ကြိုးကြာနီကင်သားကြောင့် ကတုန်ကယင်ဖြစ်တဲ့အထိ ပျော်ရွှင်ဝမ်းမြောက်ခဲ့တဲ့ တောင်ကိုရီးယားသားကြီး

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် တောင်ကိုရီးယားသားကြီး

ပက်ဂျီဆန်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တာ နှစ်အတော်ကြာပြီ

ဖြစ်ပေမယ့် သူက အခုအချိန်အထိ အသင်းဟောင်းကို ချစ်မြတ်နိုးအားပေးနေဆဲပါပဲ။

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပက်ဂျီဆန်ဟာ ယူနိုက်တက်အသင်းမှာ

၂၀၀၅ ကနေ ၂၀၁၂ အထိကစားခဲ့ပြီး ပရီးမီးယားလိဂ်(၄)ကြိမ်၊

ချန်ပီယံလိဂ်(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား(၁)ကြိမ်၊

ကွန်မြူနတီဒိုင်း(၄)ကြိမ်ဆွတ်ခူးခဲ့ပြီး အာရှဘောလုံးသမားတွေထဲမှာ

ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

‘Once A Red, Always A Red’ဆိုတဲ့စကားအတိုင်း ပက်ဂျီဆန်ဟာ

အခုအချိန်အထိ ယူနိုက်တက်အသင်းရဲ့ပွဲတွေကို အားပေးကြည့်ရှုနေဆဲဖြစ်ပြီး

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲတုန်းက အကြီးအကျယ်အောင်ပွဲခံခဲ့တာကြောင့်

သူ့ဇနီးသည်ဖြစ်သူ ကင်မင်ဂျီတောင် အထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ပြည်တွင်းရေဒီယိုဌာနတစ်ခုနဲ့ အင်တာဗျူးမှာ

ကင်မင်ဂျီက “ကလေးတွေကို ပြန်ပို့ပြီး ဓာတ်လှေကားထဲကအဝင်မှာ

သူ(ပက်ဂျီဆန်)က စိတ်အရမ်းလှုပ်ရှားနေတဲပုံနဲ့ တဟာ,ဟာ

တဟင်,ဟင်ဖြစ်နေပါတယ်။ သူ ဒီလောက်အထိ စိတ်လှုပ်ရှားတာကို

ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး။ အဲဒါကြောင့် ကျွန်မက အထိတ်တလန့်နဲ့

‘ဟဲ့..ဘာဖြစ်တာလဲ’လို့ မေးလိုက်တော့ သူက ‘ငါတို့(ယူနိုက်တက်အသင်း)

နိုင်သွားပြီကွ’ဆိုပြီး ထအော်တော့တာပါပဲ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ႀကိဳးၾကာနီကင္သားေၾကာင့္ ကတုန္ကယင္ျဖစ္တဲ့အထိ ေပ်ာ္ရႊင္၀မ္းေျမာက္ခဲ့တဲ့ ေတာင္ကုိရီးယားသားႀကီး

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေတာင္ကိုရီးယားသားႀကီး

ပက္ဂ်ီဆန္ဟာ ေဘာလုံးသမားဘဝကေန အနားယူခဲ့တာ ႏွစ္အေတာ္ၾကာၿပီ

ျဖစ္ေပမယ့္ သူက အခုအခ်ိန္အထိ အသင္းေဟာင္းကို ခ်စ္ျမတ္ႏိုးအားေပးေနဆဲပါပဲ။

အသက္(၄၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပက္ဂ်ီဆန္ဟာ ယူႏိုက္တက္အသင္းမွာ

၂၀၀၅ ကေန ၂၀၁၂ အထိကစားခဲ့ၿပီး ပရီးမီးယားလိဂ္(၄)ႀကိမ္၊

ခ်န္ပီယံလိဂ္(၁)ႀကိမ္၊ လိဂ္ဖလား(၃)ႀကိမ္၊ ဖီဖာကလပ္ကမာၻ႔ဖလား(၁)ႀကိမ္၊

ကြန္ျမဴနတီဒိုင္း(၄)ႀကိမ္ဆြတ္ခူးခဲ့ၿပီး အာရွေဘာလုံးသမားေတြထဲမွာ

ခ်န္ပီယံလိဂ္ဖလားရခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

‘Once A Red, Always A Red’ဆိုတဲ့စကားအတိုင္း ပက္ဂ်ီဆန္ဟာ

အခုအခ်ိန္အထိ ယူႏိုက္တက္အသင္းရဲ႕ပြဲေတြကို အားေပးၾကည့္ရႈေနဆဲျဖစ္ၿပီး

လီဗာပူးလ္ကို အႏိုင္ရခဲ့တဲ့ပြဲတုန္းက အႀကီးအက်ယ္ေအာင္ပြဲခံခဲ့တာေၾကာင့္

သူ႔ဇနီးသည္ျဖစ္သူ ကင္မင္ဂ်ီေတာင္ အထိတ္တလန႔္ျဖစ္ခဲ့ရပါတယ္။

အဲဒါနဲ႔ပတ္သက္ၿပီး ျပည္တြင္းေရဒီယိုဌာနတစ္ခုနဲ႔ အင္တာဗ်ဴးမွာ

ကင္မင္ဂ်ီက “ကေလးေတြကို ျပန္ပို႔ၿပီး ဓာတ္ေလွကားထဲကအဝင္မွာ

သူ(ပက္ဂ်ီဆန္)က စိတ္အရမ္းလႈပ္ရွားေနတဲပုံနဲ႔ တဟာ,ဟာ

တဟင္,ဟင္ျဖစ္ေနပါတယ္။ သူ ဒီေလာက္အထိ စိတ္လႈပ္ရွားတာကို

ကြၽန္မ တစ္ခါမွ မျမင္ဖူးပါဘူး။ အဲဒါေၾကာင့္ ကြၽန္မက အထိတ္တလန႔္နဲ႔

‘ဟဲ့..ဘာျဖစ္တာလဲ’လို႔ ေမးလိုက္ေတာ့ သူက ‘ငါတို႔(ယူႏိုက္တက္အသင္း)

ႏိုင္သြားၿပီကြ’ဆိုၿပီး ထေအာ္ေတာ့တာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။