စီရော်နယ်လ်ဒိုကို အရှုပ်ထုပ်လို့ အသင်းဖော်တွေ ယူဆနေပြီ

မန်ချက်စတာယူနိုက်တက် စီနီယာကစားသမားအများစုက စီရော်နယ်လ်ဒိုကို

အရှုပ်ထုပ်အဖြစ် ယူဆနေကြပြီး သူ အသင်းကထွက်မယ့်အပေါ် ဝမ်းသာ

ကျေနပ်နေကြတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်မှာ

ကစားချင်တဲ့အတွက် အခုနွေရာသီအတွင်း ယူနိုက်တက်နဲ့လမ်းခွဲဖို့ဆန္ဒရှိနေပြီး

သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကြောင့် အသင်းတည်ငြိမ်မှုအပေါ်

ထိခိုက်မှုရှိနိုင်တယ်လို့ အသင်းဖော်တွေက ယူဆနေတာပါ။

အဲဒါနဲ့ပတ်သက်ပြီး ယူနိုက်တက်နဲ့နီးစပ်တဲ့သူတစ်ယောက်က

“စီရော်နယ်လ်ဒိုအပေါ် ကစားသမားအများစုက မကျေမနပ်ဖြစ်နေ

ကြပါတယ်။ သူ့ကို ထောက်ခံတဲ့ ကစားသမားတချို့ရှိနေပေမယ့်

အများစုကတော့ စီရော်နယ်လ်ဒိုရဲ့ စိတ်ဓာတ်ကို စိတ်ပျက်နေကြပါတယ်”လို့

အခုလအစောပိုင်းက The Sun သတင်းစာနဲ့အင်တာဗျူးမှာ

ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် စီရော်နယ်လ်ဒိုနဲ့ နည်းပြအဲရစ်တန်ဟက်တို့

ကြားမှာလည်း ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီး အဲရစ်တန်ဟက်က

ပြီးခဲ့တဲ့(၂)ပွဲဆက်တိုက် စီရော်နယ်လ်ဒိုကို အရန်ခုံပို့ခဲ့သလို အသင်းနဲ့

လမ်းခွဲဖို့ရှိတယ်ဆိုတဲ့သတင်းတွေကိုလည်း မငြင်းဆန်ခဲ့ပါဘူး။

zawgyi

စီေရာ္နယ္လ္ဒိုကို အရႈပ္ထုပ္လို႔ အသင္းေဖာ္ေတြ ယူဆေနၿပီ

မန္ခ်က္စတာယူႏိုက္တက္ စီနီယာကစားသမားအမ်ားစုက စီေရာ္နယ္လ္ဒိုကို

အရႈပ္ထုပ္အျဖစ္ ယူဆေနၾကၿပီး သူ အသင္းကထြက္မယ့္အေပၚ ဝမ္းသာ

ေက်နပ္ေနၾကတယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ

ကစားခ်င္တဲ့အတြက္ အခုေႏြရာသီအတြင္း ယူႏိုက္တက္နဲ႔လမ္းခြဲဖို႔ဆႏၵရွိေနၿပီး

သူ႔ရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြေၾကာင့္ အသင္းတည္ၿငိမ္မႈအေပၚ

ထိခိုက္မႈရွိႏိုင္တယ္လို႔ အသင္းေဖာ္ေတြက ယူဆေနတာပါ။

အဲဒါနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္နဲ႔နီးစပ္တဲ့သူတစ္ေယာက္က

“စီေရာ္နယ္လ္ဒိုအေပၚ ကစားသမားအမ်ားစုက မေက်မနပ္ျဖစ္ေန

ၾကပါတယ္။ သူ႔ကို ေထာက္ခံတဲ့ ကစားသမားတခ်ိဳ႕ရွိေနေပမယ့္

အမ်ားစုကေတာ့ စီေရာ္နယ္လ္ဒိုရဲ႕ စိတ္ဓာတ္ကို စိတ္ပ်က္ေနၾကပါတယ္”လို႔

အခုလအေစာပိုင္းက The Sun သတင္းစာနဲ႔အင္တာဗ်ဴးမွာ

ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ စီေရာ္နယ္လ္ဒိုနဲ႔ နည္းျပအဲရစ္တန္ဟက္တို႔

ၾကားမွာလည္း ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး အဲရစ္တန္ဟက္က

ၿပီးခဲ့တဲ့(၂)ပြဲဆက္တိုက္ စီေရာ္နယ္လ္ဒိုကို အရန္ခုံပို႔ခဲ့သလို အသင္းနဲ႔

လမ္းခြဲဖို႔ရွိတယ္ဆိုတဲ့သတင္းေတြကိုလည္း မျငင္းဆန္ခဲ့ပါဘူး။