ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်နဲ့ နှိုင်းယှဉ်သတ်မှတ်ခံရလို့ အဲရစ်ဆင် ဂုဏ်ယူဝမ်းမြောက်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူအဲရစ်ဆင်က အသင်းရဲ့

ဂန္ထဝင်ကစားသမားစခိုးလ်နဲ့သူ့ကို နှိုင်းယှဉ်သတ်မှတ်နေတဲ့အတွက်

ဂုဏ်ယူဝမ်းမြောက်မိပေမယ့် ဒီအသင်းမှာ ကိုယ့်သမိုင်းကို

ရေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ

ဒိန်းမတ်ဝါရင့်ကွင်းလယ်လူအဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီကုန်က

ဘရန့်ဖို့ဒ်နဲ့လမ်းခွဲခဲ့ပြီး ယူနိုက်တက်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့

ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူနိုက်တက်ပွဲတွေမှာ

အဲရစ်ဆင်ဟာ အသင်းကွင်းလယ်ကို အကောင်းဆုံးဦးဆောင်ကစားနိုင်ပြီး

သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ပရိသတ်တွေက ချီးကျူးနေကြသလို

တစ်ချိန်က အသင်းရဲ့ဂန္ထဝင် ပေါလ်စခိုးလ်၊ ကစားသမားဟောင်း

မာတာတို့နဲ့ နှိုင်းယှဉ်သုံးသပ်နေကြပါတယ်။ ဒိန်းမတ်နေ့စဉ်

သတင်းစာ Politiken နဲ့အင်တာဗျူးမှာ အဲရစ်ဆင်က “ဒီလို နာမည်ကျော်

ကစားသမားတွေနဲ့ နှိုင်းယှဉ်ခံရတာက တကယ့်ကို ဂုဏ်ယူစရာကောင်းပေမယ့်

ကျွန်တော်ကတော့ ကိုယ့်သမိုင်းကိုရေးပြီး ကိုယ့်နာမည်တစ်ခုကို

တည်ဆောက်သွားဖို့ဆန္ဒရှိပါတယ်။ တစ်ချိန်က ပေါလ်စခိုးလ်နဲ့

ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားခွင့်ရခဲ့တဲ့အတွက် ကံကောင်းတယ်လို့

ယူဆပါတယ်။ သူက ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်တဲ့အတွက်

ဒီလိုကစားသမားမျိုးနဲ့ နှိုင်းယှဉ်သတ်မှတ်ခံရတာကြောင့်

ကျွန်တော် ပျော်ရွှင်မိပါတယ်”လို့ဖြေကြားခဲ့ပါတယ်။

zawgyi

ဂႏၴဝင္ကြင္းလယ္လူ ေပါလ္စခိုးလ္နဲ႔ ႏႈိင္းယွဥ္သတ္မွတ္ခံရလို႔ အဲရစ္ဆင္ ဂုဏ္ယူဝမ္းေျမာက္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူအဲရစ္ဆင္က အသင္းရဲ႕

ဂႏၴဝင္ကစားသမားစခိုးလ္နဲ႔သူ႔ကို ႏႈိင္းယွဥ္သတ္မွတ္ေနတဲ့အတြက္

ဂုဏ္ယူဝမ္းေျမာက္မိေပမယ့္ ဒီအသင္းမွာ ကိုယ့္သမိုင္းကို

ေရးသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ

ဒိန္းမတ္ဝါရင့္ကြင္းလယ္လူအဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ရာသီကုန္က

ဘရန႔္ဖို႔ဒ္နဲ႔လမ္းခြဲခဲ့ၿပီး ယူႏိုက္တက္အသင္းကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔

ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ယူႏိုက္တက္ပြဲေတြမွာ

အဲရစ္ဆင္ဟာ အသင္းကြင္းလယ္ကို အေကာင္းဆုံးဦးေဆာင္ကစားႏိုင္ၿပီး

သူ႔ရဲ႕စြမ္းေဆာင္ရည္အေပၚ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကသလို

တစ္ခ်ိန္က အသင္းရဲ႕ဂႏၴဝင္ ေပါလ္စခိုးလ္၊ ကစားသမားေဟာင္း

မာတာတို႔နဲ႔ ႏႈိင္းယွဥ္သုံးသပ္ေနၾကပါတယ္။ ဒိန္းမတ္ေန႔စဥ္

သတင္းစာ Politiken နဲ႔အင္တာဗ်ဴးမွာ အဲရစ္ဆင္က “ဒီလို နာမည္ေက်ာ္

ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ခံရတာက တကယ့္ကို ဂုဏ္ယူစရာေကာင္းေပမယ့္

ကြၽန္ေတာ္ကေတာ့ ကိုယ့္သမိုင္းကိုေရးၿပီး ကိုယ့္နာမည္တစ္ခုကို

တည္ေဆာက္သြားဖို႔ဆႏၵရွိပါတယ္။ တစ္ခ်ိန္က ေပါလ္စခိုးလ္နဲ႔

ၿပိဳင္ဘက္အျဖစ္ ရင္ဆိုင္ကစားခြင့္ရခဲ့တဲ့အတြက္ ကံေကာင္းတယ္လို႔

ယူဆပါတယ္။ သူက ထိပ္တန္းအဆင့္ကစားသမားတစ္ဦးျဖစ္တဲ့အတြက္

ဒီလိုကစားသမားမ်ိဳးနဲ႔ ႏႈိင္းယွဥ္သတ္မွတ္ခံရတာေၾကာင့္

ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္”လို႔ေျဖၾကားခဲ့ပါတယ္။