ချဲလ်ဆီးလူငယ်ကစားသမားဟောင်းဖြစ်တဲ့ ဘရူနိုင်းတော်ဝင်မိသားစုဝင်က မန်ချက်ကို ဝယ်ယူဖို့ကမ်းလှမ်းလာနိုင်

မန်ချက်စတာယူနိုက်တက်ကိုကာလရှည်ကြာပိုင်ဆိုင်လာခဲ့တဲ့

ဂလေဇာမိသားစုဟာဗုဒ္ဓဟူးနေ့တုန်းကယူနိုက်တက်ပရိသတ်တိုင်း

အကြားချင်ဆုံးစကားအဖြစ်ကလပ်ကိုရောင်းချသွားတော့မှာဖြစ်ကြောင်း

ကြေညာခဲ့ပါတယ်။ အမေရိကန်ဘီလျှံနာတို့ဟာ၂၀၀၅ခုနှစ်ကတည်းက

ယူနိုက်တက်ကိုအကြွေးများဖြင့်ဝယ်ယူလိုက်ပြီးတဲ့နောက်အသင်းကို

ပိုင်ဆိုင်တဲ့၁၇နှစ်တာကာလအတွင်းတွင်ယူနိုက်တက်ပရိသတ်များရဲ့

ဆန္ဒပြသပိတ်မှောက်မှုများဖြင့်ရင်ဆိုင်လာခဲ့ရပါတယ်။

ဂလေဇာမိသားစုဟာယူနိုက်တက်ကိုပေါင်၅ဘီလီယံဖြင့်

ရောင်းချသွားဖို့ရှိနေပါတယ်။ လက်ရှိအချိန်တွင်ကမ္ဘာပေါ်တွင်

ပရိသတ်အများဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ယူနိုက်တက်ကို

ဝယ်ယူသူတွေများစွာရှိနေပါတယ်။ ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အပြင်

ယူနိုက်တက်အမာခံပရိသတ်ဆာဂျမ်ရက်ကလစ်ဖ်၊ Zara ပိုင်ရှင်

အေမန်စီယိုအော်တေဂါအပြင် အမေရိကန်နည်းပညာကုမ္ပဏီ

Apple ကလည်းကမ်းလှမ်းလာနိုင်ပါတယ်။ ဒါ့အပြင်ယူနိုက်တက်ကို

ဝယ်ယူရေးကမ်းလှမ်းလာနိုင်တဲ့သူတွေထဲမှာ ချဲလ်ဆီးလူငယ်

ကစားသမားဟောင်းတစ်ဦးလည်းပါဝင်လာနေပါတယ်။

Daily Star သတင်းစာကဘရူနိုင်းတော်ဝင်မိသားစုဝင်

ဖိုက်ဘိုကီယာဟာယူနိုက်တက်ကိုဝယ်ယူရေးကမ်းလှမ်းလာနိုင်ပါတယ်။

ဘရူနိုင်ဘုရင်ရဲ့တူတော်စပ်သူအသက်၂၄နှစ်ရှိဘောလုံးသမားဟာ

ဆောက်သမ်တန်၊ချဲလ်ဆီး၊လက်စတာတို့တွင်ကစားခဲ့သူဖြစ်ပြီး

ဒေါ်လာ၂၀ဘီလီယံဖြင့်ဘောလုံးလောကတွင်အချမ်းသာဆုံး

ဘောလုံးသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

သူဟာဘရူနိုင်းဘုရင်ဟာဆာနယ်ဘိုကီယာရဲ့တူဖြစ်ပေမဲ့လည်း

ယခုတိုင်ဘောလုံးကစားနေဆဲဖြစ်ပါတယ်။

သူဟာထိုင်းကလပ်ချောင်ဘူရီတွင်ကစားနေတုန်းဖြစ်ပါတယ်။

zawgyi

ခ်ဲလ္ဆီးလူငယ္ကစားသမားေဟာင္းျဖစ္တဲ့ ဘ႐ူႏုိင္းေတာ္၀င္မိသားစု၀င္က မန္ခ်က္ကုိ ၀ယ္ယူဖို႔ကမ္းလွမ္းလာႏုိင္

