ကင်းထောက်တွေရဲ့အကြံကိုလက်မခံဘဲ မာတီနက်ဇ်ကို ကိုယ့်သဘောနဲ့ကိုယ်ခေါ်ယူခဲ့တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ အသင်းကင်းထောက်တွေက

လီဆန်ဒရိုမာတီနက်ဇ်ကို မခေါ်ဖို့ အကြံပေးခဲ့ပေမယ့် ဂရုမစိုက်ဘဲ

သူ့တပည့်ဟောင်းကို ခေါ်ယူခဲ့တာဖြစ်တယ်လို့ The Athletic ဝက်ဘ်ဆိုက်က

ဖော်ပြခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ အေဂျက်စ်အသင်းမှာတုန်းက

လက်တွဲခဲ့ဖူးတဲ့ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင်(၄၉)သန်းအထိ

အသုံးပြုခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်(၂)ပွဲဖြစ်တဲ့

ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်

ခြေစွမ်းမပြနိုင်ဘဲ ဘရန့်ဖို့ဒ်ကို (၄-ဝ)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ

ပြိုင်ဘက်နည်းပြသောမတ်စ်ဖရန့်ခ်က လီဆန်ဒရိုမာတီနက်ဇ်ရဲ့

ခန္ဓာကိုယ်အားနည်းချက်အပေါ် အသုံးချပြီးတော့ တိုက်စစ်ကစားခဲ့တာ

ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကင်းထောက်တွေက

အရပ်(၅)ပေ၊ (၉)လက်မသာရှိတဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်လို

ကြံ့ခိုင်မှုအသားပေးတဲ့ကစားဟန်နဲ့ ကိုက်ညီနိုင်မှာမဟုတ်ဘဲ သူ့အစား

ဗီလာရီးယဲလ်နောက်ခံလူ ပေါတောရက်စ်ကိုခေါ်ယူသင့်တယ်လို့

အဲရစ်တန်ဟက်ကို အကြံပေးခဲ့ပေမယ့် အဲရစ်တန်ဟက်ကတော့

သူ့တပည့်ဟောင်းကိုပဲ ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ The Athletic

ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဲရစ်တန်ဟက်က လီဆန်ဒရိုမာတီနက်ဇ်ဟာ

ဘယ်သန်ကစားသမားဖြစ်တာကြောင့် ခံစစ်ဘယ်ခြမ်းနေရမှာကစားနိုင်သလို

တွန်းတွန်းတိုက်တိုက်ကစားနိုင်တဲ့အပြင် ခံစစ်စွမ်းဆေင်ရည်ကောင်းမွန်တယ်ဆိုတဲ့

အကြောင်းပြချက်နဲ့ သူ့ကိုခေါ်ယူခဲ့တာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ပွဲတွေမှာ

လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ

ယှဉ်ပြိုင်မှုမှာ အသာမရခဲ့ဘဲ သူ့ရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

zawgyi

ကင္းေထာက္ေတြရဲ႕အႀကံကုိလက္မခံဘဲ မာတီနက္ဇ္ကုိ ကုိယ့္သေဘာနဲ႔ကုိယ္ေခၚယူခဲ့တဲ့ တန္ဟက္

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ အသင္းကင္းေထာက္ေတြက

လီဆန္ဒ႐ိုမာတီနက္ဇ္ကို မေခၚဖို႔ အႀကံေပးခဲ့ေပမယ့္ ဂ႐ုမစိုက္ဘဲ

သူ႔တပည့္ေဟာင္းကို ေခၚယူခဲ့တာျဖစ္တယ္လို႔ The Athletic ဝက္ဘ္ဆိုက္က

ေဖာ္ျပခဲ့ပါတယ္။ အဲရစ္တန္ဟက္ဟာ ေအဂ်က္စ္အသင္းမွာတုန္းက

လက္တြဲခဲ့ဖူးတဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ကို ေပါင္(၄၉)သန္းအထိ

အသုံးျပဳေခၚယူခဲ့တာျဖစ္ၿပီး (၅)ႏွစ္စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္(၂)ပြဲျဖစ္တဲ့

ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔နဲ႔ပြဲေတြမွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္

ေျခစြမ္းမျပႏိုင္ဘဲ ဘရန႔္ဖို႔ဒ္ကို (၄-ဝ)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ

ၿပိဳင္ဘက္နည္းျပေသာမတ္စ္ဖရန႔္ခ္က လီဆန္ဒ႐ိုမာတီနက္ဇ္ရဲ႕

ခႏၶာကိုယ္အားနည္းခ်က္အေပၚ အသုံးခ်ၿပီးေတာ့ တိုက္စစ္ကစားခဲ့တာ

ျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္ကင္းေထာက္ေတြက

အရပ္(၅)ေပ၊ (၉)လက္မသာရွိတဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ပရီးမီးယားလိဂ္လို

ႀကံ့ခိုင္မႈအသားေပးတဲ့ကစားဟန္နဲ႔ ကိုက္ညီႏိုင္မွာမဟုတ္ဘဲ သူ႔အစား

ဗီလာရီးယဲလ္ေနာက္ခံလူ ေပါေတာရက္စ္ကိုေခၚယူသင့္တယ္လို႔

အဲရစ္တန္ဟက္ကို အႀကံေပးခဲ့ေပမယ့္ အဲရစ္တန္ဟက္ကေတာ့

သူ႔တပည့္ေဟာင္းကိုပဲ ေခၚယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ The Athletic

ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။ အဲရစ္တန္ဟက္က လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ

ဘယ္သန္ကစားသမားျဖစ္တာေၾကာင့္ ခံစစ္ဘယ္ျခမ္းေနရမွာကစားႏိုင္သလို

တြန္းတြန္းတိုက္တိုက္ကစားႏိုင္တဲ့အျပင္ ခံစစ္စြမ္းေဆင္ရည္ေကာင္းမြန္တယ္ဆိုတဲ့

အေၾကာင္းျပခ်က္နဲ႔ သူ႔ကိုေခၚယူခဲ့တာပါ။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ပြဲေတြမွာ

လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ

ယွဥ္ၿပိဳင္မႈမွာ အသာမရခဲ့ဘဲ သူ႔ရဲ႕ေျခစြမ္းအေပၚ ေဝဖန္မႈေတြထြက္ေပၚေနတာျဖစ္ပါတယ္။