” င့ါရဲ့အဆုံးအဖြတ် ဂိုးတော်တော်များများက တကယ်တမ်း ကြက်ကန်းတိုးသွားခဲ့တာကွ ” _ ပေါစခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင် ကွင်းလယ်လူပေါလ်စခိုးလ်က သူ့ရဲ့

ကစားသမားဘဝတစ်လျှောက် သွင်းယူခဲ့တဲ့ အဆုံးအဖြတ်ဂိုးတော်တော်များများက

ကြက်ကန်းတိုးခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက်(၄၇)နှစ်

အရွယ်ရှိနေပြီဖြစ်တဲ့ ပေါလ်စခိုးလ်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမား

ဘဝတစ်လျှောက်လုံး ယူနိုက်တက်အသင်းမှာကစားခဲ့တဲ့ One Club Players

စာရင်းဝင်တစ်ဦးဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ၁၉၉၃ ကနေ

၂၀၁၁၊ ၂၀၁၂-၁၃ မှာ ကာလတိုကစားခဲ့ပါတယ်။ ပြိုင်ဘက်ပယ်နယ်တီ

ဧရိယာနားကနေ Rocket ကန်ချက်နဲ့ ဂိုးတွေသွင်းယူခဲ့တဲ့ ပေါလ်စခိုးလ်ရဲ့

ကစားသမားဘဝမှာ လှလှပပသွင်းယူခဲ့တဲ့ဂိုးတွေအများကြီးရှိပြီး

၂၀၀၆ခုနှစ်တုန်းက အက်စတွန်ဗီလာနဲ့ပွဲမှာ မြေမကျ Volley ကန်ချက်နဲ့

သွင်းခဲ့တဲ့ဂိုး၊ ၂၀၀၈ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် ဘာစီလိုနာဘက်ကို

ပြင်းထန်အားပါတဲ့ကန်ချက်နဲ့သွင်းခဲ့တဲ့ဂိုးတွေက လူသိများထင်ရှား

ကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဂိုးတွေဟာ သူ့ကန်ချက်ကောင်းလို့

မဟုတ်ဘဲ ကံကောင်းပြီးတော့ ဂိုးဝင်သွားတာဖြစ်တယ်လို့ ပေါလ်စခိုးလ်က

ဝန်ခံပြောဆိုခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ The Overlap

ရုပ်သံအစီအစဉ်အတွက် ဂယ်ရီနဗီးလ်က သူ့အသင်းဖော်ဟောင်း

ပေါလ်စခိုးလ်နဲ့အင်တာဗျူးပြုလုပ်ခဲ့ပြီး ဘာစီလိုနာဘက်ကို သွင်းခဲ့တဲ့

ဂိုးနဲ့ပတ်သက်လို့ မေးမြန်းခဲ့ချိန်မှာ ပေါလ်စခိုးလ်က “အဲဒီတုန်းက

ငါကန်လိုက်တာ ထိချက်မမှန်ခဲ့ဘူးကွ။ ဘောလုံးက ငါ့ ခြေဖမိုးနဲ့ထိပြီး

ထွက်သွားခဲ့တာ။ ပုံမှန်အတိုင်းသာဆိုရင် အဲဒီလိုကန်ချက်က ဂိုးတိုင်ဘေးက

ထွက်သွားတာမျိုး ဒါမှမဟုတ် အပေါ်ထောင်တက်သွားတာမျိုးဖြစ်ရမှာ။

မင်းကို အမှန်အတိုင်းပြောရရင် အဲဒီအချိန်ကတော့ ငါလည်း ဂိုးပေါက်

တည့်ရုံလောက်ပဲ ကန်လိုက်တာ။ ဒါပေမဲ့ ဘောလုံးက ဂိုးသမားဆီ

တည့်တည့်သွားပြီးမှ ညာဘက်ကို ဝေ့ဝိုက်ပြီး ဂိုးဝင်သွားတော့တာပဲ။

အမှန်အတိုင်းဝန်ခံရရင် အဲဒီကန်ချက်ဂိုးဝင်သွားမယ်လို့ ငါ တကယ်

မထင်ထားဘူး”ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ပေါလ်စခိုးလ်ရဲ့ အဖြေကို

ဂယ်ရီနဗီးလ်ကိုယ်တိုင် အံ့အားသင့်သွားပြီး အဲဒီဂိုးဟာ

သူ့ကစားသမားဘဝအတွက် အရေးပါတဲ့ဂိုးလားလို့ မေးခွန်းထုတ်ချိန်မှာ

ပေါလ်စခိုးလ်က “အင်း..ဟုတ်တယ်။ အဲဒီဂိုးက ငါ့အတွက်တော့ အရေးအပါဆုံးဂိုးပဲ”လို့ ပြောခဲ့ပါတယ်။

zawgyi

” င့ါရဲ႕အဆုံးအျဖတ္ ဂုိးေတာ္ေတာ္မ်ားမ်ားက တကယ္တမ္း ၾကက္ကန္းတုိးသြားခဲ့တာကြ ” _ ေပါစခုိးလ္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ ကြင္းလယ္လူေပါလ္စခိုးလ္က သူ႔ရဲ႕

