M Diary Channel

Local and Sport News

ကလော့ပ်ထက် ရလဒ်ကောင်းလည်း ပရိသတ်တွေကတော့ ဆိုးလ်ရှားကို ထုတ်ပယ်ခိုင်းနေပြီ

အိုလီဂန်းနားဆိုးလ်ရှားဟာတူညီတဲ့ပွဲအရေအတွက်တွင် ကလော့ပ်ရဲ့လီဗာပူး

စွမ်းဆောင်ရည်ထက်သာလွန်ကောင်းမွန်နေကြောင်းသိရပါတယ်။

ဒါပေမယ့်မန်ယူပရိသတ်၈၅ရာခိုင်နှုန်းတို့ကနော်ဝေလူမျိုးနည်းပြကိုရာထူးမှ

ထုတ်ပယ်သင့်တယ်လို့ယုံကြည်နေကြပါတယ်။

ဆိုးလ်ရှားဟာနောက်ဆုံးယှဉ်ပြိုင်ကစားတဲ့ငါးပွဲမှာနိုင်ပွဲတစ်ပွဲတည်းသာရရှိမှုနဲ့အတူ

ဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်ဆိုးလ်ရှားဟာအန်ဖီးလ်တွင်ပရိသတ်

ချစ်ခင်မှုရရှိနေတဲ့ကလော့ပ်ရဲ့လီဗာပူးမှတ်တမ်းထက်ကောင်းမွန်နေပါတယ်။

ဆိုးလ်ရှားဟာမန်ယူအား၁၆၂ပွဲကိုင်တွယ်ထားရာမှာ၈၉ပွဲအနိုင်ရရှိထားပါတယ်။

ဆိုးလ်ရှားဟာလီဗာပူးကိုကလော့ပ်၁၆၂ပွဲကိုင်တွယ်စဉ်တုန်းကထက်

နိုင်ပွဲတစ်ပွဲပိုမိုရရှိထားပါသေးတယ်။ ဆိုးလ်ရှားဟာသရေ၃၆ပွဲသာကျပြီး၃၇ပွဲ

ရှုံးနိမ့်ထားပါတယ်။ကလော့ပ်ကတော့၁၆၂ပွဲမှာ၈၈ပွဲနိုင်ပြီး၄၄ပွဲအထိသရေကျကာ

ပွဲ၃၀တည်းသာရှုံးထားပါတယ်။ အိုလီဂန်းနားဆိုးလ်ရှားနှင့်ဂျာဂင်ကလော့ပ်တို့ဟာ

လာမယ့်တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ်မှာထိပ်တိုက်တွေ့ကြပါမယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကတော့စတင်ကိုင်တွယ်တဲ့၁၆၂ပွဲမှာ၁၁၆ပွဲအထိ

နိုင်ပွဲရရှိထားပါတယ်။စပိန်လူမျိုးနည်းပြဟာ၂၂ပွဲတည်းသာရှုံးနိမ့်ထားတဲ့အပြင်

၂၄ပွဲတည်းသာသရေကျထားပါတယ်။ဒါကြောင့်လည်းဂွါဒီယိုလာရဲ့စွမ်းဆောင်ရည်က

ကလော့ပ်နှင့်ဆိုးလ်ရှားတို့ထက်သာလွန်နေပါတယ်။

တစ်ဖက်တွင် ဗြိတိန်ထိပ်သီးသတင်းစာ The Sun ဟာမန်ယူပရိသတ်များအား

ဆိုးလ်ရှားကို ထုတ်သင့်/မထုတ်သင့် စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ရာမှာ

ပရိသတ်၈၅ရာခိုင်နှုန်းတို့ကထုတ်ပယ်သင့်ပြီလို့ဖြေကြားခဲ့ကြပါတယ်။

ဒါပေမယ့်မန်ယူဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားလက်ထက် မန်ယူရဲ့တိုးတက်မှုများ

