M Diary Channel

Local and Sport News

ကြာသပတေးနေ့ည နောက်ဆုံးရ ယူနိုက်တက်သတင်းများ

(၁) ရော်နာလ်ဒို ပြန်လည်ရောက်ရှိလာမှုနဲ့အတူ ပေါ့ဘာဟာ အသင်းမှာ

ပျော်ရွှင်မှုရှိနေပြီး စာချုပ်သစ် ကိစ္စမှာ ၎င်းရဲ့ ကစားသမားဘဝ အရေးကြီးဆုံးအချိန်မှာ

ဆုံးဖြတ်ရမယ့် အခြေအနေဖြစ်တာကြောင့်သာ ကြန့်ကြာနေခြင်းသာဖြစ်ဟုသိရ

(၂) မန်ယူအသင်းဟာ ခံစစ်ပိုင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာအခြေအနေနဲ့

ရင်ဆိုင်နေရပေမယ့် အက်စတွန်ဗီလာအသင်းထံ အငှားချထားတဲ့ နောက်ခံလူ

တွမ်ဇီဘီကို အလျင်စလို ပြန်လည်ခေါ်ယူမှာဖြစ်

(၃) မန်ယူကစားသမားဘဝရဲ့ နောက်ဆုံးနှစ်အပိုင်းအခြားဟာ နာကျင်စရာတွေနဲ့

ပြည့်နှက်ခဲ့ရဟု မန်ယူအသင်းမှ ထွက်ခွာသွားပြီဖြစ်တဲ့ ဂိုးသမား ရိုမဲယိုးဖွင့်ဟ

(၄) ပရီးမီးယားလိဂ်ရဲ့ အထူး အစီအစဥ်ကြောင့် ဖရက်ဒ် နဲ့ ကာဗာနီတို့ဟာ

လက်စတာအသင်းနဲ့ ပွဲမတိုင်မီ မန်ယူအသင်းထံ ပြန်လည်ပူးပေါင်းနိုင်ဖွယ်ရှိနေ

(၅) မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖြစ်ပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့

ခေါ်ယူလို့ ရနိုင်မယ့်အချက်ကြောင့် လင်ဂတ်ကို ဘာစီလိုနာ နဲ့ အေစီမီလန် အသင်းတို့ မျက်စိကျနေ

(၆) ဆွီဒင် U-21 အသင်းနဲ့ အီတလီ U-21 အသင်း တို့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဥ်မှာ

မန်ယူလူငယ်ကစားသမား အီလန်ဂါဟာ လူမျိုးရေးခွဲခြားလှောင်ပြောင်ခံခဲ့ရပြီး

အဆိုပါ အခြေအနေနဲ့ ပတ်သက်လို့ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ

တိုင်ကြားစာပေးပို့ထား

zawgyi

















တိုင်ကြားစာပေးပို့ထားmdiarymm

mdiarymm