M Diary Channel

Local and Sport News

ခရစ္စတီယာနို နဲ့ အသင်းဖော်ဖြစ်ရတာဟာ ကျွန်တော့်ကစားသမားဘဝမှာ ဂုဏ်ယူစရာပါပဲ − ဒါလော့

မန်ယူအသင်းရဲ့ ညာနောက်ခံ ကစားသမား ဒါလော့က ကမ္ဘာ့ ထိပ်တန်း

ကစားသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နာလ်ဒို နဲ့ အသင်းတစ်သင်းတည်းမှာ

တွဲဖက်ကစားခွင့်ရတာဟာ ဂုဏ်ယူစရာကောင်းလွန်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါလော့ဟာ မန်ယူအသင်းမှာသာမက ပေါ်တူဂီ လက်ရွေးစင်အသင်းမှာပါ

ရော်နာလ်ဒို နဲ့အတူ အသင်းဖော်တွေအဖြစ် တွဲဖက် ကစားခွင့်ရထားတာဖြစ်ပါတယ်။

” ရော်နာလ်ဒို နဲ့ တွဲဖက်ကစားခွင့်ရတာ ဂုဏ်ယူကြောင်း ကျွန်တော် အမြဲတမ်း

ပြောဖြစ်ပါတယ်။ ကျွန်တော့် ငယ်ဘဝမှာ သူ့ရဲ့ ကစားပုံတွေကို ကြည့်ပြီး

ကြီးပြင်းလာရတာပါ။ ကိုယ်တိုင် ကစားသမားဖြစ်လာတဲ့အချိန်မှာ သူနဲ့ နိုင်ငံအသင်းမှာ

အနီးကပ် တွေ့ဆုံခွင့်ရခဲ့သလို အခုဆို ကလပ်အသင်းမှာပါ ကစားဖော်ဖြစ်နေပါပြီ”

” သူက ထူးခြားတဲ့ ကစားသမားပါ။ ပွဲတစ်ပွဲမကန်ခင် သူ့ရဲ့ ပြင်ဆင်မှုတွေနဲ့

ပွဲချိန်တွင်းမှာ ကစားအား ကျမသွားအောင် သူ့ကိုယ်သူ ထိန်းချုပ်မှုတွေ

ပြုလုပ်ပုံက အတုယူစရာပါ။ သူ့ကို အရင်တုန်းက ပရိသတ်တစ်ယောက်အနေနဲ့

မြင်တွေ့ခဲ့ရတာနဲ့ အခု လေ့ကျင့်ရေးကွင်းမှာ သူရဲ့ လုပ်ပုံကိုင်ပုံတွေကို

အနီးကပ်မြင်တွေ့ခွင့်ရတာက အတော်လေး ကွာခြားပါတယ်”

” သူက အဝတ်လဲခန်းအတွင်းမှာဆိုရင်လည်း ကစားဖော်တွေကို စိတ်ဓာတ်

မြှင့်တင်ပေးပြီး အပြုသဘောဆောင်တဲ့ ကစားသမားတစ်ဦးပါ။

ဒီလို ကစားမျိုးနဲ့ တွဲဖက် ကစားခွင့်ရတာကိုက ကျွန်တော့်အတွက်တော့

ဆုလာဘ်တစ်ခုဖြစ်ပြီး ကျွန်တော့် ကစားသမားဘဝမှာ ဂုဏ်အယူရဆုံး

အခိုက်အတန့်လည်းဖြစ်ပါတယ်” လို့ ဒါလော့က ဆိုပါတယ်။

ဒါလော့ဟာ မန်ယူအသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ဖို့နဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့

ရုန်းကန်နေရပေမယ့်လည်း ပေါ်တူဂီအသင်းမှာတော့ တည်ငြိမ်တဲ့

ခြေစွမ်းကောင်းတစ်ခုကို ပြသထားနိုင်တဲ့အပြင်  ပြီးခဲ့တဲ့ ကာတာအသင်းနဲ့

ပွဲစဥ်မှာ ရော်နာလ်ဒို ဂိုးသွင်းယူနိုင်အောင် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါသေးတယ်။

zawgyi

မန္ယူအသင္းရဲ႕ ညာေနာက္ခံ ကစားသမား ဒါေလာ့က ကမာၻ႔ ထိပ္တန္း

ကစားသမားတစ္ဦးျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နာလ္ဒို နဲ႔ အသင္းတစ္သင္းတည္းမွာ

