ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်း ရေပန်းအစားဆုံးဖြစ်နေ

PSV အသင်းရဲ့ နယ်သာလန်နာမည်ကျော်ကစားသမား ဂတ်ပိုကို

ခေါ်ယူနိုင်ခြေရှိတဲ့ ကလပ်တွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက

ထိပ်ဆုံးမှာ ရေပန်းစားနေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ဂတ်ပိုဟာ ဥရောပဘောလုံးလောကရဲ့

လူငယ်ကြယ်ပွင့်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ်

သတ်မှတ်ခံထားရပြီး လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ

လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနေသလို ဆီနီဂေါနဲ့ပွဲမှာ

လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံး ကမ္ဘာ့ဖလားဂိုးကို သွင်းယူခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂတ်ပိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီကတည်းက

ကြိုးပမ်းခဲ့ဖူးပေမယ့် ဂတ်ပိုအစား အန်တိုနီကိုသာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ယူနိုက်တက်တို့

ဂတ်ပိုကို ပြန်လည်ကြိုးပမ်းသွားဖို့ရှိတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ

The Sun က ဖော်ပြခဲ့ပါတယ်။ ဂတ်ပိုကို လီဗာပူးလ်၊ အာဆင်နယ်၊

ဝက်စ်ဟမ်းတို့ကလည်း စိတ်ဝင်စားနေကြပေမယ့် ယူနိုက်တက်အသင်းက

လက်ဦးမှုရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ ယူနိုက်တက်အသင်းဟာ

စာချုပ်ဖျက်သိမ်းခဲ့တဲ့ စီရော်နယ်လ်ဒိုနေရာမှာ အစားထိုးဖို့ ဂတ်ပိုကို

ခေါ်ယူချင်နေပြီး PSV အသင်းက သူတို့ကစားသမားအတွက်

အနည်းဆုံး ပေါင်(၄၃)သန်းရမှ လက်လွှတ်သွားမယ့်အနေအထားပါပဲ။

zawgyi

ဂတ္ပိုကို ေခၚယူႏိုင္ဖို႔ ယူႏိုက္တက္အသင္း ေရပန္းအစားဆုံးျဖစ္ေန

PSV အသင္းရဲ႕ နယ္သာလန္နာမည္ေက်ာ္ကစားသမား ဂတ္ပိုကို

ေခၚယူႏိုင္ေျခရွိတဲ့ ကလပ္ေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက

ထိပ္ဆုံးမွာ ေရပန္းစားေနတယ္လို႔ သတင္းထြက္ေနပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ဂတ္ပိုဟာ ဥေရာပေဘာလုံးေလာကရဲ႕

လူငယ္ၾကယ္ပြင့္ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္

သတ္မွတ္ခံထားရၿပီး လက္ရွိက်င္းပေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ

လက္ေ႐ြးစင္အသင္းအတြက္ ေျခစြမ္းျပေနသလို ဆီနီေဂါနဲ႔ပြဲမွာ

လက္ေ႐ြးစင္ကစားသမားဘ၀ ပထမဆုံး ကမာၻ႔ဖလားဂိုးကို သြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဂတ္ပိုကို ေခၚယူဖို႔ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက

ႀကိဳးပမ္းခဲ့ဖူးေပမယ့္ ဂတ္ပိုအစား အန္တိုနီကိုသာ ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့လည္း လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ ယူႏိုက္တက္တို႔

ဂတ္ပိုကို ျပန္လည္ႀကိဳးပမ္းသြားဖို႔ရွိတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ

The Sun က ေဖာ္ျပခဲ့ပါတယ္။ ဂတ္ပိုကို လီဗာပူးလ္၊ အာဆင္နယ္၊

ဝက္စ္ဟမ္းတို႔ကလည္း စိတ္ဝင္စားေနၾကေပမယ့္ ယူႏိုက္တက္အသင္းက

လက္ဦးမႈရယူႏိုင္ဖို႔ ေရပန္းစားေနပါတယ္။ ယူႏိုက္တက္အသင္းဟာ

စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့ စီေရာ္နယ္လ္ဒိုေနရာမွာ အစားထိုးဖို႔ ဂတ္ပိုကို

ေခၚယူခ်င္ေနၿပီး PSV အသင္းက သူတို႔ကစားသမားအတြက္

အနည္းဆုံး ေပါင္(၄၃)သန္းရမွ လက္လႊတ္သြားမယ့္အေနအထားပါပဲ။