
ဆော်ဒီကလပ်အယ်နာဆာနဲ့ စာချုပ်တော့မယ်ဆိုတဲ့ သတင်းတွေကို
စီရော်နယ်ဒိုက ငြင်းဆန်လိုက်ပြီး အဲဒါတွေက မမှန်ကန်ကြောင်း
အခိုင်အမာပြောကြားလိုက်ပါတယ်။ ၃၇ နှစ်အရွယ် ကစားသမားဟာ
မန်ယူနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးကတည်းက သူနောက်ပြောင်းမယ့်
အသင်းနဲ့ပတ်သက်လို့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်ခဲ့တာပါ။
နောက်ဆုံးမှာ သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်
ထွက်ပေါ်လာတာက ဆော်ဒီကလပ်အယ်နာဆာကို ပြောင်းတော့မယ်ဆိုတာပါပဲ။
အဲဒီဆော်ဒီကလပ်က ၅ ထပ်ကွမ်း Balllon d’Or ဆုရှင်ကို တစ်ရာသီကို
ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းမှုလုပ်ထားပါတယ်။ စပိန်သတင်းစာမာကာကလည်း
အသင်းလက်မဲ့စီရော်နယ်ဒိုဟာ လာမယ့်လအစမှာ အရှေ့အလယ်ပိုင်း
အသင်းနဲ့ စာချုပ်လက်မှတ်ရေးထိုးတော့မယ်လို့ ဖော်ပြခဲ့တာပါ။
ဒါပေမဲ့လည်း ဆွစ်ဇာလန်ကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ ပေါ်တူဂီရဲ့ပွဲအပြီးမှာ
အဲဒီဝါရင့်တိုက်စစ်မှုးက ထွက်ပေါ်နေတဲ့သတင်းတွေကို ကိုယ်တိုင်
ငြင်းဆန်ခဲ့ပါတယ်။ ”နိုး၊ အဲဒါက မမှန်မပါဘူး။ မမှန်ပါဘူး”လို့
စီရော်နယ်ဒိုက ဆွစ်ဇာလန်နဲ့ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အယ်နာဆာဟာ စီရော်နယ်ဒိုကို ၂၀၂၅ နွေရာသီအထိ ၂ နှစ်ခွဲစာချုပ်နဲ့
ကမ်းလှမ်းမှုလုပ်ထားပါတယ်။ စီရော်နယ်ဒိုဟာ လောလောဆယ်တော့
ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်ထားပြီး အခုအတိုင်းဆို ဆော်ဒီကို ပြောင်းမယ့်ပုံစံလည်း မရှိပါဘူး။
zawgyi
စံခ်ိန္တင္ အေျပာင္းအေရႊ႕သတင္းေတြကုိ ေရာ္နယ္ဒုိ ျငင္းဆန္
ေဆာ္ဒီကလပ္အယ္နာဆာနဲ႔ စာခ်ဳပ္ေတာ့မယ္ဆိုတဲ့ သတင္းေတြကို
စီေရာ္နယ္ဒိုက ျငင္းဆန္လိုက္ၿပီး အဲဒါေတြက မမွန္ကန္ေၾကာင္း
အခိုင္အမာေျပာၾကားလိုက္ပါတယ္။ ၃၇ ႏွစ္အ႐ြယ္ ကစားသမားဟာ
မန္ယူနဲ႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးကတည္းက သူေနာက္ေျပာင္းမယ့္
အသင္းနဲ႔ပတ္သက္လို႔ သတင္းေတြ အဆက္မျပတ္ထြက္ေပၚခဲ့တာပါ။
ေနာက္ဆုံးမွာ သူ႔အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္
ထြက္ေပၚလာတာက ေဆာ္ဒီကလပ္အယ္နာဆာကို ေျပာင္းေတာ့မယ္ဆိုတာပါပဲ။
အဲဒီေဆာ္ဒီကလပ္က ၅ ထပ္ကြမ္း Balllon d’Or ဆုရွင္ကို တစ္ရာသီကို
ယူ႐ိုသန္း ၂၀၀ နဲ႔ ကမ္းလွမ္းမႈလုပ္ထားပါတယ္။ စပိန္သတင္းစာမာကာကလည္း
အသင္းလက္မဲ့စီေရာ္နယ္ဒိုဟာ လာမယ့္လအစမွာ အေရွ႕အလယ္ပိုင္း
အသင္းနဲ႔ စာခ်ဳပ္လက္မွတ္ေရးထိုးေတာ့မယ္လို႔ ေဖာ္ျပခဲ့တာပါ။
ဒါေပမဲ့လည္း ဆြစ္ဇာလန္ကို ၆-၁ နဲ႔အႏိုင္ရခဲ့တဲ့ ေပၚတူဂီရဲ႕ပြဲအၿပီးမွာ
အဲဒီဝါရင့္တိုက္စစ္မႈးက ထြက္ေပၚေနတဲ့သတင္းေတြကို ကိုယ္တိုင္
ျငင္းဆန္ခဲ့ပါတယ္။ ”ႏိုး၊ အဲဒါက မမွန္မပါဘူး။ မမွန္ပါဘူး”လို႔
စီေရာ္နယ္ဒိုက ဆြစ္ဇာလန္နဲ႔ပြဲအၿပီးမွာ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။
အယ္နာဆာဟာ စီေရာ္နယ္ဒိုကို ၂၀၂၅ ေႏြရာသီအထိ ၂ ႏွစ္ခြဲစာခ်ဳပ္နဲ႔
ကမ္းလွမ္းမႈလုပ္ထားပါတယ္။ စီေရာ္နယ္ဒိုဟာ ေလာေလာဆယ္ေတာ့
ကမာၻ႔ဖလားကိုသာ အာ႐ုံစိုက္ထားၿပီး အခုအတိုင္းဆို ေဆာ္ဒီကို ေျပာင္းမယ့္ပုံစံလည္း မရွိပါဘူး။