ခါးသီးပြိုင်ဘက် ကြိုးကြာနီနဲ့ပွဲမှာ သခင်ကြီး ပြန်လည်ပါဝင် ကစားမယ်

မန်ချက်စတာယူနိုက်တက်အန်တိုနီမာရှယ်ဟာလာမယ့်တနင်္လာနေ့တွင်

အိုးထရက်ဖို့ဒ်ကွင်းမှာခါးသီးတဲ့ပြိုင်ဘက်လီဗာပူးကိုဧည့်ခံကစားရမယ့်ပွဲတွင်

ပါဝင်ရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ အန်တိုနီမာရှယ်ဟာအက်သလက်တီကိုနှင့်

ရာသီကြိုခြေစမ်းပွဲတွင်ဒဏ်ရာရရှိခဲ့ပြီးနောက် အနားယူခဲ့ရသူဖြစ်ပါတယ်။

သူဟာဘရိုက်တန်၊ဘရန့်ဖို့ဒ်တို့ကိုရှုံးနိမ့်ခဲ့တဲ့ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်

အဖွင့်ပွဲနှစ်ပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့အပတ်တုန်းက

အပေါ့စားလေ့ကျင့်ခန်းများစတင်ပြုလုပ်နိုင်ခဲ့ကာယခုအခါယူနိုက်တက်

ကစားဖော်များနှင့်အတူ လေ့ကျင့်ခန်းအပြည့်အစုံလုပ်ဆောင်လာနိုင်မှုနဲ့အတူ

လီဗာပူးနှင့်ပွဲတွင်ကစားရန်အသင့်ဖြစ်နေပါတယ်။ မာရှယ်ပြန်ကစားနိုင်မယ့်

သတင်းက ရက်ဖို့ဒ် ခြေစွမ်းမပြနိုင်မှု၊ ရော်နယ်ဒို အသင်းပြောင်းလိုမှုတို့ကြောင့်

တိုက်စစ်ပြဿနာကြုံနေရတဲ့အဲရစ်တန်ဟက်အတွက် အားရစရာ

သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ မာရှယ်ဟာပြီးခဲ့တဲ့ရာသီတုန်းကဆီဗီလာတွင်

အငှားဖြင့်ခြောက်လသွားကစားပြီးနောက် အဲရစ်တန်ဟက်ရဲ့ရာသီကြို

ခြေစမ်းပွဲများတွင်ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး၄ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

zawgyi

ခါးသီးၿပိဳင္ဘက္ ႀကိဳးၾကာနီနဲ႔ပြဲမွာ သခင္ႀကီး ျပန္လည္ပါဝင္ ကစားမယ္

မန္ခ်က္စတာယူႏိုက္တက္အန္တိုနီမာရွယ္ဟာလာမယ့္တနလၤာေန႔တြင္

အိုးထရက္ဖို႔ဒ္ကြင္းမွာခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးကိုဧည့္ခံကစားရမယ့္ပြဲတြင္

ပါဝင္ရန္အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။ အန္တိုနီမာရွယ္ဟာအက္သလက္တီကိုႏွင့္

ရာသီႀကိဳေျခစမ္းပြဲတြင္ဒဏ္ရာရရွိခဲ့ၿပီးေနာက္ အနားယူခဲ့ရသူျဖစ္ပါတယ္။

သူဟာဘ႐ိုက္တန္၊ဘရန႔္ဖို႔ဒ္တို႔ကိုရႈံးနိမ့္ခဲ့တဲ့ယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္

အဖြင့္ပြဲႏွစ္ပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့အပတ္တုန္းက

အေပါ့စားေလ့က်င့္ခန္းမ်ားစတင္ျပဳလုပ္ႏိုင္ခဲ့ကာယခုအခါယူႏိုက္တက္

ကစားေဖာ္မ်ားႏွင့္အတူ ေလ့က်င့္ခန္းအျပည့္အစုံလုပ္ေဆာင္လာႏိုင္မႈနဲ႔အတူ

လီဗာပူးႏွင့္ပြဲတြင္ကစားရန္အသင့္ျဖစ္ေနပါတယ္။ မာရွယ္ျပန္ကစားႏိုင္မယ့္

သတင္းက ရက္ဖို႔ဒ္ ေျခစြမ္းမျပႏိုင္မႈ၊ ေရာ္နယ္ဒို အသင္းေျပာင္းလိုမႈတို႔ေၾကာင့္

တိုက္စစ္ျပႆနာႀကဳံေနရတဲ့အဲရစ္တန္ဟက္အတြက္ အားရစရာ

သတင္းေကာင္းတစ္ခုျဖစ္ပါတယ္။ မာရွယ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကဆီဗီလာတြင္

အငွားျဖင့္ေျခာက္လသြားကစားၿပီးေနာက္ အဲရစ္တန္ဟက္ရဲ႕ရာသီႀကိဳ

ေျခစမ္းပြဲမ်ားတြင္ေျခစြမ္းျပကစားႏိုင္ခဲ့သူျဖစ္ၿပီး၄ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။