စီရော်နယ်လ်ဒိုကို အသင်းမှာ လာကစားဖို့ မထိတထိဖိတ်ခေါ်လိုက်တဲ့ အူဒီးနီးစ်

အူဒီးနီးစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒိုကို သူတို့အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အွန်လိုင်းပေါ်မှာ

အတည်လိုလို၊ နောက်သလိုလိုနဲ့ Post တင်ပြီးတော့ ဖိတ်ခေါ်ခဲ့ပါတယ်။

အူဒီးနီးစ်အသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရယူနေပြီး

ပွဲစဉ်(၇)အပြီး၊ (၁၆)မှတ်နဲ့ အဆင့်(၃)နေရာမှာရပ်တည်နေပါတယ်။

အူဒီးနီးစ်အသင်းအနေနဲ့ လက်ရှိပုံစံကောင်းကို ရာသီကုန်အထိ

ဆက်လက်ထိန်းသိမ်းပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့

မျှော်လင့်ထားတာကြောင့် စီရော်နယ်လ်ဒိုလို ထိပ်တန်းကစားသမားတစ်ဦးကို

အသင်းမှာ လာကစားစေချင်နေတာဖြစ်ပါတယ်။ အူဒီးနီးစ်အသင်းက

သူတို့ရဲ့ Twitter မှာ စီရော်နယ်လ်ဒိုရဲ့ဓာတ်ပုံနဲ့အတူ ‘ကျွန်တော်တို့မှာ

ကြီးမားတဲ့ရည်မှန်းချက်ရှိပါတယ်’ဆိုတဲ့ Caption ရေးသားပြီး

Post တင်ခဲ့သလို အဲဒီအောက်မှာ အသင်းဂိုးသမားဆီလ်ဗက်စတြီက

‘အူဒီးနီးစ်ကို လာခဲ့ပါလား ..စီရော်နယ်လ်ဒို’လို့ Comment ရေးသားခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ

ချန်ပီယံလိဂ်ကစားခွင့်ရချင်တာကြောင့် ပြီးခဲ့တဲ့နွေရာသီအတွင်း

ယူနိုက်တက်ကနေထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပုံမှန်ကစားခွင့်ရဖို့

ရုန်းကန်နေရပေမယ့် ယူရိုပါလိဂ်မှာတော့ ပွဲထွက်ခွင့်ရခဲ့ပြီး ရှရစ်ဖ်နဲ့

ပွဲတုန်းက ဒီရာသီပထမဆုံးဂိုးကို ပယ်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုကို အသင္းမွာ လာကစားဖို႔ မထိတထိဖိတ္ေခၚလိုက္တဲ့ အူဒီးနီးစ္

အူဒီးနီးစ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမား

စီေရာ္နယ္လ္ဒိုကို သူတို႔အသင္းဆီ ေျပာင္းေ႐ႊ႕ကစားဖို႔ အြန္လိုင္းေပၚမွာ

အတည္လိုလို၊ ေနာက္သလိုလိုနဲ႔ Post တင္ၿပီးေတာ့ ဖိတ္ေခၚခဲ့ပါတယ္။

အူဒီးနီးစ္အသင္းဟာ ဒီရာသီစီးရီးေအၿပိဳင္ပြဲမွာ ရလဒ္ေကာင္းေတြရယူေနၿပီး

ပြဲစဥ္(၇)အၿပီး၊ (၁၆)မွတ္နဲ႔ အဆင့္(၃)ေနရာမွာရပ္တည္ေနပါတယ္။

အူဒီးနီးစ္အသင္းအေနနဲ႔ လက္ရွိပုံစံေကာင္းကို ရာသီကုန္အထိ

ဆက္လက္ထိန္းသိမ္းၿပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရယူႏိုင္ဖို႔

ေမွ်ာ္လင့္ထားတာေၾကာင့္ စီေရာ္နယ္လ္ဒိုလို ထိပ္တန္းကစားသမားတစ္ဦးကို

အသင္းမွာ လာကစားေစခ်င္ေနတာျဖစ္ပါတယ္။ အူဒီးနီးစ္အသင္းက

သူတို႔ရဲ႕ Twitter မွာ စီေရာ္နယ္လ္ဒိုရဲ႕ဓာတ္ပုံနဲ႔အတူ ‘ကြၽန္ေတာ္တို႔မွာ

ႀကီးမားတဲ့ရည္မွန္းခ်က္ရွိပါတယ္’ဆိုတဲ့ Caption ေရးသားၿပီး

Post တင္ခဲ့သလို အဲဒီေအာက္မွာ အသင္းဂိုးသမားဆီလ္ဗက္စႀတီက

‘အူဒီးနီးစ္ကို လာခဲ့ပါလား ..စီေရာ္နယ္လ္ဒို’လို႔ Comment ေရးသားခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီမွာ

ခ်န္ပီယံလိဂ္ကစားခြင့္ရခ်င္တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း

ယူႏိုက္တက္ကေနထြက္ခြာဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

စီေရာ္နယ္လ္ဒိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ပုံမွန္ကစားခြင့္ရဖို႔

႐ုန္းကန္ေနရေပမယ့္ ယူ႐ိုပါလိဂ္မွာေတာ့ ပြဲထြက္ခြင့္ရခဲ့ၿပီး ရွရစ္ဖ္နဲ႔

ပြဲတုန္းက ဒီရာသီပထမဆုံးဂိုးကို ပယ္နယ္တီကေန သြင္းယူခဲ့ပါတယ္။