
မေဆန် ဂရင်းဝုဒ်ဟာ သူ့ရဲ့ အာမခံ သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တာကြောင့်
အဖမ်းခံထားရတယ်လို့ The Sun သတင်းစာရဲ့ ယနေ့ ဖော်ပြချက်အရ သိရပါတယ်။
ယနေ့ မနက်ပိုင်းမှာ ရဲသားတွေက ဂရင်းဝုဒ်ကို သူ့ရဲ့ တစ်လ
ပေါင် ( ၁ ) သောင်းခွဲတန် စံအိမ်ကြီးမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်
စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ တိုက်စစ်မှူးဟာ ယခုနှစ်
ဇန်နဝါရီလတုန်းက ရည်းစားဟောင်းဖြစ်သူကို လိင်ပိုင်ဆိုင်ရာ စော်ကားမှု၊
အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး
( ၃ ) ရက်ကြာ ထောင်ထဲမှာ နေခဲ့ရပြီးနောက် အာမခံနဲ့ ပြန်လည်
လွတ်မြောက်လာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကို ယူနိုက်တက်ကနေ
ပွဲကစားခွင့် တားမြစ်ထားပေမယ့် တစ်ပတ်လုပ်ခ ပေါင် ( ၇ ) သိန်းခွဲ
ကတော့ ရရှိနေဆဲဖြစ်ပါတယ်။ မကြာသေးမီကပဲ ဂရင်းဝုဒ် နှင့် သူ့ရဲ့
ရည်းစားဟောင်းတို့ဟာ အင်စတာဂရမ်မှာ တစ်ဦး နှင့် တစ်ဦး ပြန်လည်
ဖော်လိုလုပ်ထားကြပြီလို့တောင် သတင်းတွေ ထွက်ပေါ်လာပါသေးတယ်။
zawgyi
ဂရင္း၀ုဒ္ ထပ္ၿပီး အဖမ္းခံလုိက္ရၿပီ။
ေမဆန္ ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ အာမခံ သတ္မွတ္ခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့တာေၾကာင့္
အဖမ္းခံထားရတယ္လို႔ The Sun သတင္းစာရဲ႕ ယေန႔ ေဖာ္ျပခ်က္အရ သိရပါတယ္။
ယေန႔ မနက္ပိုင္းမွာ ရဲသားေတြက ဂရင္းဝုဒ္ကို သူ႔ရဲ႕ တစ္လ
ေပါင္ ( ၁ ) ေသာင္းခြဲတန္ စံအိမ္ႀကီးမွာ ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီးေနာက္
စစ္ေဆးေမးျမန္းမႈေတြ ျပဳလုပ္ေနပါတယ္။ တိုက္စစ္မႉးဟာ ယခုႏွစ္
ဇန္နဝါရီလတုန္းက ရည္းစားေဟာင္းျဖစ္သူကို လိင္ပိုင္ဆိုင္ရာ ေစာ္ကားမႈ၊
အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြေၾကာင့္ ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး
( ၃ ) ရက္ၾကာ ေထာင္ထဲမွာ ေနခဲ့ရၿပီးေနာက္ အာမခံနဲ႔ ျပန္လည္
လြတ္ေျမာက္လာခဲ့ပါတယ္။ အဂၤလန္လက္ေ႐ြးစင္ကို ယူႏိုက္တက္ကေန
ပြဲကစားခြင့္ တားျမစ္ထားေပမယ့္ တစ္ပတ္လုပ္ခ ေပါင္ ( ၇ ) သိန္းခြဲ
ကေတာ့ ရရွိေနဆဲျဖစ္ပါတယ္။ မၾကာေသးမီကပဲ ဂရင္းဝုဒ္ ႏွင့္ သူ႔ရဲ႕
ရည္းစားေဟာင္းတို႔ဟာ အင္စတာဂရမ္မွာ တစ္ဦး ႏွင့္ တစ္ဦး ျပန္လည္
ေဖာ္လိုလုပ္ထားၾကၿပီလို႔ေတာင္ သတင္းေတြ ထြက္ေပၚလာပါေသးတယ္။