ကစားသမားဘဝတစ္ေလွ်ာက္ သြင္းယူခဲ့တဲ့ အဆုံးအျဖတ္ဂိုးေတာ္ေတာ္မ်ားမ်ားက

ၾကက္ကန္းတိုးခဲ့တာျဖစ္တယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။ အသက္(၄၇)ႏွစ္

အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေပါလ္စခိုးလ္ဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမား

ဘဝတစ္ေလွ်ာက္လုံး ယူႏိုက္တက္အသင္းမွာကစားခဲ့တဲ့ One Club Players

စာရင္းဝင္တစ္ဦးျဖစ္ၿပီး ယူႏိုက္တက္အသင္းအတြက္ ၁၉၉၃ ကေန

၂၀၁၁၊ ၂၀၁၂-၁၃ မွာ ကာလတိုကစားခဲ့ပါတယ္။ ၿပိဳင္ဘက္ပယ္နယ္တီ

ဧရိယာနားကေန Rocket ကန္ခ်က္နဲ႔ ဂိုးေတြသြင္းယူခဲ့တဲ့ ေပါလ္စခိုးလ္ရဲ႕

ကစားသမားဘဝမွာ လွလွပပသြင္းယူခဲ့တဲ့ဂိုးေတြအမ်ားႀကီးရွိၿပီး

၂၀၀၆ခုႏွစ္တုန္းက အက္စတြန္ဗီလာနဲ႔ပြဲမွာ ေျမမက် Volley ကန္ခ်က္နဲ႔

သြင္းခဲ့တဲ့ဂိုး၊ ၂၀၀၈ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲအျဖစ္ ဘာစီလိုနာဘက္ကို

ျပင္းထန္အားပါတဲ့ကန္ခ်က္နဲ႔သြင္းခဲ့တဲ့ဂိုးေတြက လူသိမ်ားထင္ရွား

ေက်ာ္ၾကားခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီဂိုးေတြဟာ သူ႔ကန္ခ်က္ေကာင္းလို႔

မဟုတ္ဘဲ ကံေကာင္းၿပီးေတာ့ ဂိုးဝင္သြားတာျဖစ္တယ္လို႔ ေပါလ္စခိုးလ္က

ဝန္ခံေျပာဆိုခဲ့တာေၾကာင့္ အံ့အားသင့္စရာျဖစ္ခဲ့ရပါတယ္။ The Overlap

႐ုပ္သံအစီအစဥ္အတြက္ ဂယ္ရီနဗီးလ္က သူ႔အသင္းေဖာ္ေဟာင္း

ေပါလ္စခိုးလ္နဲ႔အင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီး ဘာစီလိုနာဘက္ကို သြင္းခဲ့တဲ့

ဂိုးနဲ႔ပတ္သက္လို႔ ေမးျမန္းခဲ့ခ်ိန္မွာ ေပါလ္စခိုးလ္က “အဲဒီတုန္းက

ငါကန္လိုက္တာ ထိခ်က္မမွန္ခဲ့ဘူးကြ။ ေဘာလုံးက ငါ့ ေျခဖမိုးနဲ႔ထိၿပီး

ထြက္သြားခဲ့တာ။ ပုံမွန္အတိုင္းသာဆိုရင္ အဲဒီလိုကန္ခ်က္က ဂိုးတိုင္ေဘးက

ထြက္သြားတာမ်ိဳး ဒါမွမဟုတ္ အေပၚေထာင္တက္သြားတာမ်ိဳးျဖစ္ရမွာ။

မင္းကို အမွန္အတိုင္းေျပာရရင္ အဲဒီအခ်ိန္ကေတာ့ ငါလည္း ဂိုးေပါက္

တည့္႐ုံေလာက္ပဲ ကန္လိုက္တာ။ ဒါေပမဲ့ ေဘာလုံးက ဂိုးသမားဆီ

တည့္တည့္သြားၿပီးမွ ညာဘက္ကို ေဝ့ဝိုက္ၿပီး ဂိုးဝင္သြားေတာ့တာပဲ။

အမွန္အတိုင္းဝန္ခံရရင္ အဲဒီကန္ခ်က္ဂိုးဝင္သြားမယ္လို႔ ငါ တကယ္

မထင္ထားဘူး”ဆိုၿပီး ေျဖၾကားခဲ့ပါတယ္။ ေပါလ္စခိုးလ္ရဲ႕ အေျဖကို

ဂယ္ရီနဗီးလ္ကိုယ္တိုင္ အံ့အားသင့္သြားၿပီး အဲဒီဂိုးဟာ

သူ႔ကစားသမားဘဝအတြက္ အေရးပါတဲ့ဂိုးလားလို႔ ေမးခြန္းထုတ္ခ်ိန္မွာ

ေပါလ္စခိုးလ္က “အင္း..ဟုတ္တယ္။ အဲဒီဂိုးက ငါ့အတြက္ေတာ့ အေရးအပါဆုံးဂိုးပဲ”လို႔ ေျပာခဲ့ပါတယ္။