တြဲဖက္ကစားခြင့္ရတာဟာ ဂုဏ္ယူစရာေကာင္းလြန္းတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ဒါေလာ့ဟာ မန္ယူအသင္းမွာသာမက ေပၚတူဂီ လက္ေ႐ြးစင္အသင္းမွာပါ

ေရာ္နာလ္ဒို နဲ႔အတူ အသင္းေဖာ္ေတြအျဖစ္ တြဲဖက္ ကစားခြင့္ရထားတာျဖစ္ပါတယ္။

” ေရာ္နာလ္ဒို နဲ႔ တြဲဖက္ကစားခြင့္ရတာ ဂုဏ္ယူေၾကာင္း ကြၽန္ေတာ္ အၿမဲတမ္း

ေျပာျဖစ္ပါတယ္။ ကြၽန္ေတာ့္ ငယ္ဘဝမွာ သူ႔ရဲ႕ ကစားပုံေတြကို ၾကည့္ၿပီး

ႀကီးျပင္းလာရတာပါ။ ကိုယ္တိုင္ ကစားသမားျဖစ္လာတဲ့အခ်ိန္မွာ သူနဲ႔ ႏိုင္ငံအသင္းမွာ

အနီးကပ္ ေတြ႕ဆုံခြင့္ရခဲ့သလို အခုဆို ကလပ္အသင္းမွာပါ ကစားေဖာ္ျဖစ္ေနပါၿပီ”

” သူက ထူးျခားတဲ့ ကစားသမားပါ။ ပြဲတစ္ပြဲမကန္ခင္ သူ႔ရဲ႕ ျပင္ဆင္မႈေတြနဲ႔

ပြဲခ်ိန္တြင္းမွာ ကစားအား က်မသြားေအာင္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္မႈေတြ

ျပဳလုပ္ပုံက အတုယူစရာပါ။ သူ႔ကို အရင္တုန္းက ပရိသတ္တစ္ေယာက္အေနနဲ႔

ျမင္ေတြ႕ခဲ့ရတာနဲ႔ အခု ေလ့က်င့္ေရးကြင္းမွာ သူရဲ႕ လုပ္ပုံကိုင္ပုံေတြကို

အနီးကပ္ျမင္ေတြ႕ခြင့္ရတာက အေတာ္ေလး ကြာျခားပါတယ္”

” သူက အဝတ္လဲခန္းအတြင္းမွာဆိုရင္လည္း ကစားေဖာ္ေတြကို စိတ္ဓာတ္

ျမႇင့္တင္ေပးၿပီး အျပဳသေဘာေဆာင္တဲ့ ကစားသမားတစ္ဦးပါ။

ဒီလို ကစားမ်ိဳးနဲ႔ တြဲဖက္ ကစားခြင့္ရတာကိုက ကြၽန္ေတာ့္အတြက္ေတာ့

ဆုလာဘ္တစ္ခုျဖစ္ၿပီး ကြၽန္ေတာ့္ ကစားသမားဘဝမွာ ဂုဏ္အယူရဆုံး

အခိုက္အတန႔္လည္းျဖစ္ပါတယ္” လို႔ ဒါေလာ့က ဆိုပါတယ္။

ဒါေလာ့ဟာ မန္ယူအသင္းမွာ ေျခစြမ္းေကာင္းျပသႏိုင္ဖို႔နဲ႔ ပုံမွန္ပြဲထြက္ခြင့္ရဖို႔

႐ုန္းကန္ေနရေပမယ့္လည္း ေပၚတူဂီအသင္းမွာေတာ့ တည္ၿငိမ္တဲ့

ေျခစြမ္းေကာင္းတစ္ခုကို ျပသထားႏိုင္တဲ့အျပင္  ၿပီးခဲ့တဲ့ ကာတာအသင္းနဲ႔

ပြဲစဥ္မွာ ေရာ္နာလ္ဒို ဂိုးသြင္းယူႏိုင္ေအာင္ ဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့ပါေသးတယ္။mdiarymm

mdiarymm