
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၅)အဖြစ်
ကြာသပတေးနေ့(မြန်မာစံတော်ချိန် သောကြာမနက် ၁:၃၀)ကျရင်
လက်စတာအသင်းနဲ့အဝေးကွင်းပွဲစဉ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဲဒီပွဲက နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့်
စက်တင်ဘာ(၁)ရက်နေ့မှာကစားမှာဖြစ်တဲ့အတွက် အနာဂတ်
မသေမချာဖြစ်နေတဲ့ စီရော်နယ်လ်ဒိုကို နည်းပြအဲရစ်တန်ဟက်က
အသင်းလူစာရင်းကနေ ချန်လှပ်သွားဖို့ရှိနေတာပါ။
တကယ်လို့ စီရော်နယ်လ်ဒိုသာ မပါနိုင်ရင် ပုံမှန်အတိုင်းပဲ
ရပ်ရှ်ဖို့ဒ်ကို No 9 Role အဖြစ် အသုံးပြုပြီး ဆန်ချို၊ အီလန်ဂါတို့နဲ့
ပွဲထွက်လာဖို့ရှိပါတယ်။ မကြာသေးခင်ကမှ ယူနိုက်တက်ကို
ပြောင်းရွှေ့ခဲ့သူ ဘရာဇီးလ်လူငယ်တိုက်စစ်ကစားသမား
အန်တိုနီကလည်း အလုပ်,လုပ်ခွင့်ဗီဇာရဖို့ စောင့်ဆိုင်းရမှာဖြစ်လို့
အခုပွဲကို လွဲချော်မယ့်အနေအထားပါပဲ။ ဆောက်သမ်တန်နဲ့ပွဲတုန်းက
မိနစ်ပိုင်းလောက်သာကစားခဲ့တဲ့ ကတ်စ်မဲရိုးဟာ လက်စတာနဲ့ပွဲမှာ
ပွဲထွက်ကစားခွင့်ရဖို့ရှိနေပြီး သူနဲ့အဲရစ်ဆင်ကို အဲရစ်တန်ဟက်က
တွဲဖက်သုံးဖို့ရှိပါတယ်။ နောက်တန်းမှာ အပြောင်းအလဲမရှိနိုင်ဘဲ
မာလာစီယာ၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဗာရန်း၊ ဒါလော့တ်တို့ပဲ ပွဲထွက်လာဖို့များပါတယ်။
zawgyi
စီေရာ္နယ္လ္ဒို ပါဝင္ဖို႔မရွိတဲ့ ယူႏိုက္တက္အသင္းရဲ႕ လက္စတာနဲ႔ပြဲအတြက္ ျဖစ္ႏိုင္ဖြယ္လူစာရင္း
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ပြဲစဥ္(၅)အျဖစ္
ၾကာသပေတးေန႔(ျမန္မာစံေတာ္ခ်ိန္ ေသာၾကာမနက္ ၁:၃၀)က်ရင္
လက္စတာအသင္းနဲ႔အေဝးကြင္းပြဲစဥ္ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။
အဲဒီပြဲက ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္သိမ္းမယ့္
စက္တင္ဘာ(၁)ရက္ေန႔မွာကစားမွာျဖစ္တဲ့အတြက္ အနာဂတ္
မေသမခ်ာျဖစ္ေနတဲ့ စီေရာ္နယ္လ္ဒိုကို နည္းျပအဲရစ္တန္ဟက္က
အသင္းလူစာရင္းကေန ခ်န္လွပ္သြားဖို႔ရွိေနတာပါ။
တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ မပါႏိုင္ရင္ ပုံမွန္အတိုင္းပဲ
ရပ္ရွ္ဖို႔ဒ္ကို No 9 Role အျဖစ္ အသုံးျပဳၿပီး ဆန္ခ်ိဳ၊ အီလန္ဂါတို႔နဲ႔
ပြဲထြက္လာဖို႔ရွိပါတယ္။ မၾကာေသးခင္ကမွ ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ခဲ့သူ ဘရာဇီးလ္လူငယ္တိုက္စစ္ကစားသမား
အန္တိုနီကလည္း အလုပ္,လုပ္ခြင့္ဗီဇာရဖို႔ ေစာင့္ဆိုင္းရမွာျဖစ္လို႔
အခုပြဲကို လြဲေခ်ာ္မယ့္အေနအထားပါပဲ။ ေဆာက္သမ္တန္နဲ႔ပြဲတုန္းက
မိနစ္ပိုင္းေလာက္သာကစားခဲ့တဲ့ ကတ္စ္မဲ႐ိုးဟာ လက္စတာနဲ႔ပြဲမွာ
ပြဲထြက္ကစားခြင့္ရဖို႔ရွိေနၿပီး သူနဲ႔အဲရစ္ဆင္ကို အဲရစ္တန္ဟက္က
တြဲဖက္သုံးဖို႔ရွိပါတယ္။ ေနာက္တန္းမွာ အေျပာင္းအလဲမရွိႏိုင္ဘဲ
မာလာစီယာ၊ လီဆန္ဒ႐ိုမာတီနက္ဇ္၊ ဗာရန္း၊ ဒါေလာ့တ္တို႔ပဲ ပြဲထြက္လာဖို႔မ်ားပါတယ္။