
နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်ဟာ
အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် ဝေဖန်ခံနေရတဲ့
သူ့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ စီရော်နယ်လ်ဒိုဘက်ကနေ
ရပ်တည်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်
ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက
ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကိစ္စကြောင့် မန်ချက်စတာယူနိုက်တက်နဲ့
လမ်းခွဲခဲ့ရပြီး ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းကို
(၁)နှစ် ပေါင်(၁၇၅)သန်းပမာဏနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ရဖို့ ပစ်မှတ်
ထားခဲ့ပေမယ့် ဥရောပဘောလုံးရပ်ဝန်းကို စွန့်ခွာပြီး
အာရှမြေမှာ ဘောလုံးသမားဘဝဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့်
သူ့ရဲ့ ဘောလုံးသမားဘ၀ အဆုံးသတ်သွားပြီလို့ ပရိသတ်တွေက
ဝေဖန်ခဲ့ကြပါတယ်။ ‘စီရော်နယ်လ်ဒိုရဲ့ ဘောလုံးသမားဘ၀
အဆုံးသတ်သွားပြီလား’ဆိုတဲ့ ခေါင်းစဉ်နဲ့ Twitter မှာ
ပရိသတ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ပြီး အဲဒီမှာ
ပီယာ့စ်မော်ဂန်က ‘စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့က
ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းနားဆုံးဖြစ်ပြီး
သူဟာ အသက်(၃၈)နှစ်အရွယ်မှာ ဝင်ငွေအကောင်းဆုံး
ကစားသမားဖြစ်လာပါပြီ။ ဆော်ဒီနိုင်ငံက ၂၀၂၂ ကမ္ဘာ့ဖလားမှာ
ချန်ပီယံ အာဂျင်တီးနားကို အနိုင်ယူခဲ့တဲ့ တစ်သင်းတည်းသော
နိုင်ငံပါ။ ဒါတောင် စီရော်နယ်လ်ဒိုရဲ့ ဘောလုံးသမားဘ၀
အဆုံးသတ်ပြီလို့ ထင်နေကြတုန်းပဲလား’လို့ Comment ရေးသားခဲ့ပါတယ်။
zawgyi
စီေရာ္နယ္လ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕က ေဘာလုံးသမိုင္းမွာ အႀကီးက်ယ္အခမ္းနားဆုံးျဖစ္တယ္လို႔ ပီယာ့စ္ေမာ္ဂန္ ခ်ီးက်ဴး
နာမည္ေက်ာ္ ႐ုပ္သံအစီအစဥ္တင္ဆက္သူ ပီယာ့စ္ေမာ္ဂန္ဟာ
အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အတြက္ ေဝဖန္ခံေနရတဲ့
သူ႔ရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြျဖစ္သူ စီေရာ္နယ္လ္ဒိုဘက္ကေန
ရပ္တည္ၿပီး ကာကြယ္ေျပာဆိုခဲ့ပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္
ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက
ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးကိစၥေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔
လမ္းခြဲခဲ့ရၿပီး ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းကို
(၁)ႏွစ္ ေပါင္(၁၇၅)သန္းပမာဏနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
စီေရာ္နယ္လ္ဒိုအေနနဲ႔ ခ်န္ပီယံလိဂ္ကစားခြင့္ရဖို႔ ပစ္မွတ္
ထားခဲ့ေပမယ့္ ဥေရာပေဘာလုံးရပ္ဝန္းကို စြန႔္ခြာၿပီး
အာရွေျမမွာ ေဘာလုံးသမားဘဝျဖတ္သန္းဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္
သူ႔ရဲ႕ ေဘာလုံးသမားဘ၀ အဆုံးသတ္သြားၿပီလို႔ ပရိသတ္ေတြက
ေဝဖန္ခဲ့ၾကပါတယ္။ ‘စီေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးသမားဘ၀
အဆုံးသတ္သြားၿပီလား’ဆိုတဲ့ ေခါင္းစဥ္နဲ႔ Twitter မွာ
ပရိသတ္ေတြ အျပန္အလွန္ေဆြးေႏြးခဲ့ၿပီး အဲဒီမွာ
ပီယာ့စ္ေမာ္ဂန္က ‘စီေရာ္နယ္လ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕က
ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္အခမ္းနားဆုံးျဖစ္ၿပီး
သူဟာ အသက္(၃၈)ႏွစ္အ႐ြယ္မွာ ဝင္ေငြအေကာင္းဆုံး
ကစားသမားျဖစ္လာပါၿပီ။ ေဆာ္ဒီႏိုင္ငံက ၂၀၂၂ ကမာၻ႔ဖလားမွာ
ခ်န္ပီယံ အာဂ်င္တီးနားကို အႏိုင္ယူခဲ့တဲ့ တစ္သင္းတည္းေသာ
ႏိုင္ငံပါ။ ဒါေတာင္ စီေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးသမားဘ၀
အဆုံးသတ္ၿပီလို႔ ထင္ေနၾကတုန္းပဲလား’လို႔ Comment ေရးသားခဲ့ပါတယ္။