ဂေါင်းကြီးဘက်ကနေ မန်ချက်ကို ပေါက်ကွဲလိုက်တဲ့ ကမ္ဘာ့ဘောလုံးရဲ့ဂန္ထဝင်နောက်ခံလူ

ကမ္ဘာ့ဘောလုံးရဲ့ဂန္ထဝင်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ချီရယ်လီနီက မန်ယူမှာ

အရန်ခုံထိုင်နေရတဲ့ မက်ဂွိုင်းယားအတွက် သူဝမ်းနည်းမိကြောင်း

ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အဲဒီအင်္ဂလန်

လက်ရွေးစင်ကစားသမားဆီကနေ အရမ်းကိုမျှော်လင့်လွန်းခဲ့ကြောင်းလည်း

ချီရယ်လီနီက ဝေဖန်ခဲ့တာပါ။ ၂၉ နှစ်အရွယ် မက်ဂွိုင်းယားဟာ တန်ဟက်

လက်ထက် မန်ယူမှာ ချက်ချင်းဆိုသလိုပဲ အရန်ဘ၀ ရောက်သွားခဲ့ပါတယ်။

နယ်သာလန်သားနည်းပြက အသင်းရဲ့ဗဟိုခံစစ်မှာ ဗာရန်းနဲ့မာတီနက်ဇ်တို့အတွဲကို

ပြောင်းသုံးလိုက်ကတည်းက မန်ယူဟာလည်း ပရီးမီးယားလိဂ်မှာ

တောက်လျှောက်ကို နိုင်ပွဲဆက်တော့တာပါ။ ကလပ်မှာ ရုန်းကန်နေရပေမယ့်

မက်ဂွိုင်းယားဟာ နေးရှင်းလိဂ်ပွဲတွေအတွက် ဆောက်ဂိတ်ရဲ့နောက်ဆုံး

အင်္ဂလန်အသင်းမှာတော့ ရွေးချယ်ခံခဲ့ရပါတယ်။ သောကြာညကစားမယ့်

ဆန်စီရိုက အီတလီနဲ့အင်္ဂလန်တို့ရဲ့ပွဲမတိုင်ခင် အီတလီအသင်း

ခေါင်းဆောင်ဟောင်းချီရယ်လီနီဟာ မက်ဂွိုင်းယားအပေါ် သူ့ရဲ့အားပေး

ထောက်ခံမှုကို ပြလိုက်ပြီး ပေါင်သန်း ၈၀ ပြောင်းရွှေ့ကြေးကြောင့်

အဲဒီဗဟိုခံစစ်မှုဟာ မမျှမတဝေဖန်ခံနေရတာလို့ ယုံကြည်နေတာပါ။

”မက်ဂွိုင်းယားရဲ့အခြေအနေအတွက် ကျွန်တော်ဝမ်းနည်းမိပါတယ်။

ဘာကြောင့်လဲဆို သူက ကစားသမားကောင်းတစ်ယောက်ပါ။

သူတို့(မန်ယူ)က သူ့ကို အရမ်းလိုအပ်ခဲ့တာကိုး။ သူ့အတွက် ပေါင်သန်း ၈၀

ပေးခဲ့တာပဲကြည့်လေ။ ဒီ့အတွက် သူဟာ ပွဲတိုင်းမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့

