စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့နဲ့ အဲရစ်တန်ဟက်၊ ကစားသမားတွေကြားမှာ တိုက်ပွဲဖြစ်နေ

စီရော်နယ်လ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့ကတစ်ဖက်

နည်းပြအဲရစ်တန်ဟက်နဲ့ကစားသမားသမားတွေကတစ်ဖက်

တိုက်ပွဲဖြစ်နေကြပါတယ်။ စီရော်နယ်လ်ဒိုဟာ အခုနွေရာသီအပြောင်းအရွှေ့

ဈေးကွက်မပိတ်ခင် အသင်းပြောင်းခွင့်ရဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး

အဲရစ်တန်ဟက်အပါအဝင် ယူနိုက်တက်ကစားသမားတွေက စီရော်နယ်လ်ဒိုရဲ့

ဆန္ဒအတိုင်း လက်လွှတ်လိုက်စေချင်ပေမယ့် ဂလေဇာမိသားစုကတော့

ဈေးကွက်အရ အသင်းအတွက်ငွေကြေးအမြတ်အစွန်းရှာပေးနိုင်တဲ့

စီရော်နယ်လ်ဒိုကို အသင်းမှာပဲ ဆက်ထားချင်နေပါတယ်။ အဲရစ်တန်ဟက်ဟာ

အရင်က စီရော်နယ်လ်ဒိုကို ရောင်းမှာမဟုတ်ဘူးလို့ဆိုခဲ့ဖူးပေမယ့်

အခုအချိန်မှာ စီရော်နယ်လ်ဒိုရဲ့ အပြုအမူတချို့ကြောင့် သူနဲ့လမ်းခွဲလိုက်တာက

အကောင်းဆုံးဖြစ်မယ်လို့ ယူဆနေတာပါ။ အခုအချိန်မှာ စီရော်နယ်လ်ဒိုနဲ့

ကျန်တဲ့အသင်းဖော်တွေကြားက ဆက်ဆံရေးဟာ ပိုအေးခဲလာပြီး

ယူနိုက်တက်စီနီယာကစားသမားတချို့က စီရော်နယ်လ်ဒိုရဲ့

စိတ်နေသဘောထားအပေါ် စိတ်ပျက်နေကြပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ဘုတ္အဖြဲ႕နဲ႔ အဲရစ္တန္ဟက္၊ ကစားသမားေတြၾကားမွာ တိုက္ပြဲျဖစ္ေန

စီေရာ္နယ္လ္ဒိုရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဘုတ္အဖြဲ႕ကတစ္ဖက္

နည္းျပအဲရစ္တန္ဟက္နဲ႔ကစားသမားသမားေတြကတစ္ဖက္

တိုက္ပြဲျဖစ္ေနၾကပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕

ေဈးကြက္မပိတ္ခင္ အသင္းေျပာင္းခြင့္ရဖို႔ ဆႏၵရွိေနဆဲျဖစ္ၿပီး

အဲရစ္တန္ဟက္အပါအဝင္ ယူႏိုက္တက္ကစားသမားေတြက စီေရာ္နယ္လ္ဒိုရဲ႕

ဆႏၵအတိုင္း လက္လႊတ္လိုက္ေစခ်င္ေပမယ့္ ဂေလဇာမိသားစုကေတာ့

ေဈးကြက္အရ အသင္းအတြက္ေငြေၾကးအျမတ္အစြန္းရွာေပးႏိုင္တဲ့

စီေရာ္နယ္လ္ဒိုကို အသင္းမွာပဲ ဆက္ထားခ်င္ေနပါတယ္။ အဲရစ္တန္ဟက္ဟာ

အရင္က စီေရာ္နယ္လ္ဒိုကို ေရာင္းမွာမဟုတ္ဘူးလို႔ဆိုခဲ့ဖူးေပမယ့္

အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒိုရဲ႕ အျပဳအမူတခ်ိဳ႕ေၾကာင့္ သူနဲ႔လမ္းခြဲလိုက္တာက

အေကာင္းဆုံးျဖစ္မယ္လို႔ ယူဆေနတာပါ။ အခုအခ်ိန္မွာ စီေရာ္နယ္လ္ဒိုနဲ႔

က်န္တဲ့အသင္းေဖာ္ေတြၾကားက ဆက္ဆံေရးဟာ ပိုေအးခဲလာၿပီး

ယူႏိုက္တက္စီနီယာကစားသမားတခ်ိဳ႕က စီေရာ္နယ္လ္ဒိုရဲ႕

စိတ္ေနသေဘာထားအေပၚ စိတ္ပ်က္ေနၾကပါတယ္။