ကမ္ဘာ့ဖလားမှာ အရံခုံပို့ထားဖို့မဖြစ်နိုင်တဲ့ အာဂျင်တိုင်းသားသတ်သမားကြီး

( ၂၀၂၂ ) ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေ စတင်ကျင်းပနေပြီဖြစ်ပြီး

အသင်းကြီး အချို့က ဂိုးပြတ်နိုင်ပွဲတွေ ရနေပေမယ့် အချို့ကတော့

ထင်မှတ်မထားတဲ့ ရှုံးပွဲတွေ ကြုံတွေ့နေတာတွေ့ရပါတယ်။

ဂျာမနီအသင်းဟာ မနေ့တုန်းက ဂျပန်ကို ( ၂-၁ ) ရလာဒ်နဲ့

အရေးနိမ့်ခဲ့သလို ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ လီယွန်နယ် မက်ဆီရဲ့

အာဂျင်တီးနားအသင်းကလည်း ဆော်ဒီ အာရေဗျကို ( ၂-၁ ) ရလာဒ်နဲ့ပဲ

အရေးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နောက်တစ်ဆင့်

တက်ရောက်နိုင်ဖို့ လက်ကျန် ( ၂ ) ပွဲစလုံး အနိုင်ရဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဆော်ဒီနဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်

ဗဟိုနောက်ခံလူ လီဆန်ဒရို မာတီးနက်ကို ချန်လှပ်ထားခဲ့ပြီး

ခရစ်ရှန် ရိုမဲရိုး နှင့် အော်တာမန်ဒီအတွဲကို အသုံးပြုခဲ့ပါတယ်။

အာဂျင်တီးနားအသင်း ခွင့်ပြုခဲ့ရတဲ့ ပထမဂိုးမှာ ရိုမဲရိုးအနေနဲ့

ဒီထက်ပိုပြီး လုပ်ပြနိုင်ခဲ့သင့်ပါတယ်။ ( ၂-၁ ) ရလာဒ်ထွက်ပေါ်

နေချိန်မှာတော့ ရိုမဲရိုးအစား မာတီးနက်နဲ့ လူစားလဲခဲ့ပါတယ်။

လက်ရှိမှာ‌တော့ နာမည်ကြီး အာဂျင်တီးနား အားကစား သတင်းစာဖြစ်တဲ့

Diario Olé ရဲ့ အဆိုအရ အာဂျင်တီးနား နှင့် မက္ကဆီကို ပွဲစဉ်မှာ

ခရစ်ရှန် ရိုမဲရိုးအစား လီဆန်ဒရို မာတီးနက်ကို အသုံးပြုလာနိုင်တယ်လို့ ဆိုထားပါတယ်။

zawgyi

ကမာၻ ့ဖလားမွာ အရံခုံပုိ႔ထားဖုိ႔မျဖစ္ႏုိင္တဲ့ အာဂ်င္တုိင္းသားသတ္သမားႀကီး

( ၂၀၂၂ ) ကာတာကမာၻ႔ဖလားပြဲစဥ္ေတြ စတင္က်င္းပေနၿပီျဖစ္ၿပီး

အသင္းႀကီး အခ်ိဳ႕က ဂိုးျပတ္ႏိုင္ပြဲေတြ ရေနေပမယ့္ အခ်ိဳ႕ကေတာ့

ထင္မွတ္မထားတဲ့ ရႈံးပြဲေတြ ႀကဳံေတြ႕ေနတာေတြ႕ရပါတယ္။

ဂ်ာမနီအသင္းဟာ မေန႔တုန္းက ဂ်ပန္ကို ( ၂-၁ ) ရလာဒ္နဲ႔

အေရးနိမ့္ခဲ့သလို ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့ လီယြန္နယ္ မက္ဆီရဲ႕

အာဂ်င္တီးနားအသင္းကလည္း ေဆာ္ဒီ အာေရဗ်ကို ( ၂-၁ ) ရလာဒ္နဲ႔ပဲ

အေရးနိမ့္ခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔အေနနဲ႔ ေနာက္တစ္ဆင့္

တက္ေရာက္ႏိုင္ဖို႔ လက္က်န္ ( ၂ ) ပြဲစလုံး အႏိုင္ရဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ေဆာ္ဒီနဲ႔ပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္

ဗဟိုေနာက္ခံလူ လီဆန္ဒ႐ို မာတီးနက္ကို ခ်န္လွပ္ထားခဲ့ၿပီး

ခရစ္ရွန္ ႐ိုမဲ႐ိုး ႏွင့္ ေအာ္တာမန္ဒီအတြဲကို အသုံးျပဳခဲ့ပါတယ္။

အာဂ်င္တီးနားအသင္း ခြင့္ျပဳခဲ့ရတဲ့ ပထမဂိုးမွာ ႐ိုမဲ႐ိုးအေနနဲ႔

ဒီထက္ပိုၿပီး လုပ္ျပႏိုင္ခဲ့သင့္ပါတယ္။ ( ၂-၁ ) ရလာဒ္ထြက္ေပၚ

ေနခ်ိန္မွာေတာ့ ႐ိုမဲ႐ိုးအစား မာတီးနက္နဲ႔ လူစားလဲခဲ့ပါတယ္။

လက္ရွိမွာ‌ေတာ့ နာမည္ႀကီး အာဂ်င္တီးနား အားကစား သတင္းစာျဖစ္တဲ့

Diario Olé ရဲ႕ အဆိုအရ အာဂ်င္တီးနား ႏွင့္ မကၠဆီကို ပြဲစဥ္မွာ

ခရစ္ရွန္ ႐ိုမဲ႐ိုးအစား လီဆန္ဒ႐ို မာတီးနက္ကို အသုံးျပဳလာႏိုင္တယ္လို႔ ဆိုထားပါတယ္။