လိုတာလား။ အဲဒါက မမှန်ပါဘူး။ ဈေးကွက်တန်ကြေးက ကိုယ်ထိန်းချုပ်လို့

မရနိုင်တဲ့ အကြောင်းအရာပေါင်းစုံပေါ် မူတည်ပါတယ်။ အဲဒါက ကိုယ့်အပြစ်

မဟုတ်ဘူးလေ။ သူနဲ့ဂျွန်စတုန်းဟာ ကောင်းမွန်တဲ့အတွဲပါ။

အိုကေ မက်ဂွိုင်းယားက ဖာဒီနန်မဟုတ်ပေမယ့် သူ့ဟာနဲ့သူတော့

ကောင်းပါတယ်။ ဒီအခြေအနေက အင်္ဂလန်အတွက် အကူအညီမဖြစ်ပါဘူး။

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲချင်ရင် အဓိကကစားသမားတွေဆီက

တချို့ပြသနာတွေနဲ့ဆို မဖြစ်နိုင်ပါဘူး။ မက်ဂွိုင်းယားဟာ အင်္ဂလန်ရဲ့

အဓိကကစားသမားတွေထဲက တစ်ယောက်ဆိုတာကတော့

သေချာပါတယ်”လို့ ချီရယ်လီနီက ပြောခဲ့ပါတယ်။

zawgyi

ေဂါင္းႀကီးဘက္ကေန မန္ခ်က္ကုိ ေပါက္ကြဲလုိက္တဲ့ ကမာၻ ့ေဘာလုံးရဲ႕ဂႏၳ၀င္ေနာက္ခံလူ

ကမာၻ႔ေဘာလုံးရဲ႕ဂႏၴဝင္ေနာက္ခံလူတစ္ေယာက္ျဖစ္တဲ့ခ်ီရယ္လီနီက မန္ယူမွာ

အရန္ခုံထိုင္ေနရတဲ့ မက္ဂြိဳင္းယားအတြက္ သူဝမ္းနည္းမိေၾကာင္း

ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ဟာ အဲဒီအဂၤလန္

လက္ေ႐ြးစင္ကစားသမားဆီကေန အရမ္းကိုေမွ်ာ္လင့္လြန္းခဲ့ေၾကာင္းလည္း

ခ်ီရယ္လီနီက ေဝဖန္ခဲ့တာပါ။ ၂၉ ႏွစ္အ႐ြယ္ မက္ဂြိဳင္းယားဟာ တန္ဟက္

လက္ထက္ မန္ယူမွာ ခ်က္ခ်င္းဆိုသလိုပဲ အရန္ဘ၀ ေရာက္သြားခဲ့ပါတယ္။

နယ္သာလန္သားနည္းျပက အသင္းရဲ႕ဗဟိုခံစစ္မွာ ဗာရန္းနဲ႔မာတီနက္ဇ္တို႔အတြဲကို

ေျပာင္းသုံးလိုက္ကတည္းက မန္ယူဟာလည္း ပရီးမီးယားလိဂ္မွာ

ေတာက္ေလွ်ာက္ကို ႏိုင္ပြဲဆက္ေတာ့တာပါ။ ကလပ္မွာ ႐ုန္းကန္ေနရေပမယ့္

မက္ဂြိဳင္းယားဟာ ေနးရွင္းလိဂ္ပြဲေတြအတြက္ ေဆာက္ဂိတ္ရဲ႕ေနာက္ဆုံး

အဂၤလန္အသင္းမွာေတာ့ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ေသာၾကာညကစားမယ့္

ဆန္စီ႐ိုက အီတလီနဲ႔အဂၤလန္တို႔ရဲ႕ပြဲမတိုင္ခင္ အီတလီအသင္း

ေခါင္းေဆာင္ေဟာင္းခ်ီရယ္လီနီဟာ မက္ဂြိဳင္းယားအေပၚ သူ႔ရဲ႕အားေပး

ေထာက္ခံမႈကို ျပလိုက္ၿပီး ေပါင္သန္း ၈၀ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္

အဲဒီဗဟိုခံစစ္မႈဟာ မမွ်မတေဝဖန္ခံေနရတာလို႔ ယုံၾကည္ေနတာပါ။

”မက္ဂြိဳင္းယားရဲ႕အေျခအေနအတြက္ ကြၽန္ေတာ္ဝမ္းနည္းမိပါတယ္။

ဘာေၾကာင့္လဲဆို သူက ကစားသမားေကာင္းတစ္ေယာက္ပါ။

သူတို႔(မန္ယူ)က သူ႔ကို အရမ္းလိုအပ္ခဲ့တာကိုး။ သူ႔အတြက္ ေပါင္သန္း ၈၀

ေပးခဲ့တာပဲၾကည့္ေလ။ ဒီ့အတြက္ သူဟာ ပြဲတိုင္းမွာ ကမာၻ႔အေကာင္းဆုံးျဖစ္ဖို႔

လိုတာလား။ အဲဒါက မမွန္ပါဘူး။ ေဈးကြက္တန္ေၾကးက ကိုယ္ထိန္းခ်ဳပ္လို႔

မရႏိုင္တဲ့ အေၾကာင္းအရာေပါင္းစုံေပၚ မူတည္ပါတယ္။ အဲဒါက ကိုယ့္အျပစ္

မဟုတ္ဘူးေလ။ သူနဲ႔ဂြၽန္စတုန္းဟာ ေကာင္းမြန္တဲ့အတြဲပါ။

အိုေက မက္ဂြိဳင္းယားက ဖာဒီနန္မဟုတ္ေပမယ့္ သူ႔ဟာနဲ႔သူေတာ့

ေကာင္းပါတယ္။ ဒီအေျခအေနက အဂၤလန္အတြက္ အကူအညီမျဖစ္ပါဘူး။

ကမာၻ႔ဖလားမွာ ဗိုလ္စြဲခ်င္ရင္ အဓိကကစားသမားေတြဆီက

တခ်ိဳ႕ျပသနာေတြနဲ႔ဆို မျဖစ္ႏိုင္ပါဘူး။ မက္ဂြိဳင္းယားဟာ အဂၤလန္ရဲ႕

အဓိကကစားသမားေတြထဲက တစ္ေယာက္ဆိုတာကေတာ့

ေသခ်ာပါတယ္”လို႔ ခ်ီရယ္လီနီက ေျပာခဲ့ပါတယ္။