M Diary Channel

Local and Sport News

စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်တဲ့ မန်ယူအသင်းရဲ့ လက်ရှိအနေအထား

မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲဆက်

နိုင်ပွဲပျောက်ဆုံးခဲ့မှုကြောင့် ပွဲစဥ် (၈) ပွဲ ကစားပြီးချိန်မှာ ရမှတ် (၁၄) သာ ရရှိခဲ့ပြီး

ဇယားထိပ်ဆုံးနေရာက ချယ်လ်ဆီးအသင်းနဲ့ ရမှတ် (၅) မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။

လာမယ့် ကြာသပေတေးနေ့ မနက်မှာဆိုရင်လည်း မန်ယူအသင်းအနေနဲ့

ချန်ပီယံလိဂ် အုပ်စုပွဲစဥ်အဖြစ် ကစားရခက်ခဲတဲ့ အတ္တလန်တာအသင်းကို

အိမ်ကွင်းမှာ ယှဥ်ပြိုင်ရဦးမှာဖြစ်ပြီး အဆိုပါ ပွဲမှာပါ သရေ (သို့မဟုတ် )

အရှုံးရလဒ်ထွက်ပေါ်ခဲ့ရင် အုပ်စုအဆင့်ကနေ ကျွတ်ဖို့ ခက်ခဲသွားမယ့်

အနေအထားမှာလည်းရှိပါတယ်။ ပရီးမီးလားလိဂ်ရဲ့ ပွဲစဥ်အနေအထားကို

ပြန်ကြည့်မယ်ဆိုရင်လည်း မန်ယူအသင်းဟာ (၃) မှတ်အပြည့် ရသင့်ရထိုက်တဲ့

ပွဲစဥ်တွေမှာ အမှတ်တွေ ရအောင် စုဆောင်းထားနိုင်ခဲ့ခြင်းမရှိတဲ့အပြင်

ယခုလအတွင်းမှာ လီဗာပူးလ် ၊ စပါး အသင်းတို့ နဲ့ ပွဲကျပ်တွေ ဆက်တိုက်

ရင်ဆိုင်ရဖို့ရှိနေပြီးနောက်လမှာဆိုရင်လည်း မန်စီးတီး ၊ ဝက်ဒ်ဖို့ဒ်

ချယ်လ်ဆီးအသင်းတို့နဲ့ ဆက်တိုက်ဆိုသလို ယှဥ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

နောက်လအတွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဥ်တွေမှာလည်း

မန်ယူအသင်းဟာ အတ္တလန်တာ နဲ့ ဗီလာရီးရဲလ်အသင်းတို့ကို

အဝေးကွင်းပွဲစဥ်တွေ သွားရောက်ရင်ဆိုင်ရဦးမှာဖြစ်တာကြောင့်

မန်ယူအသင်းအတွက်တော့ ခက်ခဲတဲ့ ကာလတစ်ခုကို ထပ်မံကျော်ဖြတ်ရဦးမှာပါ။

လက်ရှိ မန်ယူအသင်းရဲ့ အနေအထားဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီလို့

ဆိုရမှာဖြစ်ပြီး ကစားသမားတွေ စိတ်ဓာတ်ပျက်ပြားနေတာကို နည်းပြဆိုးလ်ရှားအနေနဲ့

အချိန်မီ ထိန်းကျောင်းနိုင်ဖို့ လိုအပ်နေပြီး အမှားတွေကိုလည်း အချိန်မီ

ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိခဲ့ဘူးဆိုပါက မန်ယူအသင်းရဲ့ အခြေအနေဟာ

ပိုပြီး ဆိုးရွားသွားမယ့် အခြေအနေမှာ ရှိလို့နေတာဖြစ်ပါတယ်။

zawgyi

မန္ယူအသင္းဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၃) ပြဲဆက္

ႏိုင္ပြဲေပ်ာက္ဆုံးခဲ့မႈေၾကာင့္ ပြဲစဥ္ (၈) ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ (၁၄) သာ ရရွိခဲ့ၿပီး

ဇယားထိပ္ဆုံးေနရာက ခ်ယ္လ္ဆီးအသင္းနဲ႔ ရမွတ္ (၅) မွတ္အထိ ကြာဟခဲ့ၿပီျဖစ္ပါတယ္။

လာမယ့္ ၾကာသေပေတးေန႔ မနက္မွာဆိုရင္လည္း မန္ယူအသင္းအေနနဲ႔

ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္အျဖစ္ ကစားရခက္ခဲတဲ့ အတၱလန္တာအသင္းကို

အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ရဦးမွာျဖစ္ၿပီး အဆိုပါ ပြဲမွာပါ သေရ (သို႔မဟုတ္ )

အရႈံးရလဒ္ထြက္ေပၚခဲ့ရင္ အုပ္စုအဆင့္ကေန ကြၽတ္ဖို႔ ခက္ခဲသြားမယ့္

အေနအထားမွာလည္းရွိပါတယ္။ ပရီးမီးလားလိဂ္ရဲ႕ ပြဲစဥ္အေနအထားကို

ျပန္ၾကည့္မယ္ဆိုရင္လည္း မန္ယူအသင္းဟာ (၃) မွတ္အျပည့္ ရသင့္ရထိုက္တဲ့

ပြဲစဥ္ေတြမွာ အမွတ္ေတြ ရေအာင္ စုေဆာင္းထားႏိုင္ခဲ့ျခင္းမရွိတဲ့အျပင္

ယခုလအတြင္းမွာ လီဗာပူးလ္ ၊ စပါး အသင္းတို႔ နဲ႔ ပြဲက်ပ္ေတြ ဆက္တိုက္

ရင္ဆိုင္ရဖို႔ရွိေနၿပီးေနာက္လမွာဆိုရင္လည္း မန္စီးတီး ၊ ဝက္ဒ္ဖို႔ဒ္

ခ်ယ္လ္ဆီးအသင္းတို႔နဲ႔ ဆက္တိုက္ဆိုသလို ယွဥ္ၿပိဳင္ရဦးမွာျဖစ္ပါတယ္။

ေနာက္လအတြင္းမွာ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာလည္း

မန္ယူအသင္းဟာ အတၱလန္တာ နဲ႔ ဗီလာရီးရဲလ္အသင္းတို႔ကို

အေဝးကြင္းပြဲစဥ္ေတြ သြားေရာက္ရင္ဆိုင္ရဦးမွာျဖစ္တာေၾကာင့္

မန္ယူအသင္းအတြက္ေတာ့ ခက္ခဲတဲ့ ကာလတစ္ခုကို ထပ္မံေက်ာ္ျဖတ္ရဦးမွာပါ။

လက္ရွိ မန္ယူအသင္းရဲ႕ အေနအထားဟာ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ေနၿပီလို႔

ဆိုရမွာျဖစ္ၿပီး ကစားသမားေတြ စိတ္ဓာတ္ပ်က္ျပားေနတာကို နည္းျပဆိုးလ္ရွားအေနနဲ႔

အခ်ိန္မီ ထိန္းေက်ာင္းႏိုင္ဖို႔ လိုအပ္ေနၿပီး အမွားေတြကိုလည္း အခ်ိန္မီ

ျပန္လည္ျပင္ဆင္ႏိုင္ျခင္းမရွိခဲ့ဘူးဆိုပါက မန္ယူအသင္းရဲ႕ အေျခအေနဟာ

ပိုၿပီး ဆိုး႐ြားသြားမယ့္ အေျခအေနမွာ ရွိလို႔ေနတာျဖစ္ပါတယ္။

mdiarymm

mdiarymm