စီရော်နယ်လ်ဒိုနဲ့ တစ်သင်းအတူကစားရတာ ဘာမှ အဆင်မပြေဖြစ်စရာမရှိဘူးလို့ ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်

မန်ချက်စတာယူနိုက်တက်ရဲ့ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ

ဘရူနိုဖာနန်ဒက်စ်က စီရော်နယ်လ်ဒိုနဲ့ တစ်သင်းတည်းအတူ

ကစားခွင့်ရတာဟာ အထူးအခွင့်အရေးအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး

သူနဲ့တွဲကစားရတဲ့အတွက် ဘယ်လိုအဆင်မပြေမှုမှ မရှိဘူးလို့

ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ကို စီရော်နယ်လ်ဒို

ရောက်ရှိလာချိန်ကစလို့ ဘရူနိုဖာနန်ဒက်စ်ဟာ ပုံမှန်ခြေစွမ်းပြဖို့

ရုန်းကန်ခဲ့ရပြီး စီရော်နယ်လ်ဒို မပါနိုင်တဲ့ပွဲတွေဆိုရင် ခြေစွမ်းပြ

ကစားနိုင်လေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။

အဲဒါကြောင့် မီဒီယာတွေက ကလပ်အသင်းမှာ စီရော်နယ်လ်ဒိုနဲ့

တွဲဖက်ကစားခဲ့ရချိန်အတွင်း အဆင်မပြေတာရှိခဲ့လားဆိုပြီး

မေးခွန်းထုတ်ခဲ့တော့ ဘရူနိုဖာနန်ဒက်စ်က “ဘယ်လို အဆင်မပြေမှုမှ

မခံစားခဲ့ရပါဘူး။ စီရော်နယ်လ်နဲ့အတူ ကလပ်၊ လက်ရွေးစင်အသင်းတွေမှာ

ကစားခွင့်ရတာက ကျွန်တော့်အတွက် မဟာအခွင့်အရေးပါပဲ။

စီရော်နယ်လ်ဒိုဟာ ကျွန်တော် လေးစားအားကျရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး

သူနဲ့တွဲဖက်ကစားခွင့်ရတာက ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ်

ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကလပ်အသင်းမှာ စီရော်နယ်လ်ဒိုနဲ့

နောက်ထပ်အတူ ကစားခွင့်ရမှာ မဟုတ်တဲ့အတွက် စိတ်မကောင်း

ဖြစ်ရပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့

လေးစားမှုပေးရမှာဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုနဲ႔ တစ္သင္းအတူကစားရတာ ဘာမွ အဆင္မေျပျဖစ္စရာမရွိဘူးလို႔ ဘ႐ူႏိုဖာနန္ဒက္စ္ တုံ႔ျပန္

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္လူ

ဘ႐ူႏိုဖာနန္ဒက္စ္က စီေရာ္နယ္လ္ဒိုနဲ႔ တစ္သင္းတည္းအတူ

ကစားခြင့္ရတာဟာ အထူးအခြင့္အေရးအျဖစ္ သတ္မွတ္ရမွာျဖစ္ၿပီး

သူနဲ႔တြဲကစားရတဲ့အတြက္ ဘယ္လိုအဆင္မေျပမႈမွ မရွိဘူးလို႔

ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ယူႏိုက္တက္ကို စီေရာ္နယ္လ္ဒို

ေရာက္ရွိလာခ်ိန္ကစလို႔ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ပုံမွန္ေျခစြမ္းျပဖို႔

႐ုန္းကန္ခဲ့ရၿပီး စီေရာ္နယ္လ္ဒို မပါႏိုင္တဲ့ပြဲေတြဆိုရင္ ေျခစြမ္းျပ

ကစားႏိုင္ေလ့ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြထြက္ေပၚခဲ့ပါတယ္။

အဲဒါေၾကာင့္ မီဒီယာေတြက ကလပ္အသင္းမွာ စီေရာ္နယ္လ္ဒိုနဲ႔

တြဲဖက္ကစားခဲ့ရခ်ိန္အတြင္း အဆင္မေျပတာရွိခဲ့လားဆိုၿပီး

ေမးခြန္းထုတ္ခဲ့ေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္က “ဘယ္လို အဆင္မေျပမႈမွ

မခံစားခဲ့ရပါဘူး။ စီေရာ္နယ္လ္နဲ႔အတူ ကလပ္၊ လက္ေ႐ြးစင္အသင္းေတြမွာ

ကစားခြင့္ရတာက ကြၽန္ေတာ့္အတြက္ မဟာအခြင့္အေရးပါပဲ။

စီေရာ္နယ္လ္ဒိုဟာ ကြၽန္ေတာ္ ေလးစားအားက်ရတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး

သူနဲ႔တြဲဖက္ကစားခြင့္ရတာက ကြၽန္ေတာ့္ရဲ႕ အိပ္မက္ေတြ အမွန္တကယ္

ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ ကလပ္အသင္းမွာ စီေရာ္နယ္လ္ဒိုနဲ႔

ေနာက္ထပ္အတူ ကစားခြင့္ရမွာ မဟုတ္တဲ့အတြက္ စိတ္မေကာင္း

ျဖစ္ရေပမယ့္ သူ႔ရဲ႕ဆုံးျဖတ္ခ်က္အေပၚ ကြၽန္ေတာ္တို႔

ေလးစားမႈေပးရမွာျဖစ္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။