
ကာတာပြိုင်ပွဲစခင်ကတည်းက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး
ကစားနှစ်ယောက်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်မယ်ဆိုတာ
ပရိသတ်တွေက သိထားကြပြီးသားပါ။ နှစ်ယောက်စလုံးကလည်း သူတို့ရဲ့
ကြီးကျယ်ခမ်းနားခဲ့တဲ့ ကစားသမားဘဝမှာ မရဖူးတာဆိုလို့ ဒီကမ္ဘာ့ဖလား
အောင်မြင်မှုသာ ရှိပါတော့တယ်။ အခုဆို မက်ဆီရဲ့အာဂျင်တီးနားရော
စီရော်နယ်ဒိုရဲ့ပေါ်တူဂီပါ ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့ကြပါပြီ။
သူတို့နှစ်ယောက်စလုံးဟာ နောက်ထပ် ၂ ပွဲစီနိုင်တာနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ
တက်ရောက်နိုင်တော့မှာပါ။ တစ်နည်းအားဖြင့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ
သူတို့မရဖူးသေးတဲ့ အကြီးကျယ်ဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ဖို့
နီးစပ်သထက်နီးစပ်နေပါပြီ။ တကယ်လို့ သူတို့နှစ်ယောက်သာ
ထိပ်တိုက်ရင်ဆိုင်ရမယ်ဆို ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး
ပွဲတွေထဲက တစ်ပွဲအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
ဖြစ်ချင်တော့ အာဂျင်တီးနားနဲ့ပေါ်တူဂီတို့ဟာ ပြိုင်ပွဲလမ်းကြောင်းမှာ
တစ်ဖက်တစ်ချက်စီဆိုတော့ ဗိုလ်လုပွဲရောက်မှ ဆုံတွေ့နိုင်မယ့်အနေအထားပါ။
ကွာတားမှာ အာဂျင်တီးနားက နယ်သာလန်ကို ရင်ဆိုင်ရမှာဖြစ်ပြီး
ပေါ်တူဂီကတော့ မော်ရိုကိုနဲ့ကန်ရမှာ ဖြစ်ပါတယ်။
တကယ်လို့ မက်ဆီတို့ ကျော်လွှားနိုင်မယ်ဆို ဆီမီးမှာ ဘရာဇီးနဲ့
ခရိုအေးရှားတို့ပွဲက နိုင်တဲ့အသင်းနဲ့ကန်ရမှာပါ။ စီရော်နယ်ဒိုတို့ကလည်း
မော်ရိုကိုကို နောက်ကောက်ချနိုင်ရင် ဆီမီးမှာ အင်္ဂလန်နဲ့ပြင်သစ်
နှစ်သင်းထဲက တစ်သင်းသင်းနဲ့တွေ့ရမှာပါ။ ဆီမီးအတားအဆီးကိုလည်း
သူတို့ကျော်ဖြတ်နိုင်ရင် GOAT နှစ်ယောက်ရဲ့အကြီးကျယ်ဆုံး
ဗိုလ်လုပွဲဖြစ်လာဖို့ ရှိပါတယ်။ အသင်းတွေရဲ့စွမ်းဆောင်ရည်ကို
တွက်ချက်ခန့်မှန်းတဲ့ ဘောလုံးအချက်အလက်ကုမ္ပဏီတစ်ခုကတော့
၁၆ သင်းအဆင့်ပွဲတွေအပြီး ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ဖြစ်နိုင်ဖွယ်အရှိဆုံး
ဗိုလ်လုပွဲ ၆ ခုကို ဖော်ပြထားပြီး အဲဒီမှာ ၉.၄ နဲ့ စတုတ္ထဖြစ်နိုင်ခြေ
ရာခိုင်နှုန်းအများဆုံးက အာဂျင်တီးနားနဲ့ပေါ်တူဂီတို့တွေ့မယ့်ဗိုလ်လုပွဲပါ။
