
ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွေ့ဈေးကွက်ကလည်း ပိတ်သိမ်းဖို့ ရက်ပိုင်းသာ
လိုတော့တာ ဖြစ်ပါတယ်။ မပိတ်မချင်း အပြောင်းအရွှေ့ဆိုင်ရာ
သတင်းတွေက ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်အသင်းကတော့
ဘာစီလိုနာအသင်းရဲ့ ကစားသမားဖြစ်တဲ့ ဆာဂျီနို ဒက်ကို ခေါ်ယူဖို့
စီစဉ်နေတယ်ဆိုပြီး ကြားရကာ ဘာစီလိုနာအခြေစိုက် စပိန်သတင်း
မီဒီယာတစ်ခုဖြစ်တဲ့ Diario Sportရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်ဟာ
ဘာစီလိုနာအသင်းနဲ့ ကစားသမားချင်း လဲလှယ်ဖို့ စီစဉ်နေတယ်လို့
ဆိုထားတာပါ။ ဆာဂျီနို ဒက်ရဲ့ အပြောင်းအရွေ့မှာ ဝမ်ဘစ်ဆာကာကို
ထည့်သွင်းအသုံးချသွားဖို့ ယူနိုက်တက်အသင်းဘက်က စီစဉ်နေတာပါ။
လက်ရှိမှာလည်း ညာခြမ်းခံစစ်မှာ ဒီယေဂိုဒါလော့ ခြေစွမ်းကောင်း
ပြသနေတာကြောင့် ဝမ်ဘစ်ဆာကာအနေနဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာ
ဖြစ်ပါတယ်။နည်းပြသစ်လက်ထက် ဘောလုံးရာသီသစ်မှာလည်း
ဝမ်ဘစ်ဆာကာအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲမှ ပါဝင်ကစားခွင့်
မရသေးပါဘူး။ဒါကြောင့်လည်း ယူနိုက်တက်အသင်းဘက်ကရော၊
ဝမ်ဘစ်ဆာကာဘက်ကပါ ယခုဈေးကွက်မှာ အသင်းကနေ
ထွက်ခွါဖို့အတွက် ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။တစ်ဖက်က
ဘာစီလိုနာကတော့ ကစားသမား အပြင် ပိုက်ဆံပါလိုချင်ပါလိမ့်မယ်။
ဘာစီလိုနာအသင်းဘက်က ၎င်းတို့ရဲ့ ညာနောက်ခံလူအတွက်
ပြောင်းရွေ့ကြေး ပေါင်(၁၇)သန်းခန့်ဆိုရင် လက်ခံနိုင်ဖွယ်ရှိတယ်လို့ ကြားထားပါတယ်။
zawgyi
ဆာဂ်ီႏုိဒက္နဲ႔ သရဲနီပင့္ကူနက္ကုိ လဲလွယ္မယ့္ မန္ခ်က္
ပရီးမီးယားလိဂ္ရဲ႕ အေျပာင္းအေ႐ြ႕ေဈးကြက္ကလည္း ပိတ္သိမ္းဖို႔ ရက္ပိုင္းသာ
လိုေတာ့တာ ျဖစ္ပါတယ္။ မပိတ္မခ်င္း အေျပာင္းအေ႐ႊ႕ဆိုင္ရာ
သတင္းေတြက ထြက္ေပၚေနပါတယ္။ ယူႏိုက္တက္အသင္းကေတာ့
ဘာစီလိုနာအသင္းရဲ႕ ကစားသမားျဖစ္တဲ့ ဆာဂ်ီႏို ဒက္ကို ေခၚယူဖို႔
စီစဥ္ေနတယ္ဆိုၿပီး ၾကားရကာ ဘာစီလိုနာအေျခစိုက္ စပိန္သတင္း
မီဒီယာတစ္ခုျဖစ္တဲ့ Diario Sportရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ယူႏိုက္တက္ဟာ
ဘာစီလိုနာအသင္းနဲ႔ ကစားသမားခ်င္း လဲလွယ္ဖို႔ စီစဥ္ေနတယ္လို႔
ဆိုထားတာပါ။ ဆာဂ်ီႏို ဒက္ရဲ႕ အေျပာင္းအေ႐ြ႕မွာ ဝမ္ဘစ္ဆာကာကို
ထည့္သြင္းအသုံးခ်သြားဖို႔ ယူႏိုက္တက္အသင္းဘက္က စီစဥ္ေနတာပါ။
လက္ရွိမွာလည္း ညာျခမ္းခံစစ္မွာ ဒီေယဂိုဒါေလာ့ ေျခစြမ္းေကာင္း
ျပသေနတာေၾကာင့္ ဝမ္ဘစ္ဆာကာအေနနဲ႔ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတာ
ျဖစ္ပါတယ္။နည္းျပသစ္လက္ထက္ ေဘာလုံးရာသီသစ္မွာလည္း
ဝမ္ဘစ္ဆာကာအေနနဲ႔ ပြဲထြက္ကစားသမားအျဖစ္ တစ္ပြဲမွ ပါဝင္ကစားခြင့္
မရေသးပါဘူး။ဒါေၾကာင့္လည္း ယူႏိုက္တက္အသင္းဘက္ကေရာ၊
ဝမ္ဘစ္ဆာကာဘက္ကပါ ယခုေဈးကြက္မွာ အသင္းကေန
ထြက္ခြါဖို႔အတြက္ ဆုံးျဖတ္ထားတာ ျဖစ္ပါတယ္။တစ္ဖက္က
ဘာစီလိုနာကေတာ့ ကစားသမား အျပင္ ပိုက္ဆံပါလိုခ်င္ပါလိမ့္မယ္။
ဘာစီလိုနာအသင္းဘက္က ၎တို႔ရဲ႕ ညာေနာက္ခံလူအတြက္
ေျပာင္းေ႐ြ႕ေၾကး ေပါင္(၁၇)သန္းခန႔္ဆိုရင္ လက္ခံႏိုင္ဖြယ္ရွိတယ္လို႔ ၾကားထားပါတယ္။