” ဂါနာချိုကို စီနီယာအသင်းကြီးမှာ အသုံးမပြုသင့်သေးဘူး ” _ နေးလ်ဝုဒ်

ကလပ်ရဲ့ပထမအသင်းမှာ ဂါနာချိုကို ခေါ်သုံးတဲ့ နည်းပြအဲရစ်တန်ဟက်ရဲ့

ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မန်ယူလူငယ်နည်းပြဟောင်းနေးလ်ဝုဒ်က

မေးခွန်းထုတ်လိုက်ပါတယ်။ မန်ယူလူငယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့

တန်ဟက်ရဲ့ယုံကြည်မှုကိုရရှိခဲ့တဲ့ အဲဒီအာဂျင်လူငယ်လက်ရွေးစင်ဟာ

အခုရာသီအစောပိုင်းမှာ ပရီးမီးယားလိဂ်ရော ယူရိုပါလိဂ်မှာပါ

လူစားဝင်ကစားခွင့်တွေရရှိခဲ့တာပါ။ ဒါပေမဲ့ ဂါနာချိုဟာ မန်ယူက

သူ့ရဲ့ပထမဆုံးပွဲထွက်ပါနိုင်မှုကိုတော့ ပြီးခဲ့တဲ့အပတ်ကြားရက်

ရှရစ်ဖ်နဲ့ယူရိုပါလိဂ်ပွဲမှာမှ လုပ်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာလည်း ဂါနာချိုဟာ

အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ အသင်းပရိသတ်တွေရွေးတဲ့

man of the match ကို ရရှိခဲ့တာပါ။ အဲဒါကြောင့် မန်ယူပရိသတ်တွေက

ဂါနာချိုဟာ အသင်းကြီးမှာ ပိုအသုံးပြုဖို့ နည်းပြတန်ဟက်ကို

တောင်းဆိုလာပါတယ်။ ဒါပေမဲ့လည်း မန်ယူယူ-၂၃ အသင်းကို

ကိုင်တွယ်စဉ်က အသင်းက လူငယ်ကြယ်ပွင့်တွေကို အနီးကပ်ကိုင်ခဲ့တဲ့

နေးလ်ဝုဒ်က ငယ်သေးတဲ့အခုလိုအချိန် အသင်းကြီးမှာ ခေါ်သုံးနေတဲ့အတွက်

ကစားသမားတစ်ယောက်အနေနဲ့ ဂါနာချိုရဲ့တိုးတက်မှုကို

ထိခိုက်စေနိုင်ကြောင်း ဆိုလာတာပါ။ နေးလ်ဝုဒ်ဟာ လက်ရှိမှာ

မန်ယူဂန္ထဝင်ဟောင်းတွေပိုင်ဆိုင်တဲ့ အင်္ဂလန်အောက်တန်းကလပ်

ဆဲလ်ဖို့ဒ်ကို ကိုင်တွယ်နေတာပါ။ ”လူငယ်တွေ အသင်းကြီးဆီ

ရောက်လာတာကို ပရိသတ်တွေက မြင်ချင်နေကြပါတယ်။

ဒါပေမဲ့ သူ့(ဂါနာချို)ကို အသင်းကြီးထဲ ထည့်လိုက်တာဟာ

အကောင်းဆုံးအရာလားဆိုတာ ကျွန်တော်မသိပါဘူး။

အဲဒီမှာက စံနှုန်းတွေဟာ အရမ်းမြင့်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ချက်ချင်းကြီး

အလုပ်ဖြစ်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဒါ့အပြင် လူငယ်ပလေယာအတွက်

မျှော်မှန်းထားမှုတွေက မြင့်မားပါတယ်။ အလျင်စလိုဆိုရင် ကစားသမား

တစ်ယောက်ရဲ့တိုးတက်မှုကို ထိခိုက်နိုင်ပါတယ်”လို့ ဆဲလ်ဖို့ဒ်နည်းပြက

The Athletic သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါ့အပြင် နေးလ်ဝုဒ်က

ဂါနာချိုဟာ အလားအလာကောင်းတွေပိုင်ဆိုင်ထားပေမယ့်

တိုးတက်ရမယ့်နေရာတွေရှိနေသေးကြောင်း ဆိုခဲ့တာပါ။

zawgyi

” ဂါနာခ်ဳိကုိ စီနီယာအသင္းႀကီးမွာ အသုံးမျပဳသင့္ေသးဘူး ” _ ေနးလ္၀ုဒ္

ကလပ္ရဲ႕ပထမအသင္းမွာ ဂါနာခ်ိဳကို ေခၚသုံးတဲ့ နည္းျပအဲရစ္တန္ဟက္ရဲ႕

ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မန္ယူလူငယ္နည္းျပေဟာင္းေနးလ္ဝုဒ္က