zawgyi
ကာတာကမာၻ႔ဖလား ဗုိလ္လုပြဲက GOAT ႏွစ္ဦး ထိပ္တိုက္ေတြ႕မယ့္ပြဲ ျဖစ္လာႏိုင္မလား
ကာတာၿပိဳင္ပြဲစခင္ကတည္းက သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံး
ကစားႏွစ္ေယာက္ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားျဖစ္မယ္ဆိုတာ
ပရိသတ္ေတြက သိထားၾကၿပီးသားပါ။ ႏွစ္ေယာက္စလုံးကလည္း သူတို႔ရဲ႕
ႀကီးက်ယ္ခမ္းနားခဲ့တဲ့ ကစားသမားဘဝမွာ မရဖူးတာဆိုလို႔ ဒီကမာၻ႔ဖလား
ေအာင္ျမင္မႈသာ ရွိပါေတာ့တယ္။ အခုဆို မက္ဆီရဲ႕အာဂ်င္တီးနားေရာ
စီေရာ္နယ္ဒိုရဲ႕ေပၚတူဂီပါ ကြာတားဖိုင္နယ္ကို တက္ေရာက္လာခဲ့ၾကပါၿပီ။
သူတို႔ႏွစ္ေယာက္စလုံးဟာ ေနာက္ထပ္ ၂ ပြဲစီႏိုင္တာနဲ႔ ကမာၻ႔ဖလားဗိုလ္လုပြဲဆီ
တက္ေရာက္ႏိုင္ေတာ့မွာပါ။ တစ္နည္းအားျဖင့္ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ
သူတို႔မရဖူးေသးတဲ့ အႀကီးက်ယ္ဆုံးဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔
နီးစပ္သထက္နီးစပ္ေနပါၿပီ။ တကယ္လို႔ သူတို႔ႏွစ္ေယာက္သာ
ထိပ္တိုက္ရင္ဆိုင္ရမယ္ဆို ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံး
ပြဲေတြထဲက တစ္ပြဲအျဖစ္ မွတ္တမ္းဝင္သြားမွာ ျဖစ္ပါတယ္။
ျဖစ္ခ်င္ေတာ့ အာဂ်င္တီးနားနဲ႔ေပၚတူဂီတို႔ဟာ ၿပိဳင္ပြဲလမ္းေၾကာင္းမွာ
တစ္ဖက္တစ္ခ်က္စီဆိုေတာ့ ဗိုလ္လုပြဲေရာက္မွ ဆုံေတြ႕ႏိုင္မယ့္အေနအထားပါ။
ကြာတားမွာ အာဂ်င္တီးနားက နယ္သာလန္ကို ရင္ဆိုင္ရမွာျဖစ္ၿပီး
ေပၚတူဂီကေတာ့ ေမာ္႐ိုကိုနဲ႔ကန္ရမွာ ျဖစ္ပါတယ္။
တကယ္လို႔ မက္ဆီတို႔ ေက်ာ္လႊားႏိုင္မယ္ဆို ဆီမီးမွာ ဘရာဇီးနဲ႔
ခ႐ိုေအးရွားတို႔ပြဲက ႏိုင္တဲ့အသင္းနဲ႔ကန္ရမွာပါ။ စီေရာ္နယ္ဒိုတို႔ကလည္း
ေမာ္႐ိုကိုကို ေနာက္ေကာက္ခ်ႏိုင္ရင္ ဆီမီးမွာ အဂၤလန္နဲ႔ျပင္သစ္
ႏွစ္သင္းထဲက တစ္သင္းသင္းနဲ႔ေတြ႕ရမွာပါ။ ဆီမီးအတားအဆီးကိုလည္း
သူတို႔ေက်ာ္ျဖတ္ႏိုင္ရင္ GOAT ႏွစ္ေယာက္ရဲ႕အႀကီးက်ယ္ဆုံး
ဗိုလ္လုပြဲျဖစ္လာဖို႔ ရွိပါတယ္။ အသင္းေတြရဲ႕စြမ္းေဆာင္ရည္ကို
တြက္ခ်က္ခန႔္မွန္းတဲ့ ေဘာလုံးအခ်က္အလက္ကုမၸဏီတစ္ခုကေတာ့
၁၆ သင္းအဆင့္ပြဲေတြအၿပီး ၂၀၂၂ ကမာၻ႔ဖလားရဲ႕ျဖစ္ႏိုင္ဖြယ္အရွိဆုံး
ဗိုလ္လုပြဲ ၆ ခုကို ေဖာ္ျပထားၿပီး အဲဒီမွာ ၉.၄ နဲ႔ စတုတၳျဖစ္ႏိုင္ေျခ
ရာခိုင္ႏႈန္းအမ်ားဆုံးက အာဂ်င္တီးနားနဲ႔ေပၚတူဂီတို႔ေတြ႕မယ့္ဗိုလ္လုပြဲပါ။