မန္ခ်က္စတာယူႏိုက္တက္ကိုကာလရွည္ၾကာပိုင္ဆိုင္လာခဲ့တဲ့

ဂေလဇာမိသားစုဟာဗုဒၶဟူးေန႔တုန္းကယူႏိုက္တက္ပရိသတ္တိုင္း

အၾကားခ်င္ဆုံးစကားအျဖစ္ကလပ္ကိုေရာင္းခ်သြားေတာ့မွာျဖစ္ေၾကာင္း

ေၾကညာခဲ့ပါတယ္။ အေမရိကန္ဘီလွ်ံနာတို႔ဟာ၂၀၀၅ခုႏွစ္ကတည္းက

ယူႏိုက္တက္ကိုအေႂကြးမ်ားျဖင့္ဝယ္ယူလိုက္ၿပီးတဲ့ေနာက္အသင္းကို

ပိုင္ဆိုင္တဲ့၁၇ႏွစ္တာကာလအတြင္းတြင္ယူႏိုက္တက္ပရိသတ္မ်ားရဲ႕

ဆႏၵျပသပိတ္ေမွာက္မႈမ်ားျဖင့္ရင္ဆိုင္လာခဲ့ရပါတယ္။

ဂေလဇာမိသားစုဟာယူႏိုက္တက္ကိုေပါင္၅ဘီလီယံျဖင့္

ေရာင္းခ်သြားဖို႔ရွိေနပါတယ္။ လက္ရွိအခ်ိန္တြင္ကမာၻေပၚတြင္

ပရိသတ္အမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနတဲ့ယူႏိုက္တက္ကို

ဝယ္ယူသူေတြမ်ားစြာရွိေနပါတယ္။ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့အျပင္

ယူႏိုက္တက္အမာခံပရိသတ္ဆာဂ်မ္ရက္ကလစ္ဖ္၊ Zara ပိုင္ရွင္

ေအမန္စီယိုေအာ္ေတဂါအျပင္ အေမရိကန္နည္းပညာကုမၸဏီ

Apple ကလည္းကမ္းလွမ္းလာႏိုင္ပါတယ္။ ဒါ့အျပင္ယူႏိုက္တက္ကို

ဝယ္ယူေရးကမ္းလွမ္းလာႏိုင္တဲ့သူေတြထဲမွာ ခ်ဲလ္ဆီးလူငယ္

ကစားသမားေဟာင္းတစ္ဦးလည္းပါဝင္လာေနပါတယ္။

Daily Star သတင္းစာကဘ႐ူႏိုင္းေတာ္ဝင္မိသားစုဝင္

ဖိုက္ဘိုကီယာဟာယူႏိုက္တက္ကိုဝယ္ယူေရးကမ္းလွမ္းလာႏိုင္ပါတယ္။

ဘ႐ူႏိုင္ဘုရင္ရဲ႕တူေတာ္စပ္သူအသက္၂၄ႏွစ္ရွိေဘာလုံးသမားဟာ

ေဆာက္သမ္တန္၊ခ်ဲလ္ဆီး၊လက္စတာတို႔တြင္ကစားခဲ့သူျဖစ္ၿပီး

ေဒၚလာ၂၀ဘီလီယံျဖင့္ေဘာလုံးေလာကတြင္အခ်မ္းသာဆုံး

ေဘာလုံးသမားအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

သူဟာဘ႐ူႏိုင္းဘုရင္ဟာဆာနယ္ဘိုကီယာရဲ႕တူျဖစ္ေပမဲ့လည္း

ယခုတိုင္ေဘာလုံးကစားေနဆဲျဖစ္ပါတယ္။

သူဟာထိုင္းကလပ္ေခ်ာင္ဘူရီတြင္ကစားေနတုန္းျဖစ္ပါတယ္။