M Diary Channel

Local and Sport News

ကွင်းလယ်လူတစ်ဦးမခေါ်ပေးခဲ့လို့ ယူနိုက်တက်ဘုတ်အဖွဲ့ကို မကျေမနပ်ဖြစ်နေတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ နွေရာသီကာလတုန်းက

ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ဆန္ဒရှိခဲ့ပေမယ့် တာဝန်ရှိသူတွေက သူ့ဆန္ဒကို

မဖြည့်ဆည်းပေးခဲ့တဲ့အတွက် အသင်းဘုတ်အဖွဲ့အပေါ် မကျေမနပ်ဖြစ်နေတယ်လို့

သတင်းထွက်နေပါတယ်။ ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့

ကာလအတွင်း စီရော်နယ်လ်ဒို၊ ဆန်ချို၊ ဗာရန်းစတဲ့ တိုက်စစ်နဲ့ခံစစ်အတွက်

ထိပ်တန်းကစားသမားတွေကိုခေါ်ယူအားဖြည့်ခဲ့ပေမယ့် လိုအပ်တဲ့ ကွင်းလယ်နေရာ

အတွက် ကစားသမားသစ်မခေါ်နိုင်ခဲ့ပါဘူး။ ဆိုးလ်ရှားဟာ ဝက်စ်ဟမ်းအသင်း

အတွက်ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဒီကလန်ရိုက်စ်ကို

ခေါ်ယူဖို့ဆန္ဒရှိခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းက သူတို့ကစားသမားအတွက်

ပေါင်သန်း(၁၀၀)အထိတောင်းဆိုခဲ့တာကြောင့် လက်လျှော့ခဲ့ရပြီး အဲဒီနောက်

ယူရို-၂၀၂ဝပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူခြေစွမ်းပြခဲ့တဲ့ လိဒ်စ်ကွင်းလယ်လူ

ကယ်လ်ဗင်ဖိလစ်ကို ပြောင်းလဲကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘဲ

အခုအချိန်မှာ ကယ်လ်ဗင်ဖိလစ်က လိဒ်စ်အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့

နီးစပ်နေပါပြီ။ ဒါ့အပြင် ရန်းစ်အသင်းရဲ့ပြင်သစ်လူငယ်ကွင်းလယ်လူကာမာဗင်ဂါကို

ကြိုးပမ်းမှုကလည်း မအောင်မြင်ခဲ့ဘဲ ကာမာဗင်ဂါဟာ ရီးယဲလ်အသင်းဆီ

ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂိုဟက်ဇ်ကာကိုလည်း မခေါ်ယူနိုင်

ခဲ့တာကြောင့် ဆိုးလ်ရှားဟာ အသင်းဘုတ်အဖွဲ့အပေါ် မကျေမနပ်ဖြစ်နေတာဖြစ်ပါတယ်။

zawgyi

ကြင္းလယ္လူတစ္ဦးမေခၚေပးခဲ့လို႔ ယူႏိုက္တက္ဘုတ္အဖြဲ႕ကို မေက်မနပ္ျဖစ္ေနတဲ့ ဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားဟာ ေႏြရာသီကာလတုန္းက

ကြင္းလယ္လူတစ္ဦးေခၚယူဖို႔ဆႏၵရွိခဲ့ေပမယ့္ တာဝန္ရွိသူေတြက သူ႔ဆႏၵကို

မျဖည့္ဆည္းေပးခဲ့တဲ့အတြက္ အသင္းဘုတ္အဖြဲ႕အေပၚ မေက်မနပ္ျဖစ္ေနတယ္လို႔

သတင္းထြက္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕

ကာလအတြင္း စီေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ ဗာရန္းစတဲ့ တိုက္စစ္နဲ႔ခံစစ္အတြက္

ထိပ္တန္းကစားသမားေတြကိုေခၚယူအားျဖည့္ခဲ့ေပမယ့္ လိုအပ္တဲ့ ကြင္းလယ္ေနရာ

အတြက္ ကစားသမားသစ္မေခၚႏိုင္ခဲ့ပါဘူး။ ဆိုးလ္ရွားဟာ ဝက္စ္ဟမ္းအသင္း

အတြက္ေျခစြမ္းျပကစားေနတဲ့ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူဒီကလန္႐ိုက္စ္ကို

ေခၚယူဖို႔ဆႏၵရွိခဲ့ေပမယ့္ ဝက္စ္ဟမ္းအသင္းက သူတို႔ကစားသမားအတြက္

ေပါင္သန္း(၁၀၀)အထိေတာင္းဆိုခဲ့တာေၾကာင့္ လက္ေလွ်ာ့ခဲ့ရၿပီး အဲဒီေနာက္

ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ အဂၤလန္အသင္းနဲ႔အတူေျခစြမ္းျပခဲ့တဲ့ လိဒ္စ္ကြင္းလယ္လူ

ကယ္လ္ဗင္ဖိလစ္ကို ေျပာင္းလဲႀကိဳးပမ္းခဲ့ေပမယ့္လည္း အဆင္မေျပခဲ့ဘဲ

အခုအခ်ိန္မွာ ကယ္လ္ဗင္ဖိလစ္က လိဒ္စ္အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔

နီးစပ္ေနပါၿပီ။ ဒါ့အျပင္ ရန္းစ္အသင္းရဲ႕ျပင္သစ္လူငယ္ကြင္းလယ္လူကာမာဗင္ဂါကို

ႀကိဳးပမ္းမႈကလည္း မေအာင္ျမင္ခဲ့ဘဲ ကာမာဗင္ဂါဟာ ရီးယဲလ္အသင္းဆီ

ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ဂိုဟက္ဇ္ကာကိုလည္း မေခၚယူႏိုင္

ခဲ့တာေၾကာင့္ ဆိုးလ္ရွားဟာ အသင္းဘုတ္အဖြဲ႕အေပၚ မေက်မနပ္ျဖစ္ေနတာျဖစ္ပါတယ္။mdiarymm

mdiarymm