စီရော်နယ်လ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းခဲ့လို့ ဝမ်းသာအားရဖြစ်ခဲ့တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်ဟာ

စီရော်နယ်လ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းတဲ့သတင်းထွက်ပေါ်လာပြီး

မကြာခင်မှာပဲ သူ့ရဲ့ Instagram Story မှာ Post တင်ပြီးတော့

ဝမ်းသာအားရအောင်ပွဲခံခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အစီအစဉ်တင်ဆက်သူ

ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစု၊

နည်းပြအဲရစ်တန်ဟက်၊ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊

ရွန်နီတို့ကို ဝေဖန်ပြောဆိုခဲ့သလို အဲဒီ အင်တာဗျူးရုပ်သံဖိုင်ထွက်ပေါ်လာပြီး

ရက်ပိုင်းအကြာမှာပဲ ယူနိုက်တက်အသင်းက စီရော်နယ်လ်ဒိုနဲ့

နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က

ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုတဲ့

သတင်းကို အတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီး မကြာခင်မှာပဲ ပေါလ်စခိုးလ်က

Instagram Story ‘Mission accomplished (ကိစ္စတစ်ခုတော့ ပြီးမြောက်သွားပြီ)’လို့

Post တင်ခဲ့ပါတယ်။ အဲဒါကို ဗြိတိန်မီဒီယာတွေက အကျယ်တဝင့်

ဖော်ပြခဲ့ကြပြီး နောက်ပိုင်းမှာတော့ ပေါလ်စခိုးလ်က သူ့ Post ကို ပြန်ဖျက်ခဲ့ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့လို႔ ဝမ္းသာအားရျဖစ္ခဲ့တဲ့ ေပါလ္စခိုးလ္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ကြင္းလယ္လူ ေပါလ္စခိုးလ္ဟာ

စီေရာ္နယ္လ္ဒိုနဲ႔ စာခ်ဳပ္ဖ်က္သိမ္းတဲ့သတင္းထြက္ေပၚလာၿပီး

မၾကာခင္မွာပဲ သူ႔ရဲ႕ Instagram Story မွာ Post တင္ၿပီးေတာ့

ဝမ္းသာအားရေအာင္ပြဲခံခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ အစီအစဥ္တင္ဆက္သူ

ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အသင္းပိုင္ရွင္ ဂေလဇာမိသားစု၊

နည္းျပအဲရစ္တန္ဟက္၊ အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဂယ္ရီနဗီးလ္၊

႐ြန္နီတို႔ကို ေဝဖန္ေျပာဆိုခဲ့သလို အဲဒီ အင္တာဗ်ဴး႐ုပ္သံဖိုင္ထြက္ေပၚလာၿပီး

ရက္ပိုင္းအၾကာမွာပဲ ယူႏိုက္တက္အသင္းက စီေရာ္နယ္လ္ဒိုနဲ႔

ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔က

ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုနဲ႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီဆိုတဲ့

သတင္းကို အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ၿပီး မၾကာခင္မွာပဲ ေပါလ္စခိုးလ္က

Instagram Story ‘Mission accomplished (ကိစၥတစ္ခုေတာ့ ၿပီးေျမာက္သြားၿပီ)’လို႔

Post တင္ခဲ့ပါတယ္။ အဲဒါကို ၿဗိတိန္မီဒီယာေတြက အက်ယ္တဝင့္

ေဖာ္ျပခဲ့ၾကၿပီး ေနာက္ပိုင္းမွာေတာ့ ေပါလ္စခိုးလ္က သူ႔ Post ကို ျပန္ဖ်က္ခဲ့ပါတယ္။