စစ်တမ်းတွေအရ ယူနိုက်တက်အတွက် အရေးပါဆုံးကစားသမားက စီရော်နယ်လ်ဒိုမဟုတ် (ပရိသတ်တွေ မထင်မှတ်ထားတဲ့သူတွေဖြစ်နေ 😱)

စစ်တမ်းအချက်အလက်တွေအရ ဒီရာသီပရီးမီးယားလိဂ်မှာ မန်ချက်စတာ

ယူနိုက်တက်အသင်း နိုင်ပွဲတွေရယူခဲ့တာမှာ အဓိကအကျဆုံးက စီရော်နယ်လ်ဒို

မဟုတ်ဘဲ အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့ကွင်းလယ်လူဖရက်ဒ်တို့ဖြစ်နေပါတယ်။

မက်ဂွိုင်းယားဟာ ဒီရာသီတစ်လျှောက်လုံး ဆိုးရွားတဲ့ခြေစွမ်းပြသခဲ့ပြီး ဝေဖန်မှုတွေနဲ့

ရင်ဆိုင်နေရသလို ရန်နစ်ခ်လက်ထက်မှာ ပုံစံကောင်းပြန်ရခဲ့တဲ့ ဖရက်ဒ်ကလည်း

အဲဒီမတိုင်ခင်က ပုံမှန်စွမ်းဆောင်ရည်သာရှိခဲ့ပေမယ့် သူတို့နှစ်ယောက်က

အံ့အားသင့်စရာကောင်းအောင် ယူနိုက်တက်အသင်းရဲ့နိုင်ပွဲမှာ အရေးအပါဆုံး

ကစားသမားတွေဖြစ်နေတာပါ။ ဒီရာသီပရီးမီးယားလိဂ်မှာ ယူနိုက်တက်

အသင်းအတွက်(၁၀)ပွဲနဲ့အထက်ကစားခဲ့တဲ့ ကစားသမားတွေထဲမှာ ဖရက်ဒ်နဲ့

မက်ဂွိုင်းယားတို့က အကောင်းဆုံးဖြစ်နေကြပါတယ်။

ဖရက်ဒ်ဟာ သူပါဝင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်(၂၇)ပွဲမှာ (၁၄)ပွဲအနိုင်ရခဲ့ပြီး

အနိုင်ရာခိုင်နှုန်း(၅၁.၉%)အထိရှိခဲ့သလို မက်ဂွိုင်းယားကလည်း (၂၉)ပွဲကစား၊

(၁၅)ပွဲအနိုင်ရခဲ့တာကြောင့် အနိုင်ရာခိုင်နှုန်း(၅၁.၇%)အထိရှိနေတာဖြစ်ပါတယ်။

zawgyi

စစ္တမ္းေတြအရ ယူႏိုက္တက္အတြက္ အေရးပါဆုံးကစားသမားက စီေရာ္နယ္လ္ဒိုမဟုတ္ (ပရိသတ္ေတြ မထင္မွတ္ထားတဲ့သူေတြျဖစ္ေန 😱)

စစ္တမ္းအခ်က္အလက္ေတြအရ ဒီရာသီပရီးမီးယားလိဂ္မွာ မန္ခ်က္စတာ

ယူႏိုက္တက္အသင္း ႏိုင္ပြဲေတြရယူခဲ့တာမွာ အဓိကအက်ဆုံးက စီေရာ္နယ္လ္ဒို

မဟုတ္ဘဲ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားနဲ႔ကြင္းလယ္လူဖရက္ဒ္တို႔ျဖစ္ေနပါတယ္။

မက္ဂြိဳင္းယားဟာ ဒီရာသီတစ္ေလွ်ာက္လုံး ဆိုး႐ြားတဲ့ေျခစြမ္းျပသခဲ့ၿပီး ေဝဖန္မႈေတြနဲ႔

ရင္ဆိုင္ေနရသလို ရန္နစ္ခ္လက္ထက္မွာ ပုံစံေကာင္းျပန္ရခဲ့တဲ့ ဖရက္ဒ္ကလည္း

အဲဒီမတိုင္ခင္က ပုံမွန္စြမ္းေဆာင္ရည္သာရွိခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္က

အံ့အားသင့္စရာေကာင္းေအာင္ ယူႏိုက္တက္အသင္းရဲ႕ႏိုင္ပြဲမွာ အေရးအပါဆုံး

ကစားသမားေတြျဖစ္ေနတာပါ။ ဒီရာသီပရီးမီးယားလိဂ္မွာ ယူႏိုက္တက္

အသင္းအတြက္(၁၀)ပြဲနဲ႔အထက္ကစားခဲ့တဲ့ ကစားသမားေတြထဲမွာ ဖရက္ဒ္နဲ႔

မက္ဂြိဳင္းယားတို႔က အေကာင္းဆုံးျဖစ္ေနၾကပါတယ္။

ဖရက္ဒ္ဟာ သူပါဝင္ကစားခဲ့တဲ့ပရီးမီးယားလိဂ္(၂၇)ပြဲမွာ (၁၄)ပြဲအႏိုင္ရခဲ့ၿပီး

အႏိုင္ရာခိုင္ႏႈန္း(၅၁.၉%)အထိရွိခဲ့သလို မက္ဂြိဳင္းယားကလည္း (၂၉)ပြဲကစား၊

(၁၅)ပြဲအႏိုင္ရခဲ့တာေၾကာင့္ အႏိုင္ရာခိုင္ႏႈန္း(၅၁.၇%)အထိရွိေနတာျဖစ္ပါတယ္။