စီရော်နယ်လ်ဒိုနေရာမှာ တိုက်စစ်မှူးတစ်ဦးအစားထိုးခေါ်ယူမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝါရင့်တိုက်စစ်ကစားသမား

စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက် တိုက်စစ်ပိုင်းကို

အားဖြည့်ဖို့ စတင်စီစဉ်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်း

ဘုတ်အဖွဲ့ဟာ ၂၀၂၀ တုန်းက အီဂါလိုကို ခေါ်ခဲ့သလိုပဲ ကာလတိုအတွက်

ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးခေါ်မှာလား . .ဒါမှမဟုတ် လာမယ့်နှစ်၊

နွေရာသီအထိ စောင့်ပြီးတော့မှ ကစားသမားသစ်ခေါ်မှာလားဆိုတာ

တိုင်ပင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပီယာ့စ်မော်ဂန်နဲ့

အင်တာဗျူးရုပ်သံဖိုင်ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ

ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒိုကို စာချုပ်သက်တမ်းမပြည့်ခင်မှာပဲ

နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်တာဖြစ်ပြီး အဲဒီအတွက်

လျော်ကြေးပေးစရာ မလိုအပ်တာကြောင့် ပေါင်(၁၆)သန်းလောက်

သက်သာသွားပါတယ်။ စီရော်နယ်လ်ဒို မရှိတော့တဲ့တိုက်စစ်ပိုင်းမှာ

အထောင်တိုက်စစ်အဖြစ်ကစားဖို့ မာစီယဲလ်တစ်ဦးသာရှိပြီး သူကလည်း

ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏရင်ဆိုင်နေရတာကြောင့်

ယူနိုက်တက်အသင်းအနေနဲ့ ကာလတိုအသုံးပြုဖို့အတွက်

ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ ကစားသမားသစ် အားဖြည့်ဖို့ လိုအပ်နေပါပြီ။

zawgyi

စီေရာ္နယ္လ္ဒိုေနရာမွာ တိုက္စစ္မႉးတစ္ဦးအစားထိုးေခၚယူမယ့္ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဝါရင့္တိုက္စစ္ကစားသမား

စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲလိုက္ၿပီးတဲ့ေနာက္ တိုက္စစ္ပိုင္းကို

အားျဖည့္ဖို႔ စတင္စီစဥ္ေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္း

ဘုတ္အဖြဲ႕ဟာ ၂၀၂၀ တုန္းက အီဂါလိုကို ေခၚခဲ့သလိုပဲ ကာလတိုအတြက္

ဇန္နဝါရီမွာ တိုက္စစ္မႉးတစ္ဦးေခၚမွာလား . .ဒါမွမဟုတ္ လာမယ့္ႏွစ္၊

ေႏြရာသီအထိ ေစာင့္ၿပီးေတာ့မွ ကစားသမားသစ္ေခၚမွာလားဆိုတာ

တိုင္ပင္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က ပီယာ့စ္ေမာ္ဂန္နဲ႔

အင္တာဗ်ဴး႐ုပ္သံဖိုင္ထြက္ေပၚခဲ့ၿပီး ရက္ပိုင္းအၾကာမွာပဲ

ယူႏိုက္တက္အသင္းက စီေရာ္နယ္လ္ဒိုကို စာခ်ဳပ္သက္တမ္းမျပည့္ခင္မွာပဲ

ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းလိုက္တာျဖစ္ၿပီး အဲဒီအတြက္

ေလ်ာ္ေၾကးေပးစရာ မလိုအပ္တာေၾကာင့္ ေပါင္(၁၆)သန္းေလာက္

သက္သာသြားပါတယ္။ စီေရာ္နယ္လ္ဒို မရွိေတာ့တဲ့တိုက္စစ္ပိုင္းမွာ

အေထာင္တိုက္စစ္အျဖစ္ကစားဖို႔ မာစီယဲလ္တစ္ဦးသာရွိၿပီး သူကလည္း

ဒဏ္ရာျပႆနာေတြနဲ႔ မၾကာခဏရင္ဆိုင္ေနရတာေၾကာင့္

ယူႏိုက္တက္အသင္းအေနနဲ႔ ကာလတိုအသုံးျပဳဖို႔အတြက္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္းမွာ ကစားသမားသစ္ အားျဖည့္ဖို႔ လိုအပ္ေနပါၿပီ။