
လိဂ်ချန်ပီယံရှစ်ကလပ် ဆန်းဒါးအသင်းမှာ အငှားနဲ့သွားကစားနေတဲ့
မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား
ဒီယာလိုဟာ မယုံနိုင်လောက်အောင် ခြေစွမ်းပြဂိုးတွေ
သွင်းယူနေပါတယ်။ အသက်(၂၀)သာရှိသေးတဲ့ အိုင်ဗရီကို့စ်
လူငယ်ကြယ်ပွင့် ဒီယာလိုဟာ နည်းပြဟောင်းဆိုးလ်ရှားရဲ့
ခေါ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်အသင်းကို
ရောက်ရှိခဲ့ပေမယ့် ပွဲထွက်ခွင့်မရဘဲ အမေ့လျော့ခံအဖြစ်နဲ့သာ
ရုန်းကန်ခဲ့ရပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီက
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဆီ အငှားချခံခဲ့ရသလို
ဒီရာသီအစမှာလည်း လိဂ်ချန်ပီယံရှစ်က ဆန်းဒါးလန်းအသင်းမှာ
(၁)ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဆန်းဒါးလန်း
ကစားသမားဘ၀ အစပိုင်းမှာ ဒီယာလိုဟာ အသင်းသစ်နဲ့
အသားမကျသေးတာကြောင့် ခြေစွမ်းမပြနိုင်ဘဲ အသင်းနည်းပြ
တိုနီမိုဘရေးက ဒီယာလိုရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အောက်တိုဘာလအတွင်း ဘန်လေနဲ့ကစားခဲ့တဲ့ပွဲမှာ
ဆန်းဒါးလန်းကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူနိုင်ပြီးတဲ့နောက်
ဒီယာလိုက ရပ်တန့်လို့ မရတော့တဲ့ ခြေစွမ်းပြသနေပြီး
မနေ့က ဝီဂန်ကို (၄-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ (၁)ဂိုးသွင်းယူခဲ့ပါတယ်။
အခုဆိုရင် ဆန်းဒါးလန်းအသင်းရဲ့ နောက်ဆုံး(၁၀)ပွဲမှာ
ဒီယာလို (၆)ဂိုးအထိသွင်းယူခဲ့ပြီး အသင်းကို အဆင့်(၄)နေရာ
ရောက်အောင် ပို့ဆောင်ပေးထားပါတယ်။
zawgyi
ဆန္းဒါးလန္းအသင္းမွာ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပကစားေနတဲ့ သရဲနီလူငယ္ေလး
လိဂ္ခ်န္ပီယံရွစ္ကလပ္ ဆန္းဒါးအသင္းမွာ အငွားနဲ႔သြားကစားေနတဲ့
မန္ခ်က္စတာယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမား
ဒီယာလိုဟာ မယုံႏိုင္ေလာက္ေအာင္ ေျခစြမ္းျပဂိုးေတြ
သြင္းယူေနပါတယ္။ အသက္(၂၀)သာရွိေသးတဲ့ အိုင္ဗရီကို႔စ္
လူငယ္ၾကယ္ပြင့္ ဒီယာလိုဟာ နည္းျပေဟာင္းဆိုးလ္ရွားရဲ႕
ေခၚေဆာင္မႈေၾကာင့္ ၂၀၂၁ ခုႏွစ္မွာ ယူႏိုက္တက္အသင္းကို
ေရာက္ရွိခဲ့ေပမယ့္ ပြဲထြက္ခြင့္မရဘဲ အေမ့ေလ်ာ့ခံအျဖစ္နဲ႔သာ
႐ုန္းကန္ခဲ့ရပါတယ္။ အဲဒါေၾကာင့္ ၿပီးခဲ့တဲ့ရာသီက
စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းဆီ အငွားခ်ခံခဲ့ရသလို
ဒီရာသီအစမွာလည္း လိဂ္ခ်န္ပီယံရွစ္က ဆန္းဒါးလန္းအသင္းမွာ
(၁)ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။ ဆန္းဒါးလန္း
ကစားသမားဘ၀ အစပိုင္းမွာ ဒီယာလိုဟာ အသင္းသစ္နဲ႔
အသားမက်ေသးတာေၾကာင့္ ေျခစြမ္းမျပႏိုင္ဘဲ အသင္းနည္းျပ
တိုနီမိုဘေရးက ဒီယာလိုရဲ႕ စြမ္းေဆာင္ရည္အေပၚ ေဝဖန္ခဲ့ဖူးပါတယ္။
ဒါေပမဲ့ ေအာက္တိုဘာလအတြင္း ဘန္ေလနဲ႔ကစားခဲ့တဲ့ပြဲမွာ
ဆန္းဒါးလန္းကစားသမားဘ၀ ပထမဆုံးဂိုးသြင္းယူႏိုင္ၿပီးတဲ့ေနာက္
ဒီယာလိုက ရပ္တန႔္လို႔ မရေတာ့တဲ့ ေျခစြမ္းျပသေနၿပီး
မေန႔က ဝီဂန္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ (၁)ဂိုးသြင္းယူခဲ့ပါတယ္။
အခုဆိုရင္ ဆန္းဒါးလန္းအသင္းရဲ႕ ေနာက္ဆုံး(၁၀)ပြဲမွာ
ဒီယာလို (၆)ဂိုးအထိသြင္းယူခဲ့ၿပီး အသင္းကို အဆင့္(၄)ေနရာ
ေရာက္ေအာင္ ပို႔ေဆာင္ေပးထားပါတယ္။