အပေါ်ကျေနပ်နေပြီး၎င်းတို့ရေးဆွဲထားတဲ့စီမံကိန်းကိုဆက်လက်

အကောင်အထည်ဖော်ရန်စီစဉ်ထားပါတယ်။

zawgyi

ကေလာ့ပ္ထက္ ရလဒ္ေကာင္းလည္း ပရိသတ္ေတြကေတာ့ ဆိုးလ္ရွားကို ထုတ္ပယ္ခိုင္းေနၿပီ

အိုလီဂန္းနားဆိုးလ္ရွားဟာတူညီတဲ့ပြဲအေရအတြက္တြင္ ကေလာ့ပ္ရဲ႕လီဗာပူ

းစြမ္းေဆာင္ရည္ထက္သာလြန္ေကာင္းမြန္ေနေၾကာင္းသိရပါတယ္။

ဒါေပမယ့္မန္ယူပရိသတ္၈၅ရာခိုင္ႏႈန္းတို႔ကေနာ္ေဝလူမ်ိဳးနည္းျပကိုရာထူးမွ

ထုတ္ပယ္သင့္တယ္လို႔ယုံၾကည္ေနၾကပါတယ္။

ဆိုးလ္ရွားဟာေနာက္ဆုံးယွဥ္ၿပိဳင္ကစားတဲ့ငါးပြဲမွာႏိုင္ပြဲတစ္ပြဲတည္းသာရရွိမႈနဲ႔အတူ

ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။ ဒါေပမယ့္ဆိုးလ္ရွားဟာအန္ဖီးလ္တြင္ပရိသတ္

ခ်စ္ခင္မႈရရွိေနတဲ့ကေလာ့ပ္ရဲ႕လီဗာပူးမွတ္တမ္းထက္ေကာင္းမြန္ေနပါတယ္။

ဆိုးလ္ရွားဟာမန္ယူအား၁၆၂ပြဲကိုင္တြယ္ထားရာမွာ၈၉ပြဲအႏိုင္ရရွိထားပါတယ္။

ဆိုးလ္ရွားဟာလီဗာပူးကိုကေလာ့ပ္၁၆၂ပြဲကိုင္တြယ္စဥ္တုန္းကထက္

ႏိုင္ပြဲတစ္ပြဲပိုမိုရရွိထားပါေသးတယ္။ ဆိုးလ္ရွားဟာသေရ၃၆ပြဲသာက်ၿပီး၃၇ပြဲ

ရႈံးနိမ့္ထားပါတယ္။ကေလာ့ပ္ကေတာ့၁၆၂ပြဲမွာ၈၈ပြဲႏိုင္ၿပီး၄၄ပြဲအထိသေရက်ကာ

ပြဲ၃၀တည္းသာရႈံးထားပါတယ္။ အိုလီဂန္းနားဆိုးလ္ရွားႏွင့္ဂ်ာဂင္ကေလာ့ပ္တို႔ဟာ

လာမယ့္တနဂၤေႏြေန႔မွာ အိုးထရက္ဖို႔ဒ္မွာထိပ္တိုက္ေတြ႕ၾကပါမယ္။

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကေတာ့စတင္ကိုင္တြယ္တဲ့၁၆၂ပြဲမွာ၁၁၆ပြဲအထိ

ႏိုင္ပြဲရရွိထားပါတယ္။စပိန္လူမ်ိဳးနည္းျပဟာ၂၂ပြဲတည္းသာရႈံးနိမ့္ထားတဲ့အျပင္

၂၄ပြဲတည္းသာသေရက်ထားပါတယ္။ဒါေၾကာင့္လည္းဂြါဒီယိုလာရဲ႕စြမ္းေဆာင္ရည္က

ကေလာ့ပ္ႏွင့္ဆိုးလ္ရွားတို႔ထက္သာလြန္ေနပါတယ္။

တစ္ဖက္တြင္ ၿဗိတိန္ထိပ္သီးသတင္းစာ The Sun ဟာမန္ယူပရိသတ္မ်ားအား

ဆိုးလ္ရွားကို ထုတ္သင့္/မထုတ္သင့္ စစ္တမ္းေကာက္ယူမႈျပဳလုပ္ခဲ့ရာမွာ

ပရိသတ္၈၅ရာခိုင္ႏႈန္းတို႔ကထုတ္ပယ္သင့္ၿပီလို႔ေျဖၾကားခဲ့ၾကပါတယ္။

ဒါေပမယ့္မန္ယူဘုတ္အဖြဲ႕ဝင္မ်ားဟာဆိုးလ္ရွားလက္ထက္ မန္ယူရဲ႕တိုးတက္မႈမ်ား

အေပၚေက်နပ္ေနၿပီး၎တို႔ေရးဆြဲထားတဲ့စီမံကိန္းကိုဆက္လက္

အေကာင္အထည္ေဖာ္ရန္စီစဥ္ထားပါတယ္။mdiarymm

mdiarymm