M Diary Channel
Local and Sport News
ဆန်ချို အပြောင်းအရွေ့က ဂျိမ်းစ်ရဲ့ ခြေစွမ်းအပေါ် သက်ရောက်မှုရှိလာနိုင်
ဒန် ဂျိမ်းစ်ကလည်း ယူနိုက်တက်ရဲ့ အပြောင်းအရွေ့ အခြေအနေတွေကို
စိတ်ဝင်တစား စောင့်ကြည့်နေမှာ သေချာပါတယ်။
ဝေးလ်လက်ရွေးစင်က လက်ရှိ ယူနိုက်တက်မှာ တစ်ဦးတည်းသော
ညာတောင်ပံ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချို အပြောင်းအရွေ့က
သူ့အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဂျိမ်းစ်က ယနေ့ညမှာ ဝေးလ်အသင်းအတွက် ယူရို ( ၂၀၂၀ ) ၁၆ – သင်းအဆင့်
ပွဲစဥ်ကစားပေးဖို့ ရှိနေပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြဖို့
ဒီထက်ကောင်းတဲ့ အခွင့်အရေးမရှိပါဘူး။
ဆန်ချိုက အင်္ဂလန်အသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေချိန် ယူနိုက်တက်ရဲ့
ပေါင် ( ၁၅ ) သန်း ကစားသမားကတော့ ( ၃ ) ပွဲစလုံး ပွဲထွက်ခွင့်ရထားပါတယ်။
သူက အခွင့်အရေးများစွာ ဖန်တီးပေးထားပြီး အကောင်းဆုံး ခြေစွမ်းပြနေတာတွေ့ရပါတယ်။
ဒါပေမယ့် ဒါဟာ အစပဲ ရှိပါသေးတယ်။ တကယ်လို့ ဂျိမ်းစ်သာ လာမယ့် ပွဲစဥ်တွေမှာပါ
စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပြသနိုင်ပါက အိုလေ ဂန်းနား
ဆိုးရှားအနေနဲ့ စဥ်းစားမှုတွေ ပြုလုပ်လာနိုင်ပါတယ်။
ယူနိုက်တက်နည်းပြက ဂျိမ်းစ်ရဲ့ ပရိသတ်ဖြစ်ပြီး ယခင်နှစ်က ပြိုင်ပွဲစုံ ( ၂၆ ) ပွဲထိ
အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုရောက်ရှိလာမှုကြောင့် အဆိုပါ အခွင့်အရေးတွေ
သိသိသာသာ လျော့နည်းသွားဖွယ်ရှိနေပါတယ်။
ဂျိမ်းစ်ကလည်း ဒါကို အလွယ်တကူ ခွင့်ပြုမှာတော့ မဟုတ်ပါဘူး။
သူ့အနေနဲ့ ရာသီကြိုပွဲစဥ်တွေမှာ ခြေစွမ်းပြနိုင်ဖို့ အခွင့်အရေးရှိပေမယ့်
အကောင်းဆုံးကတော့ လက်ရှိ နိုင်ငံအသင်းနဲ့အတူ ကစားရမယ့် ယူရို ပွဲစဥ်တွေပါ။
ဆန်ချိုအပြောင်းအရွေ့က သေချာသလောက်ရှိနေပြီး တကယ်လို့ ဂျိမ်းစ်သာ
ခြေစွမ်းကောင်းဆက်လက်ပြသနိုင်ပါက ယူနိုက်တက်အနေနဲ့ သြဂုတ်လမှာ
ပရီးမီးယားလိဂ်ကို ခြေစွမ်းတောက်ပနေတဲ့ တောင်ပံကစားသမား ( ၂ ) ဦးနဲ့
စတင်ယှဥ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ဂျိမ်းစ်က ( ၅ ) ဂိုးသွင်း ( ၂ ) ဂိုး ဖန်တီးခဲ့ပြီး ဆန်ချိုက ( ၁၆) ဂိုး
သွင်းပြီး ဂိုး (၂၀ ) ဖန်တီးပေးခဲ့ပါတယ်။ ဒါကအတော်လေး ကွာခြားတဲ့
အရေအတွက်ဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်က ယူနိုက်တက်ပွဲထွက်လူစာရင်းမှာ
ချက်ချင်းပါဝင်လာဖို့ရှိနေပါတယ်။ ဂျိမ်းစ်မှာ တိုးတက်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။
တချို့ကစားသမားတွေက ပြိုင်ဆိုင်မှုရှိမှ တိုးတက်လာတတ်ကြပါတယ်။
အဲလက် တဲလက် အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက်ပိုင်း လုခ်ရှောက
တကယ်ကို ပေြာင်းလဲသွားပါတယ်။
ဒါကြောင့် ဆန်ချိုရောက်ရှိလာမှုက ဂျိမ်းစ် နှင့် ယူနိုက်တက်ရဲ့ အနာဂတ်အပေါ်
ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကတော့ စောင့်ကြည့်
ရမှာဖြစ်ကြောင်းပါ။  ။
Zawgyi