
မန်ချက်စတာယူနိုက်တက်နောက်ခံလူဒါလော့တ်က နည်းပြသစ်အဖြစ်
အဲရစ်တန်ဟက်ရောက်ရှိလာမှာဖြစ်တာကြောင့် ကစားသမားတွေ
စိတ်လှုပ်ရှားပျော်ရွှင်နေကြတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီကုန်မှာ အဲရစ်တန်ဟက်ကို နည်းပြသစ်ခန့်ဖို့
ပြီးခဲ့တဲ့ဧပြီလကတည်းက အတည်ပြုခဲ့ပြီး အဲရစ်တန်ဟက်နဲ့(၃)နှစ်စာချုပ်
ချုပ်ဆိုသွားမှာဖြစ်သလို အဲဒီသက်တမ်းပြည့်ရင် နောက်ထပ်(၁)နှစ်
စာချုပ်သစ်ချုပ်ဖို့ သဘောတူညီချက်လည်း စာချုပ်ထဲမှာပါဝင်မှာဖြစ်ပါတယ်။
ဒါလော့တ်က “လာမယ့်ရာသီမတိုင်ခင် ရာသီကြိုခြေစမ်းပွဲတွေကစားရမှာဖြစ်တာကြောင့်
ခေတ်သစ်တစ်ခုစတင်ဖို့ နည်းပြသစ်နဲ့ကစားသမားတွေအတွက်
အခွင့်အရေးတစ်ခုဖြစ်လာမှာပါ။ နည်းပြသစ်ရောက်လာတဲ့အတွက်
ကျွန်တော်တို့အားလုံးစိတ်လှုပ်ရှားနေပြီး အဲရစ်တန်ဟက်ဟာလည်း
ကျွန်တော်တို့နဲ့လက်တွဲရမှာဖြစ်လို့ စိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်။
လာမယ့်ရာသီကျရင် ထိပ်တန်းအဆင့်နည်းပြနဲ့အတူ ကျွန်တော်တို့
အကောင်းဆုံးပုံစနဲ့စတင်နိုင်မှာပါ”လို့ပြောကြားခဲ့ပါတယ်။
zawgyi
” ကစားသမားတွေကတော့ တန်ဟက်ရောက်လာမှာမို့ စိတ်လှုပ်ရှားပျော်ရွှင်နေတယ်” ဒါလော့တ်