ကမ္ဘာ့ဖလားနဲ့လွဲချော်ခဲ့တဲ့ ဆန်ချို နယ်သာလန်မှာ လေ့ကျင့်ခန်းသွားဆင်းနေ

ဒီလထဲမှာပဲ အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ငြင်းပယ်ခံခဲ့ရတဲ့ဆန်ချိုဟာ

အခုတော့ နယ်သာလန်သွားပြီး တစ်ယောက်တည်းလေ့ကျင့်မှုတွေ လုပ်နေပါတယ်။

သူဟာ နယ်သာလန်အပျော်တမ်းကလပ်ရို့စ်မာလန်အသင်းမှာ

သွားရောက်လေ့ကျင့်နေတာပါ။ ဆန်ချိုဟာ ယူနိုက်တက်နဲ့ ခက်ခဲတဲ့

ပထမရာသီဝက်ကို ဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ

၂ ဂိုးသာသွင်းပြီး ၁ ဂိုးသာ ဖန်တီးနိုင့်ပါတယ်။ ဒီလိုစိတ်ပျက်ဖွယ်ဖြစ်ခဲ့တဲ့

ခြေစွမ်းကြောင့်လည်း သူဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ငြင်းပယ်ခြင်း

ခံခဲ့ရတာပါ။ အင်္ဂလန်အသင်းမှာ ချန်လှပ်ခံခဲ့ရပြီးနောက် ၂၂ နှစ်အရွယ်

ကစားသမားဟာ Instagram မှာ ပို့စ်အားလုံးဖျက်ခဲ့ပြီး ဆိုရှယ်မီဒီယာက

ခေတ္တအနားယူကာ မိသားစုနဲ့ဘောလုံးကို ပြန်လည်အာရုံစိုက်နေပါတယ်။

အခုတော့ သူဟာ နယ်သာလန်ရဲ့အကြီးဆုံးအပျော်တမ်းအသင်းဖြစ်တဲ့

ရို့စ်မာလန်မှာ သွားရောက်လေ့ကျင့်မှုလုပ်နေတာပါ။

ကမ္ဘာ့ဖလားမသွားရတဲ့ ယူနိုက်တက်ကစားသမားတွေဟာ

လာမယ့်အပတ်ရောက်မှ အသင်းနဲ့ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အသင်းဖော်တွေနဲ့ မပူးပေါင်းခင် ဆန်ချိုဟာ ရုပ်ပိုင်းဆိုင်ရာ

အကောင်းဆုံးဖြစ်နေဖို့အတွက် အခုလိုလေ့ကျင့်မှုတွေလုပ်နေတာပါ။

မန်ယူဟာ လာမယ့်အပတ်မှာ ဆောင်းရာသီစခန်းသွင်းလေ့ကျင့်မှုအဖြစ်

စပိန်နိုင်ငံ၊ ကာဒစ်ဇ်ကို သွားရောက်ဖို့ ရှိပါတယ်။

ဆန်ချိုဟာ ဖျားနာမှုကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် မန်ယူရဲ့

နောက်ဆုံးပွဲအနည်းငယ်မှာလည်း မပါနိုင်ခဲ့ပါဘူး။

zawgyi

ကမာၻ႔ဖလားနဲ႔လြဲေခ်ာ္ခဲ့တဲ့ ဆန္ခ်ဳိ နယ္သာလန္မွာ ေလ့က်င့္ခန္းသြားဆင္းေန

ဒီလထဲမွာပဲ အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းမွာ ျငင္းပယ္ခံခဲ့ရတဲ့ဆန္ခ်ိဳဟာ

အခုေတာ့ နယ္သာလန္သြားၿပီး တစ္ေယာက္တည္းေလ့က်င့္မႈေတြ လုပ္ေနပါတယ္။

သူဟာ နယ္သာလန္အေပ်ာ္တမ္းကလပ္႐ို႕စ္မာလန္အသင္းမွာ

သြားေရာက္ေလ့က်င့္ေနတာပါ။ ဆန္ခ်ိဳဟာ ယူႏိုက္တက္နဲ႔ ခက္ခဲတဲ့

ပထမရာသီဝက္ကို ျဖတ္သန္းခဲ့ရၿပီး ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ

၂ ဂိုးသာသြင္းၿပီး ၁ ဂိုးသာ ဖန္တီးႏိုင့္ပါတယ္။ ဒီလိုစိတ္ပ်က္ဖြယ္ျဖစ္ခဲ့တဲ့

ေျခစြမ္းေၾကာင့္လည္း သူဟာ အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕ျငင္းပယ္ျခင္း

ခံခဲ့ရတာပါ။ အဂၤလန္အသင္းမွာ ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ၂၂ ႏွစ္အ႐ြယ္

ကစားသမားဟာ Instagram မွာ ပို႔စ္အားလုံးဖ်က္ခဲ့ၿပီး ဆိုရွယ္မီဒီယာက

ေခတၱအနားယူကာ မိသားစုနဲ႔ေဘာလုံးကို ျပန္လည္အာ႐ုံစိုက္ေနပါတယ္။

အခုေတာ့ သူဟာ နယ္သာလန္ရဲ႕အႀကီးဆုံးအေပ်ာ္တမ္းအသင္းျဖစ္တဲ့

႐ို႕စ္မာလန္မွာ သြားေရာက္ေလ့က်င့္မႈလုပ္ေနတာပါ။

ကမာၻ႔ဖလားမသြားရတဲ့ ယူႏိုက္တက္ကစားသမားေတြဟာ

လာမယ့္အပတ္ေရာက္မွ အသင္းနဲ႔ျပန္လည္ပူးေပါင္းရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အသင္းေဖာ္ေတြနဲ႔ မပူးေပါင္းခင္ ဆန္ခ်ိဳဟာ ႐ုပ္ပိုင္းဆိုင္ရာ

အေကာင္းဆုံးျဖစ္ေနဖို႔အတြက္ အခုလိုေလ့က်င့္မႈေတြလုပ္ေနတာပါ။

မန္ယူဟာ လာမယ့္အပတ္မွာ ေဆာင္းရာသီစခန္းသြင္းေလ့က်င့္မႈအျဖစ္

စပိန္ႏိုင္ငံ၊ ကာဒစ္ဇ္ကို သြားေရာက္ဖို႔ ရွိပါတယ္။

ဆန္ခ်ိဳဟာ ဖ်ားနာမႈေၾကာင့္ ကမာၻ႔ဖလားမတိုင္ခင္ မန္ယူရဲ႕

ေနာက္ဆုံးပြဲအနည္းငယ္မွာလည္း မပါႏိုင္ခဲ့ပါဘူး။