စီရော်နယ်လ်ဒိုလိုပဲ ယူနိုက်တက်နဲ့ လမ်းခွဲဖို့နီးစပ်နေတဲ့ နောက်ထပ်ကစားသမားက ဘယ်သူလဲ

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ လာမယ့်

ဇန်နဝါရီအပြောင်းအရွှေ့အတွင်း နောက်ခံလူ ဘစ်ဆာကာကို ရောင်းချပြီး

ညာနောက်ခံလူတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ

အခုရက်ပိုင်းအတွင်းမှာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုနဲ့

နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဘစ်ဆာကာကလည်း

စီရော်နယ်လ်ဒိုနောက်ကို လိုက်ရဖို့ရှိနေပါပြီ။ နည်းပြအဲရစ်တန်ဟက်ဟာ

ညာနောက်ခံလူနေရာမှာ ဒါလော့တ်နဲ့အပြိုင် ပွဲထွက်ခွင့်ရဖို့

ဖိအားပေးနိုင်မယ့် ကစားသမားသစ်တစ်ဦး ခေါ်ယူချင်နေပြီး သူ့ရဲ့

စီမံကိန်းတွေထဲမှာ ဘစ်ဆာကာ မပါဝင်တော့တာကြောင့် လာမယ့်

ဇန်နဝါရီကျရင် ရောင်းချသွားဖို့ရှိတယ်လို့ ဗြိတိန်သတင်းစာ Telegraph က

ဖော်ပြခဲ့ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဘစ်ဆာကာဟာ

၂၀၁၉ ခုနှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်ကနေ ယူနိုက်တက်ကို

ပေါင်(၄၅)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး,ပြီးခဲ့တဲ့ရာသီတွေမှာ အသင်းရဲ့

အဓိက နောက်ခံလူအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီရာသီ အဲရစ်တန်ဟက်လက်အောက်မှာတော့

ဘစ်ဆာကာဟာ ဒဏ်ရာပြဿနာတွေနဲ့အတူ ပုံမှန်ကစားခွင့်

ပျောက်ဆုံးနေပြီး သြဂုတ်လတုန်းက လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့

အနိုင်ရခဲ့တဲ့ပွဲ၊ ပွဲပြီးခါနီးမှ လူစားဝင်ကစားရတဲ့တစ်ပွဲသာ

အသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

zawgyi

စီေရာ္နယ္လ္ဒိုလိုပဲ ယူႏိုက္တက္နဲ႔ လမ္းခြဲဖို႔နီးစပ္ေနတဲ့ ေနာက္ထပ္ကစားသမားက ဘယ္သူလဲ

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ လာမယ့္

ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း ေနာက္ခံလူ ဘစ္ဆာကာကို ေရာင္းခ်ၿပီး

ညာေနာက္ခံလူတစ္ဦးေခၚယူဖို႔ ဆႏၵရွိေနပါတယ္။ ယူႏိုက္တက္အသင္းဟာ

အခုရက္ပိုင္းအတြင္းမွာ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုနဲ႔

ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး ဘစ္ဆာကာကလည္း

စီေရာ္နယ္လ္ဒိုေနာက္ကို လိုက္ရဖို႔ရွိေနပါၿပီ။ နည္းျပအဲရစ္တန္ဟက္ဟာ

ညာေနာက္ခံလူေနရာမွာ ဒါေလာ့တ္နဲ႔အၿပိဳင္ ပြဲထြက္ခြင့္ရဖို႔

ဖိအားေပးႏိုင္မယ့္ ကစားသမားသစ္တစ္ဦး ေခၚယူခ်င္ေနၿပီး သူ႔ရဲ႕

စီမံကိန္းေတြထဲမွာ ဘစ္ဆာကာ မပါဝင္ေတာ့တာေၾကာင့္ လာမယ့္

ဇန္နဝါရီက်ရင္ ေရာင္းခ်သြားဖို႔ရွိတယ္လို႔ ၿဗိတိန္သတင္းစာ Telegraph က

ေဖာ္ျပခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘစ္ဆာကာဟာ

၂၀၁၉ ခုႏွစ္တုန္းက ခရစၥတယ္ပဲေလ့စ္ကေန ယူႏိုက္တက္ကို

ေပါင္(၄၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး,ၿပီးခဲ့တဲ့ရာသီေတြမွာ အသင္းရဲ႕

အဓိက ေနာက္ခံလူအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့လည္း ဒီရာသီ အဲရစ္တန္ဟက္လက္ေအာက္မွာေတာ့

ဘစ္ဆာကာဟာ ဒဏ္ရာျပႆနာေတြနဲ႔အတူ ပုံမွန္ကစားခြင့္

ေပ်ာက္ဆုံးေနၿပီး ၾသဂုတ္လတုန္းက လီဗာပူးလ္ကို (၂-၁)ဂိုးနဲ႔

အႏိုင္ရခဲ့တဲ့ပြဲ၊ ပြဲၿပီးခါနီးမွ လူစားဝင္ကစားရတဲ့တစ္ပြဲသာ

အသင္းအတြက္ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။