
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ခရစ္စတီယာနိုရော်နယ်ဒိုဟာ
Forbes ရဲ့ဝင်ငွေအကောင်းဆုံးအားကစားသမားများစာရင်းမှာ
အံ့ဩစရာမရှိထပ်မံပါဝင်လာပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကတော့
ဒိုလေးဟာပီအက်စ်ဂျီစတားလီယွန်နယ်မက်ဆီလောက်ဝင်ငွေမကောင်းတာပါ။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတုန်းကဂျူဗင်တပ်မှထွက်ခွာကာ
ယူနိုက်တက်သို့ပြန်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာယူနိုက်တက်သို့
ပြန်ရောက်လာပြီးနောက်၂၄ဂိုးအထိသွင်းထားနိုင်ပေမဲ့ဆုဖလားလက်မဲ့
ရာသီတစ်ခုကြုံနေရတဲ့အပြင်လာမယ့်ရာသီမှာချန်ပီယံလိဂ်လည်း
ကစားခွင့်ရတော့မှာမဟုတ်တော့ပါဘူး။
လီယွန်နယ်မက်ဆီဟာဝင်ငွေပေါင်၁၀၇သန်းဖြင့်ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပြီး
ဘက်စကက်ဘောစတားလီဘရွန်ဂျိမ်းစ်ကပေါင်၉၉သန်းဖြင့်ရပ်တည်နေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာဝင်ငွေပေါင်၉၄သန်းဖြင့်တတိယနေရာမှာသာ
ရပ်တည်နိုင်ခဲ့ပါတယ်။ဒါ့အပြင်နေမာဟာလည်းဝင်ငွေပေါင်၇၈သန်းဖြင့်
စတုတ္ထနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။အဆင့်၅နေရာမှာစတီဖင်ကာရေးက
ပေါင်၇၆သန်းဖြင့်ရပ်တည်နေပါတယ်။
Forbes ရဲ့ဝင်ငွေအကောင်းဆုံးအားကစားသမား၁၀ဦးစာရင်းမှာဘောလုံးမှာ
မက်ဆီ၊ရော်နယ်ဒိုနှင့်နေမာတို့သုံးဦးဘဲစာရင်းဝင်ပါတယ်။
ဝင်ငွေအကောင်းဆုံးအားကစားသမား၁၀ဦးစာရင်းပါဝင်တဲ့အခြားသူများကတော့
ကီဗင်ဒူရန် (ပေါင်၇၄.၈သန်း)၊ရော်ဂျာဖက်ဒါးရား(ပေါင်၇၄.၄သန်း)၊
ကာနီလိုအယ်ဗာရက်ဇ်(ပေါင်၇၃.၇သန်း)၊တွမ်ဘရာဒီ(ပေါင်၆၈.၇သန်း)၊
အန်တီတိုကွမ်ပို(ပေါင်၆၆.၃သန်း)တို့ပါဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကဝင်ငွေအများဆုံးအားကစားသမားအဖြစ်ရပ်တည်ခဲ့တဲ့
မက်ဂရီဂေါ်ကတော့ခြေထောက်ကျိုးဒဏ်ရာကြောင့်ထိုးပွဲမရှိမှုနဲ့အတူ
ဝင်ငွေအကောင်းဆုံးအားကစားသမားဆယ်ဦးစာရင်းမှာမပါဝင်ခဲ့ပါဘူး။
zawgyi
ကမာၻ႔ဝင္ေငြအေကာင္းဆုံး အားကစားသမားစာရင္းရဲ႕ တတိယေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တဲ့ ေရာ္နယ္ဒို
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ
Forbes ရဲ႕ဝင္ေငြအေကာင္းဆုံးအားကစားသမားမ်ားစာရင္းမွာ
အံ့ဩစရာမရွိထပ္မံပါဝင္လာပါတယ္။ဒါေပမဲ့အံ့ဩစရာေကာင္းတာကေတာ့
ဒိုေလးဟာပီအက္စ္ဂ်ီစတားလီယြန္နယ္မက္ဆီေလာက္ဝင္ေငြမေကာင္းတာပါ။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီတုန္းကဂ်ဴဗင္တပ္မွထြက္ခြာကာ
ယူႏိုက္တက္သို႔ျပန္ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာယူႏိုက္တက္သို႔
ျပန္ေရာက္လာၿပီးေနာက္၂၄ဂိုးအထိသြင္းထားႏိုင္ေပမဲ့ဆုဖလားလက္မဲ့
ရာသီတစ္ခုႀကဳံေနရတဲ့အျပင္လာမယ့္ရာသီမွာခ်န္ပီယံလိဂ္လည္း
ကစားခြင့္ရေတာ့မွာမဟုတ္ေတာ့ပါဘူး။
လီယြန္နယ္မက္ဆီဟာဝင္ေငြေပါင္၁၀၇သန္းျဖင့္ထိပ္ဆုံးမွာရပ္တည္ႏိုင္ခဲ့ၿပီး
ဘက္စကက္ေဘာစတားလီဘ႐ြန္ဂ်ိမ္းစ္ကေပါင္၉၉သန္းျဖင့္ရပ္တည္ေနပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဝင္ေငြေပါင္၉၄သန္းျဖင့္တတိယေနရာမွာသာ
ရပ္တည္ႏိုင္ခဲ့ပါတယ္။ဒါ့အျပင္ေနမာဟာလည္းဝင္ေငြေပါင္၇၈သန္းျဖင့္
စတုတၳေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။အဆင့္၅ေနရာမွာစတီဖင္ကာေရးက
ေပါင္၇၆သန္းျဖင့္ရပ္တည္ေနပါတယ္။
Forbes ရဲ႕ဝင္ေငြအေကာင္းဆုံးအားကစားသမား၁၀ဦးစာရင္းမွာေဘာလုံးမွာ
မက္ဆီ၊ေရာ္နယ္ဒိုႏွင့္ေနမာတို႔သုံးဦးဘဲစာရင္းဝင္ပါတယ္။
ဝင္ေငြအေကာင္းဆုံးအားကစားသမား၁၀ဦးစာရင္းပါဝင္တဲ့အျခားသူမ်ားကေတာ့
ကီဗင္ဒူရန္ (ေပါင္၇၄.၈သန္း)၊ေရာ္ဂ်ာဖက္ဒါးရား(ေပါင္၇၄.၄သန္း)၊
ကာနီလိုအယ္ဗာရက္ဇ္(ေပါင္၇၃.၇သန္း)၊တြမ္ဘရာဒီ(ေပါင္၆၈.၇သန္း)၊
အန္တီတိုကြမ္ပို(ေပါင္၆၆.၃သန္း)တို႔ပါဝင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းကဝင္ေငြအမ်ားဆုံးအားကစားသမားအျဖစ္ရပ္တည္ခဲ့တဲ့
မက္ဂရီေဂၚကေတာ့ေျခေထာက္က်ိဳးဒဏ္ရာေၾကာင့္ထိုးပြဲမရွိမႈနဲ႔အတူ
ဝင္ေငြအေကာင္းဆုံးအားကစားသမားဆယ္ဦးစာရင္းမွာမပါဝင္ခဲ့ပါဘူး။