
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူအီဗရာက
ကွန်တီကို နည်းပြသစ်အဖြစ်မခန့်အပ်နိုင်ခဲ့တဲ့အပေါ်
အခုအချိန်အထိ စိတ်ထိခိုက်ကြေကွဲနေရဆဲဖြစ်တယ်လို့
ဝန်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ဆိုးလ်ရှားကို ရာထူးက
ထုတ်ပယ်ခဲ့ချိန်မှာ ကွန်တီက နည်းပြသစ်ဖြစ်လာဖို့
ရေပန်းစားခဲ့ပေမယ့် လက်တွေ့မှာဖြစ်မလာဘဲ ယာယီနည်းပြအဖြစ်
ရန်နစ်ခ်ကို ရာသီကုန်အထိခန့်အပ်ခဲ့ရပါတယ်။
ကွန်တီဟာ စပါးအသင်းကိုရောက်ရှိခဲ့ပြီး ရာသီကုန်မှာ
အဆင့်(၄)အတွင်းဝင်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်
ယူနိုက်တက်အသင်းကတော့ စိတ်ပျက်စရာရလဒ်တွေနဲ့အတူ
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပါတယ်။ အီဗရာက “ကွန်တီကို
ယူနိုက်တက်တို့ နည်းပြမခန့်နိုင်ခဲ့တဲ့အပေါ် အခုအချိန်အထိ
ကျွန်တော်နာကျင်ခံစားနေရဆဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်တီ၊
ယာဂန်ကလော့ပ်၊ ဂွါဒီယိုလာတို့ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး
နည်းပြတွေဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ထားပြီး ယူနိုက်တက်
အသင်းက ကွန်တီကို ခေါ်ယူနိုင်ခဲ့သင့်ပါတယ်။ အခုအချိန်မှာတော့
နည်းပြအဖြစ်အဲရစ်တန်ဟက်ရှိနေပြီဖြစ်သလို သူ ဘာတွေလုပ်ပြမလဲဆိုတာ
စောင့်ကြည့်ရမှာဖြစ်ပြီး အဲရစ်တန်ဟက်ကိုလည်း ကျွန်တော်
အားပေးထောက်ခံပါတယ်”လို့ပြောကြားခဲ့ပါတယ်။
zawgyi
ကြန္တီကို ယူႏိုက္တက္ နည္းျပမခန႔္ႏိုင္ခဲ့တဲ့အေပၚ အီဗရာ စိတ္ထိခိုက္နာက်င္ေနဆဲျဖစ္
မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူအီဗရာက
ကြန္တီကို နည္းျပသစ္အျဖစ္မခန႔္အပ္ႏိုင္ခဲ့တဲ့အေပၚ
အခုအခ်ိန္အထိ စိတ္ထိခိုက္ေၾကကြဲေနရဆဲျဖစ္တယ္လို႔
ဝန္ခံေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ
ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက ဆိုးလ္ရွားကို ရာထူးက
ထုတ္ပယ္ခဲ့ခ်ိန္မွာ ကြန္တီက နည္းျပသစ္ျဖစ္လာဖို႔
ေရပန္းစားခဲ့ေပမယ့္ လက္ေတြ႕မွာျဖစ္မလာဘဲ ယာယီနည္းျပအျဖစ္
ရန္နစ္ခ္ကို ရာသီကုန္အထိခန႔္အပ္ခဲ့ရပါတယ္။
ကြန္တီဟာ စပါးအသင္းကိုေရာက္ရွိခဲ့ၿပီး ရာသီကုန္မွာ
အဆင့္(၄)အတြင္းဝင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္
ယူႏိုက္တက္အသင္းကေတာ့ စိတ္ပ်က္စရာရလဒ္ေတြနဲ႔အတူ
ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔လြဲေခ်ာ္ခဲ့ပါတယ္။ အီဗရာက “ကြန္တီကို
ယူႏိုက္တက္တို႔ နည္းျပမခန႔္ႏိုင္ခဲ့တဲ့အေပၚ အခုအခ်ိန္အထိ
ကြၽန္ေတာ္နာက်င္ခံစားေနရဆဲပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြန္တီ၊
ယာဂန္ကေလာ့ပ္၊ ဂြါဒီယိုလာတို႔ဟာ လက္ရွိကမာၻ႔အေကာင္းဆုံး
နည္းျပေတြျဖစ္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္ထားၿပီး ယူႏိုက္တက္
အသင္းက ကြန္တီကို ေခၚယူႏိုင္ခဲ့သင့္ပါတယ္။ အခုအခ်ိန္မွာေတာ့
နည္းျပအျဖစ္အဲရစ္တန္ဟက္ရွိေနၿပီျဖစ္သလို သူ ဘာေတြလုပ္ျပမလဲဆိုတာ
ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အဲရစ္တန္ဟက္ကိုလည္း ကြၽန္ေတာ္
အားေပးေထာက္ခံပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။