ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဂါနာကိုအနိုင်ရရှိတဲ့

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ကမ္ဘာ့ဖလား

ငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

မကြာသေးမီတုန်းကမန်ချက်စတာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်း

ခံခဲ့ရတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကဂါနာကိုအနိုင်ရတဲ့ပွဲတွင်

ပေါ်တူဂီအသင်းကိုဦးဆောင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ

ပထမပိုင်းတွင်ဂိုးသွင်းယူခဲ့ပေမဲ့လူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့လည်း

ဒုတိယပိုင်းမှာတော့ဂါနာနောက်ခံလူတစ်ဦးကသူ့ကိုကြမ်းတမ်းစွာ

ဖျက်ထုတ်မှုကြောင့်ရရှိတဲ့ပင်နယ်တီကနေ ပွဲချိန်၆၅မိနစ်မှာ

ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအတွက်

ဦးဆောင်ဂိုးသွင်းယူပြီးနောက် သူ့ရဲ့နာမည်ကျော် SIUU ဂိုးသွင်း

အောင်ပွဲခံမှုဖြင့်အောင်ပွဲခံခဲ့ပါတယ်။ ယင်းဂိုးဟာယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလွန်ခဲ့တဲ့၁၆နှစ်တုန်းကဂျာမနီကမ္ဘာ့ဖလား

ပြိုင်ပွဲတွင်အီရန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ကမ္ဘာ့ဖလား၅ကြိမ်လုံး

ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မနေ့ညတုန်းကပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုက

ပေါ်တူဂီအတွက်ဦးဆောင်ဂိုးသွင်းယူပြီးနောက်အင်ဒရေအယောက၇၃မိနစ်မှာ

ဂါနာအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ ဒါပေမဲ့ချက်ချင်းဆိုသလိုဖီးလစ်က

မိနစ်အနည်းငယ်အကြာမှာပေါ်တူဂီအတွက်ဦးဆောင်ဂိုးထပ်သွင်းခဲ့သလို

ရာဖေးလ်လီယိုကသူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားဂိုးအဖြစ်တတိယဂိုးသွင်းခဲ့ပါတယ်။

ဂါနာအတွက်ဒုတိယချေပဂိုးကိုပွဲပြီးခါနီးမှာဘူကီရီက သွင်းယူခဲ့ပါတယ်။

ဘူကီရီဟာဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့

SIUU အောင်ပွဲခံမှုဖြင့်အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို

ခရစ္စတီယာနိုရော်နယ်ဒိုကဆွတ်ခူးသွားခဲ့ပါတယ်။

zawgyi

ကမာၻ ့ဖလား ၅ ႀကိမ္ဆက္ ဂုိးသြင္းယူႏုိင္တဲ့ ပထမဆုံးကစားသမားျဖစ္လာတဲ့ ခရစၥတီယာႏုိ ေရာ္နယ္ဒုိ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဂါနာကိုအႏိုင္ရရွိတဲ့

ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကမာၻ႔ဖလား

ငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။

မၾကာေသးမီတုန္းကမန္ခ်က္စတာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္း

ခံခဲ့ရတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကဂါနာကိုအႏိုင္ရတဲ့ပြဲတြင္

ေပၚတူဂီအသင္းကိုဦးေဆာင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ

ပထမပိုင္းတြင္ဂိုးသြင္းယူခဲ့ေပမဲ့လူကြၽံေဘာအျဖစ္သတ္မွတ္ခံခဲ့ရေပမဲ့လည္း

ဒုတိယပိုင္းမွာေတာ့ဂါနာေနာက္ခံလူတစ္ဦးကသူ႔ကိုၾကမ္းတမ္းစြာ

ဖ်က္ထုတ္မႈေၾကာင့္ရရွိတဲ့ပင္နယ္တီကေန ပြဲခ်ိန္၆၅မိနစ္မွာ

ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအတြက္

ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္ သူ႔ရဲ႕နာမည္ေက်ာ္ SIUU ဂိုးသြင္း

ေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။ ယင္းဂိုးဟာယခုကမာၻ႔ဖလားၿပိဳင္ပြဲတြင္

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပထမဆုံးဂိုးလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလြန္ခဲ့တဲ့၁၆ႏွစ္တုန္းကဂ်ာမနီကမာၻ႔ဖလား

ၿပိဳင္ပြဲတြင္အီရန္ႏွင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ကမာၻ႔ဖလား၅ႀကိမ္လုံး

ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ မေန႔ညတုန္းကပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုက

ေပၚတူဂီအတြက္ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္အင္ဒေရအေယာက၇၃မိနစ္မွာ

ဂါနာအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ ဒါေပမဲ့ခ်က္ခ်င္းဆိုသလိုဖီးလစ္က

မိနစ္အနည္းငယ္အၾကာမွာေပၚတူဂီအတြက္ဦးေဆာင္ဂိုးထပ္သြင္းခဲ့သလို

ရာေဖးလ္လီယိုကသူ႔ရဲ႕ပထမဆုံးကမာၻ႔ဖလားဂိုးအျဖစ္တတိယဂိုးသြင္းခဲ့ပါတယ္။

ဂါနာအတြက္ဒုတိယေခ်ပဂိုးကိုပြဲၿပီးခါနီးမွာဘူကီရီက သြင္းယူခဲ့ပါတယ္။

ဘူကီရီဟာဂိုးသြင္းယူၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕

SIUU ေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။

အဆိုပါပြဲစဥ္တြင္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကို

ခရစၥတီယာႏိုေရာ္နယ္ဒိုကဆြတ္ခူးသြားခဲ့ပါတယ္။