M Diary Channel

Local and Sport News

ကလပ်အသင်းတော်တော်များများက အငှားခေါ်ယူဖို့ ပစ်မှတ်ထားခံနေရတဲ့ သရဲနီကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့်ကစားသမား ဒီယာလိုကို

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလကျရင် အငှားနဲ့ခေါ်ယူဖို့အတွက်

ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဒီယာလိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ

အသင်းအတွက်တစ်ပွဲမှမကစားရသေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက

ယန်းဘွိုင်းစ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဒီရာသီယူနိုက်တက်အသင်းအတွက်

ပထမဆုံးအဖြစ်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အခု ဥရောပကလပ်

အသင်းတွေက ဒီယာလိုကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ဆန္ဒရှိနေကြပြီး

ယူနိုက်တက်အသင်းကလည်း ဒီယာလို အခုထက်ပွဲထွက်ခွင့်ပိုရအောင်

အငှားချဖို့စီစဉ်နေတာပါ။ အီတလီနာမည်ကျော်အားကစားဂျာနယ်လစ်ဖြစ်တဲ့

ဖာဘရီဇီယိုရိုမာနိုက ‘ဇန်နဝါရီကျရင် ဒီယာလိုကို အငှားနဲ့ခေါ်ယူဖို့

ကလပ်အသင်းတွေဟာ ယူနိုက်တက်အသင်းဆီ ချိတ်ဆက်မှုပြုလုပ်နေပါတယ်။

ဒီယာလိုကို ဖီယင်နုအသင်းက ပြီးခဲ့တဲ့နွေရာသီကတည်းက ခေါ်ယူနိုင်ဖို့

ကြိုးပမ်းခဲ့ဖူးပါတယ်’လို့ သူ့ Twitter မှာ ရေးသားခဲ့ပါတယ်။

နယ်သာလန်နာမည်ကျော်ကလပ် ဖီယင်နုအသင်းဟာ နွေရာသီ

အပြောင်းအရွှေ့တုန်းက ဒီယာလိုကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု

ရခဲ့ပေမယ့် ဒီယာလိုရဲ့ဒဏ်ရာပြဿနာကြောင့် အပြောင်းအရွှေ့က

မဖြစ်မြောက်ခဲ့ပါဘူး။

zawgyi

ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက အငွားေခၚယူဖို႔ ပစ္မွတ္ထားခံေနရတဲ့ သရဲနီၾကယ္ပြင့္

မန္ခ်က္စတာယူႏိုက္တက္လူငယ္ၾကယ္ပြင့္ကစားသမား ဒီယာလိုကို

လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလက်ရင္ အငွားနဲ႔ေခၚယူဖို႔အတြက္

ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဒီယာလိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာ

အသင္းအတြက္တစ္ပြဲမွမကစားရေသးဘဲ ၿပီးခဲ့တဲ့ရက္ပိုင္းက

ယန္းဘြိဳင္းစ္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ဒီရာသီယူႏိုက္တက္အသင္းအတြက္

ပထမဆုံးအျဖစ္ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။ အခု ဥေရာပကလပ္

အသင္းေတြက ဒီယာလိုကို အငွားစာခ်ဳပ္နဲ႔ေခၚယူဖို႔ဆႏၵရွိေနၾကၿပီး

ယူႏိုက္တက္အသင္းကလည္း ဒီယာလို အခုထက္ပြဲထြက္ခြင့္ပိုရေအာင္

အငွားခ်ဖို႔စီစဥ္ေနတာပါ။ အီတလီနာမည္ေက်ာ္အားကစားဂ်ာနယ္လစ္ျဖစ္တဲ့

ဖာဘရီဇီယို႐ိုမာႏိုက ‘ဇန္နဝါရီက်ရင္ ဒီယာလိုကို အငွားနဲ႔ေခၚယူဖို႔

ကလပ္အသင္းေတြဟာ ယူႏိုက္တက္အသင္းဆီ ခ်ိတ္ဆက္မႈျပဳလုပ္ေနပါတယ္။

ဒီယာလိုကို ဖီယင္ႏုအသင္းက ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ေခၚယူႏိုင္ဖို႔

ႀကိဳးပမ္းခဲ့ဖူးပါတယ္’လို႔ သူ႔ Twitter မွာ ေရးသားခဲ့ပါတယ္။

နယ္သာလန္နာမည္ေက်ာ္ကလပ္ ဖီယင္ႏုအသင္းဟာ ေႏြရာသီ

အေျပာင္းအေ႐ႊ႕တုန္းက ဒီယာလိုကို အငွားနဲ႔ေခၚယူဖို႔ သေဘာတူညီမႈ

ရခဲ့ေပမယ့္ ဒီယာလိုရဲ႕ဒဏ္ရာျပႆနာေၾကာင့္ အေျပာင္းအေ႐ႊ႕က

မျဖစ္ေျမာက္ခဲ့ပါဘူး။mdiarymm

mdiarymm