
တူရကီက မထင်မရှားကလပ် Ankaragücü မှာကစားနေတဲ့ တိုက်စစ်မှူးမာချီဒါက
မန်ချက်စတာယူနိုက်တက်မှာ စီရော်နယ်လ်ဒိုလို ကစားသမားမျိုးနဲ့တွဲဖက်
ကစားခွင့်ရခဲ့ပေမယ့် ဘာမှမသင်ယူနိုင်ခဲ့တဲ့အတွက် နောင်တရမိတယ်လို့
ဝန်ခံပြောဆိုခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ မာချီဒါဟာ ၂၀၀၇ ခုနှစ်မှာ
လာဇီယိုအကယ်ဒမီကနေ ယူနိုက်တက်အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပြီး
၂၀၀၈-၀၉ ရာသီက အက်စတွန်ဗီလာနဲ့ပွဲမှာ စီနီယာအသင်းအတွက်
ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့သလို အဖိုးတန်အနိုင်ဂိုးကိုလည်း သွင်းယူခဲ့တာကြောင့်
ချက်ချင်းဆိုသလို နာမည်ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း
မာချီဒါဟာ ပရိသတ်တွေမျှော်လင့်သလို အဆင့်မျိုးရောက်မလာဘဲ
မကြာခဏအငှားချခံခဲ့ရသလို ၂၀၁၄ ခုနှစ်မှာတော့ ယူနိုက်တက်နဲ့
လမ်းခွဲခဲ့ပါတယ်။ မာချီဒါဟာ ယူနိုက်တက်ကစားသမားဘဝအစပိုင်းမှာ
စီရော်နယ်လ်ဒိုနဲ့အတူကစားခွင့်ရခဲ့ပေမယ့် သူက စီရော်နယ်လ်ဒိုလို
ကမ္ဘာ့အဆင့်ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မာချီဒါက “တစ်ခါတုန်းကဆိုရင်
လေ့ကျင့်ခန်းပြီးလို့ ကျွန်တော်နဲ့ တခြားအသင်းဖော်တွေဟာ ပုံမှန်အတိုင်း
ဂျာကူဇီ ရေကန်မှာစိမ်နေပေမယ့် စီရော်နယ်လ်ဒိုကတော့ ရေကူးကန်ထဲမှာ
ဟိုဘက်ဒီဘက်ကို တစ်နာရီကြာတဲ့အထိ ကူးခတ်နေဆဲဖြစ်ပါတယ်။
အချိန်တွေနောက်ပြန်ဆုတ်လို့ရရင် စီရော်နယ်လ်ဒိုကို စံနမူနာယူပြီး
သူဘာပဲလုပ်လုပ် ကျွန်တော် အတုခိုးပြီးတော့ လိုက်လုပ်မိမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ စီရော်နယ်လ်ဒိုဟာ မယုံနိုင်လောက်အောင်
ထူးချွန်တဲ့ ဘောလုံးသမားတစ်ဦးဖြစ်နေလို့ပါပဲ”လို့ပြောကြားခဲ့ပါတယ်။
zawgyi
စီေရာ္နယ္လ္ဒိုနဲ႔ တြဲကစားခြင့္ရခဲ့ေပမယ့္ သူ႔ဆီကေန ဘာမွမသင္ယူႏိုင္လို႔ ေနာင္တရေနတဲ့ မာခ်ီဒါ
တူရကီက မထင္မရွားကလပ္ Ankaragücü မွာကစားေနတဲ့ တိုက္စစ္မႉးမာခ်ီဒါက
မန္ခ်က္စတာယူႏိုက္တက္မွာ စီေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးနဲ႔တြဲဖက္
ကစားခြင့္ရခဲ့ေပမယ့္ ဘာမွမသင္ယူႏိုင္ခဲ့တဲ့အတြက္ ေနာင္တရမိတယ္လို႔
ဝန္ခံေျပာဆိုခဲ့ပါတယ္။ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာခ်ီဒါဟာ ၂၀၀၇ ခုႏွစ္မွာ
လာဇီယိုအကယ္ဒမီကေန ယူႏိုက္တက္အကယ္ဒမီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး
၂၀၀၈-၀၉ ရာသီက အက္စတြန္ဗီလာနဲ႔ပြဲမွာ စီနီယာအသင္းအတြက္
ပြဲဦးထြက္ပါဝင္ကစားခြင့္ရခဲ့သလို အဖိုးတန္အႏိုင္ဂိုးကိုလည္း သြင္းယူခဲ့တာေၾကာင့္
ခ်က္ခ်င္းဆိုသလို နာမည္ထင္ရွားေက်ာ္ၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း
မာခ်ီဒါဟာ ပရိသတ္ေတြေမွ်ာ္လင့္သလို အဆင့္မ်ိဳးေရာက္မလာဘဲ
မၾကာခဏအငွားခ်ခံခဲ့ရသလို ၂၀၁၄ ခုႏွစ္မွာေတာ့ ယူႏိုက္တက္နဲ႔
လမ္းခြဲခဲ့ပါတယ္။ မာခ်ီဒါဟာ ယူႏိုက္တက္ကစားသမားဘဝအစပိုင္းမွာ
စီေရာ္နယ္လ္ဒိုနဲ႔အတူကစားခြင့္ရခဲ့ေပမယ့္ သူက စီေရာ္နယ္လ္ဒိုလို
ကမာၻ႔အဆင့္ေရာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ မာခ်ီဒါက “တစ္ခါတုန္းကဆိုရင္
ေလ့က်င့္ခန္းၿပီးလို႔ ကြၽန္ေတာ္နဲ႔ တျခားအသင္းေဖာ္ေတြဟာ ပုံမွန္အတိုင္း
ဂ်ာကူဇီ ေရကန္မွာစိမ္ေနေပမယ့္ စီေရာ္နယ္လ္ဒိုကေတာ့ ေရကူးကန္ထဲမွာ
ဟိုဘက္ဒီဘက္ကို တစ္နာရီၾကာတဲ့အထိ ကူးခတ္ေနဆဲျဖစ္ပါတယ္။
အခ်ိန္ေတြေနာက္ျပန္ဆုတ္လို႔ရရင္ စီေရာ္နယ္လ္ဒိုကို စံနမူနာယူၿပီး
သူဘာပဲလုပ္လုပ္ ကြၽန္ေတာ္ အတုခိုးၿပီးေတာ့ လိုက္လုပ္မိမွာပါ။
ဘာျဖစ္လို႔လဲဆိုေတာ့ စီေရာ္နယ္လ္ဒိုဟာ မယုံႏိုင္ေလာက္ေအာင္
ထူးခြၽန္တဲ့ ေဘာလုံးသမားတစ္ဦးျဖစ္ေနလို႔ပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။