M Diary Channel

Local and Sport News

“စီရော်နယ်လ်ဒိုအပေါ် ဝေဖန်မှုတွေက လုံးဝအဓိပ္ပါယ်မရှိပါဘူး ” လူးဝစ်ဖီဂို

ပေါ်တူဂီဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ လူးဝစ်ဖီဂိုက မန်ချက်စတာ

ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့

စွမ်းဆောင်ရည်အပေါ် ဘာလို့ဝေဖန်နေကြလဲဆိုတာ နားမလည်နိုင်အောင်

ဖြစ်ရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ

ဒီရာသီမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်ခဲ့ပြီး ဒါက စီရော်နယ်လ်ဒိုကြောင့်

ဖြစ်နေရတာလို့ နာမည်ကျော်ဘောလုံးသမားဟောင်းတချို့က ဝေဖန်

ပြစ်တင်နေကြတဲ့အတွက် ဖီဂိုက စီရော်နယ်လ်ဒိုဘက်ကနေ ရပ်တည်ပြီး

တုံ့ပြန်ခဲ့တာပါ။ ပေါ်တူဂီသတင်းစာ A Bola နဲ့အင်တာဗျူးမှာ ဖီဂိုက

“စီရော်နယ်လ်ဒိုအပေါ် ဝေဖန်မှုတွေက လုံးဝအဓိပ္ပါယ်မရှိပါဘူး။

သူက အကောင်းဆုံးကစားသမားတစ်ဦးပါ။ အသင်းတစ်သင်းအနေနဲ့

မျှော်လင့်တဲ့ရလဒ်မျိုးမရရင် ကစားသမားတွေ ဝေဖန်ခံရမှာက

ဘာမှမဆန်းပေမယ့် စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက်

ခြေစွမ်းပြနေတဲ့ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တာကြောင့်

သူ့ကို ဘာလို့ဝေဖန်နေကြလဲဆိုတာ ကျွန်တော်နားမလည်တော့ပါဘူး”လို့

ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စု

(၅)ပွဲဆက်တိုက်ဂိုးသွင်းယူခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ရောက်အောင်

ပို့ဆောင်ပေးခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲကစား၊ (၁၀)ဂိုး

သွင်းယူထားပါတယ်။

zawgyi

“စီေရာ္နယ္လ္ဒိုအေပၚ ေဝဖန္မႈေတြက လုံးဝအဓိပၸါယ္မရွိပါဘူး ” လူးဝစ္ဖီဂို

ေပၚတူဂီဂႏၴဝင္ကစားသမားတစ္ဦးျဖစ္သူ လူးဝစ္ဖီဂိုက မန္ခ်က္စတာ

ယူႏိုက္တက္အသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕

စြမ္းေဆာင္ရည္အေပၚ ဘာလို႔ေဝဖန္ေနၾကလဲဆိုတာ နားမလည္ႏိုင္ေအာင္

ျဖစ္ရတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ

ဒီရာသီမွာ ရလဒ္ေတြမတည္မၿငိမ္ျဖစ္ခဲ့ၿပီး ဒါက စီေရာ္နယ္လ္ဒိုေၾကာင့္

ျဖစ္ေနရတာလို႔ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းတခ်ိဳ႕က ေဝဖန္

ျပစ္တင္ေနၾကတဲ့အတြက္ ဖီဂိုက စီေရာ္နယ္လ္ဒိုဘက္ကေန ရပ္တည္ၿပီး

တုံ႔ျပန္ခဲ့တာပါ။ ေပၚတူဂီသတင္းစာ A Bola နဲ႔အင္တာဗ်ဴးမွာ ဖီဂိုက

“စီေရာ္နယ္လ္ဒိုအေပၚ ေဝဖန္မႈေတြက လုံးဝအဓိပၸါယ္မရွိပါဘူး။

သူက အေကာင္းဆုံးကစားသမားတစ္ဦးပါ။ အသင္းတစ္သင္းအေနနဲ႔

ေမွ်ာ္လင့္တဲ့ရလဒ္မ်ိဳးမရရင္ ကစားသမားေတြ ေဝဖန္ခံရမွာက

ဘာမွမဆန္းေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းအတြက္

ေျခစြမ္းျပေနတဲ့ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တာေၾကာင့္

သူ႔ကို ဘာလို႔ေဝဖန္ေနၾကလဲဆိုတာ ကြၽန္ေတာ္နားမလည္ေတာ့ပါဘူး”လို႔

ေျပာၾကားခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စု

(၅)ပြဲဆက္တိုက္ဂိုးသြင္းယူခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ေရာက္ေအာင္

ပို႔ေဆာင္ေပးခဲ့သလို အသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၄)ပြဲကစား၊ (၁၀)ဂိုး

သြင္းယူထားပါတယ္။mdiarymm

mdiarymm