မန်ချက်စတာယူနိုက်တက်နောက်ခံလူတွမ်ဇီဘီဟာ Gym ကစားနေတဲ့ပုံကို
သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Post တင်ခဲ့ပြီး သူ့ခန္ဓာကိုယ်က
မယုံနိုင်လောက်အောင် ကျစ်လစ်နေတဲ့အတွက် ပရိသတ်တွေတောင်
အံ့အားတကြီးဖြစ်နေကြပါတယ်။ တွမ်ဇီဘီရဲ့ခန္ဓာကိုယ်ဟာ
6 Packs တွေနဲ့အတူ ကျစ်လျစ်သန်မာနေတာကြောင့် ယူနိုက်တက်
ပရိသတ်တွေက အံ့သြချီးမွမ်းနေကြပြီး ပရိသတ်တစ်ဦးက လာမယ့်
ရာသီကျရင် တွမ်ဇီဘီကို စီနီယာအသင်းမှာ နေရာတစ်ခုပေးဖို့
တောင်းဆိုခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေက ‘တွမ်ဇီဘီရဲ့ခန္ဓာကိုယ်
အချိုးအစားကတော့ တကယ့်အမိုက်စားပဲ’၊ ‘ယူနိုက်တက်ပရိသတ်တွေရဲ့
ကိုယ်စားပြောချင်တာက တွမ်ဇီဘီကို နောက်ထပ်အခွင့်အရေး
ပေးသင့်ပါတယ်’လို့ အွန်လိုင်းပေါ်မှာ ရေးသားခဲ့ကြပါတယ်။
အခုလောလောဆယ် ယူနိုက်တက်နည်းပြသစ်အဲရစ်တန်ဟက်က
နောက်ခံလူတစ်ဦးခေါ်ယူဖို့စီစဉ်နေတာကြောင့် ကစားသမားသစ်
ခေါ်မယ့်အစား တွမ်ဇီဘီကို နေရာပေးဖို့ ယူနိုက်တက်ပရိသတ်တွေက
တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။
zawgyi
ကျစ်လျစ်သန်မာတဲ့ခန္ဓာကိုယ်နဲ့အတူ နည်းပြသစ်လက်အောက်မှာ နေရာတစ်ခုရယူမယ့် သရဲနီနောက်ခံလူ