” စီရော်နယ်လ်ဒို စိတ်ဓာတ်ပိုင်း အခုထက် ပိုကောင်းအောင် ပြင်ဆင်ဖို့ လိုနေပြီ ” _ ဂယ်ရီနဗီးလ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က

ဆွစ်ဇာလန်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ စီရော်နယ်လ်ဒို

အနေနဲ့ စိတ်ဓာတ်ပိုင်းမှာ အခုထက် ပိုကောင်းအောင် ပြင်ဆင်သင့်နေပြီလို့

သတိပေးလိုက်ပါတယ်။ စီရော်နယ်လ်ဒိုဟာ တောင်ကိုရီးယားနဲ့ပွဲမှာ

ပြိုင်ဘက်ကစားသမားတစ်ဦးကို မလေးမစားပြုမူခဲ့တဲ့လုပ်ရပ်အပေါ်

နည်းပြဖာနန်ဒိုဆန်းတို့စ်က သဘောမကျတာကြောင့် ဆွစ်ဇာလန်နဲ့

ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအတွက် ပွဲထွက်လူစာရင်းမှာ

စီရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ

ကိုယ့်အသင်းနည်းပြတွေနဲ့ ပြဿနာတက်လေ့ရှိတဲ့ အစဉ်အလာရှိပြီး

ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အခု ပေါ်တူဂီအသင်းတို့မှာ

နည်းပြတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဂယ်ရီနဗီးလ်က

“စီရော်နယ်လ်ဒို ပိုင်ဆိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတွေက

နောက်လူတွေ လိုက်မမီလောက်အောင်ဖြစ်ပြီး သူဟာ ဘောလုံး

သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးဆိုတာ

ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့

သူ့ရဲ့ အပြုအမူ၊ စိတ်ဓာတ်ပိုင်းကို အခုထက် ပိုကောင်းလာအောင်

ပြင်ဆင်သွားသင့်ပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။

zawgyi

” စီေရာ္နယ္လ္ဒို စိတ္ဓာတ္ပိုင္း အခုထက္ ပိုေကာင္းေအာင္ ျပင္ဆင္ဖို႔ လိုေနၿပီ ” _ ဂယ္ရီနဗီးလ္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူ ဂယ္ရီနဗီးလ္က

ဆြစ္ဇာလန္နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ စီေရာ္နယ္လ္ဒို

အေနနဲ႔ စိတ္ဓာတ္ပိုင္းမွာ အခုထက္ ပိုေကာင္းေအာင္ ျပင္ဆင္သင့္ေနၿပီလို႔

သတိေပးလိုက္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ေတာင္ကိုရီးယားနဲ႔ပြဲမွာ

ၿပိဳင္ဘက္ကစားသမားတစ္ဦးကို မေလးမစားျပဳမူခဲ့တဲ့လုပ္ရပ္အေပၚ

နည္းျပဖာနန္ဒိုဆန္းတို႔စ္က သေဘာမက်တာေၾကာင့္ ဆြစ္ဇာလန္နဲ႔

ကစားခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲအတြက္ ပြဲထြက္လူစာရင္းမွာ

စီေရာ္နယ္လ္ဒိုကို ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ

ကိုယ့္အသင္းနည္းျပေတြနဲ႔ ျပႆနာတက္ေလ့ရွိတဲ့ အစဥ္အလာရွိၿပီး

ဂ်ဴဗင္တပ္စ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အခု ေပၚတူဂီအသင္းတို႔မွာ

နည္းျပေတြနဲ႔ အဆင္မေျပျဖစ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ဂယ္ရီနဗီးလ္က

“စီေရာ္နယ္လ္ဒို ပိုင္ဆိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြက

ေနာက္လူေတြ လိုက္မမီေလာက္ေအာင္ျဖစ္ၿပီး သူဟာ ေဘာလုံး

သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားတစ္ဦးဆိုတာ

ဘယ္သူမွ မျငင္းႏိုင္ပါဘူး။ ဒါေပမဲ့ အခုေလာေလာဆယ္မွာေတာ့

သူ႔ရဲ႕ အျပဳအမူ၊ စိတ္ဓာတ္ပိုင္းကို အခုထက္ ပိုေကာင္းလာေအာင္

ျပင္ဆင္သြားသင့္ပါတယ္”လို႔ သုံးသပ္ခဲ့ပါတယ္။