဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ […]

အေစီမီလန်အသင်းရဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့်ကို ယူနိုက်တက် ခေါ်ယူနိုင်ဖို့ရှိနေပြီ။

December 7, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမား ရာဖေးလီယိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။ အသက်(၂၃)နှစ်သာရှိသေးတဲ့ ရာဖေးလီယိုဟာ လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ဆင်နွှဲနေပြီး ဂါနာကို (၃-၂)ဂိုးနဲ့ အနိုင်ရတဲ့ အုပ်စုအဖွင့်ပွဲတုန်းက လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူခဲ့သလို ဆွစ်ဇာလန်နဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရာဖေးလီယိုဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက်လည်း […]

ဂါနာချိုနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုအခြေအနေ တိုးတက်လာတဲ့အတွက် ယူနိုက်တက် ကျေနပ်

December 7, 2022 Wyne 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုနဲ့ စာချုပ်သက်တမ်းတိုးမယ့် ကိစ္စဆွေးနွေးမှု အခြေအနေ တိုးတက်လာတဲ့အတွက် ကျေနပ်ဝမ်းမြောက်နေပါတယ်။ အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားလူငယ်တိုက်စစ် ကစားသမား ဂါနာချိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ယူနိုက်တက် အသင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်မှာ ဂါနာချိုဟာ တစ်ပတ်ကို […]

(၁၄)နှစ်အတွင်း လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တဲ့ စီရော်နယ်လ်ဒို

December 7, 2022 Wyne 0

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ (၁၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ တောင်ကိုရီးယားနဲ့ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဒုတိယပိုင်းအတွင်း လူစားလဲခံခဲ့ရချိန်မှာ စီရော်နယ်လ်ဒိုဟာ သူ့ကို ကွင်းထဲက မြန်မြန်ထွက်သွားဖို့ ဖိအားပေးနေတဲ့ တောင်ကိုရီးယားကစားသမားကို ‘တိတ်တိတ်နေ’ဆိုတဲ့ သဘောနဲ့ ပါးစပ်ကို လက်ညှိုးနဲ့ပိတ်ပြီးတော့ တုံ့ပြန်ခဲ့ပါတယ်။အဲဒီလုပ်ရပ်ကို ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က […]

စီရော်နယ်လ်ဒိုကို ခေါက်ထားလိုက်တော့ . . . ပေါ်တူဂီတိုက်စစ်မှာ ကြယ်ပွင့်သစ် ရှိနေပြီ . . .

December 7, 2022 Wyne 0

ဆွစ်ဇာလန်နဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ ပေါ်တူဂီအသင်းဟာ အဓိက,ကစားသမား စီရော်နယ်လ်ဒို ပွဲထွက်မပါဝင်ပေမယ့် လူငယ်တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ရဲ့ ဟက်ထရစ်နဲ့အတူ (၆-၁)ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက် သွားပါတယ်။ ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ ဆွစ်ဇာလန်နဲ့ကစားမယ့်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ စီရော်နယ်လ်ဒိုကို အံ့အားသင့်စရာကောင်းအောင် ချန်လှပ်ပြီး အသက်(၂၁)နှစ်သာရှိသေးတဲ့ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို ယုံယုံကြည်ကြည် နေရာပေးခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ […]

ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပေါ်တူဂီရဲ့ အောင်ပွဲခံမှုမှာ မပါဝင်ဘဲ ကွင်းထဲက ထွက်ခွာသွားခဲ့တဲ့ ရော်နယ်ဒို

December 7, 2022 Wyne 0

ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအပြီးမှာ ပေါ်တူဂီကစားသမားတွေဟာ ကွင်းထဲမှာ အောင်ပွဲခံကြပေမယ့် စီရော်နယ်လ်ဒိုကတော့ အသင်းဖော်တွေနဲ့အတူ အောင်ပွဲမခံဘဲ ကွင်းထဲကနေ တစ်ယောက်တည်း လမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ပွဲအတွက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဒါက ယူရို-၂၀၀၈ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ပွဲနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်သလို လက်ရွေးစင်အသင်းအတွက် […]