ေမးခြန္းထုတ္လိုက္ပါတယ္။ မန္ယူလူငယ္အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔

တန္ဟက္ရဲ႕ယုံၾကည္မႈကိုရရွိခဲ့တဲ့ အဲဒီအာဂ်င္လူငယ္လက္ေ႐ြးစင္ဟာ

အခုရာသီအေစာပိုင္းမွာ ပရီးမီးယားလိဂ္ေရာ ယူ႐ိုပါလိဂ္မွာပါ

လူစားဝင္ကစားခြင့္ေတြရရွိခဲ့တာပါ။ ဒါေပမဲ့ ဂါနာခ်ိဳဟာ မန္ယူက

သူ႔ရဲ႕ပထမဆုံးပြဲထြက္ပါႏိုင္မႈကိုေတာ့ ၿပီးခဲ့တဲ့အပတ္ၾကားရက္

ရွရစ္ဖ္နဲ႔ယူ႐ိုပါလိဂ္ပြဲမွာမွ လုပ္ႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာလည္း ဂါနာခ်ိဳဟာ

အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ကာ အသင္းပရိသတ္ေတြေ႐ြးတဲ့

man of the match ကို ရရွိခဲ့တာပါ။ အဲဒါေၾကာင့္ မန္ယူပရိသတ္ေတြက

ဂါနာခ်ိဳဟာ အသင္းႀကီးမွာ ပိုအသုံးျပဳဖို႔ နည္းျပတန္ဟက္ကို

ေတာင္းဆိုလာပါတယ္။ ဒါေပမဲ့လည္း မန္ယူယူ-၂၃ အသင္းကို

ကိုင္တြယ္စဥ္က အသင္းက လူငယ္ၾကယ္ပြင့္ေတြကို အနီးကပ္ကိုင္ခဲ့တဲ့

ေနးလ္ဝုဒ္က ငယ္ေသးတဲ့အခုလိုအခ်ိန္ အသင္းႀကီးမွာ ေခၚသုံးေနတဲ့အတြက္

ကစားသမားတစ္ေယာက္အေနနဲ႔ ဂါနာခ်ိဳရဲ႕တိုးတက္မႈကို

ထိခိုက္ေစႏိုင္ေၾကာင္း ဆိုလာတာပါ။ ေနးလ္ဝုဒ္ဟာ လက္ရွိမွာ

မန္ယူဂႏၴဝင္ေဟာင္းေတြပိုင္ဆိုင္တဲ့ အဂၤလန္ေအာက္တန္းကလပ္

ဆဲလ္ဖို႔ဒ္ကို ကိုင္တြယ္ေနတာပါ။ ”လူငယ္ေတြ အသင္းႀကီးဆီ

ေရာက္လာတာကို ပရိသတ္ေတြက ျမင္ခ်င္ေနၾကပါတယ္။

ဒါေပမဲ့ သူ႔(ဂါနာခ်ိဳ)ကို အသင္းႀကီးထဲ ထည့္လိုက္တာဟာ

အေကာင္းဆုံးအရာလားဆိုတာ ကြၽန္ေတာ္မသိပါဘူး။

အဲဒီမွာက စံႏႈန္းေတြဟာ အရမ္းျမင့္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ခ်က္ခ်င္းႀကီး

အလုပ္ျဖစ္မယ္လို႔ မေမွ်ာ္လင့္ႏိုင္ပါဘူး။ ဒါ့အျပင္ လူငယ္ပေလယာအတြက္

ေမွ်ာ္မွန္းထားမႈေတြက ျမင့္မားပါတယ္။ အလ်င္စလိုဆိုရင္ ကစားသမား

တစ္ေယာက္ရဲ႕တိုးတက္မႈကို ထိခိုက္ႏိုင္ပါတယ္”လို႔ ဆဲလ္ဖို႔ဒ္နည္းျပက

The Athletic သတင္းဌာနကို ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေနးလ္ဝုဒ္က

ဂါနာခ်ိဳဟာ အလားအလာေကာင္းေတြပိုင္ဆိုင္ထားေပမယ့္

တိုးတက္ရမယ့္ေနရာေတြရွိေနေသးေၾကာင္း ဆိုခဲ့တာပါ။