ဆိုးလ်ရှားနဲ့ ရန်နစ်ခ်ကို မြင့်မားတဲ့လျော်ကြေးတွေ ယူနိုက်တက် ပေးခဲ့ရ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဟောင်းတွေဖြစ်တဲ့

ဆိုးလ်ရှားနဲ့ ရန်နစ်ခ်တို့ကို လျော်ကြေးအဖြစ် ပေါင်(၂၄.၇)သန်းအထိ

ပေးချေခဲ့ရတယ်လို့ သူတို့ရဲ့ နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်းထဲမှာ ဖော်ပြပါရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်း ဝက်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ (၄-၁)ဂိုးနဲ့

အရှက်တွဲရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေက

ဆိုးလ်ရှားကို နည်းပြရာထူးကထုတ်ပယ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် အစောပိုင်း

(၄)လလောက်တုန်းက ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားနဲ့ (၃)နှစ်

စာချုပ်သစ်ချုပ်ဆိုခဲ့တာကြောင့် ရာထူးကထုတ်လိုက်ချိန်မှာ

ဆိုးလ်ရှားကို မြင့်မားတဲ့လျော်ကြေးငွေပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အဲဒီနောက် ဂျာမန်ဝါရင့်နည်းပြကြီး ရန်နစ်ခ်ကို ရာသီကုန်အထိ

ယာယီနည်းပြခန့်အပ်ခဲ့ပြီး ရာသီကုန်ကျရင် အသင်းရဲ့အကြံပေးအဖြစ်

(၂)နှစ်စာချုပ်နဲ့တာဝန်ပေးသွားဖို့ သဘောတူညီခဲ့ပေမယ့် ရာသီကုန်မှာ

ရန်နစ်ခ်က အဆင့်(၆)နေရာသာရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို

သြစတြီးယားအသင်းနည်းပြအဖြစ် ကိုင်တွယ်ဖို့ သဘောတူညီမှု

ရခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ရန်နစ်ခ်နဲ့ လမ်းခွဲခဲ့ရပါတယ်။

အဲဒီအတွက် ယူနိုက်တက်အသင်းဟာ ရန်နစ်ခ်ကို လျော်ကြေးအဖြစ်

ပေါင်(၁၅)သန်းနီးပါးပေးချေခဲ့ရတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

zawgyi

ဆိုးလ္ရွားနဲ႔ ရန္နစ္ခ္ကို ျမင့္မားတဲ့ေလ်ာ္ေၾကးေတြ ယူႏိုက္တက္ ေပးခဲ့ရ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပေဟာင္းေတြျဖစ္တဲ့

ဆိုးလ္ရွားနဲ႔ ရန္နစ္ခ္တို႔ကို ေလ်ာ္ေၾကးအျဖစ္ ေပါင္(၂၄.၇)သန္းအထိ

ေပးေခ်ခဲ့ရတယ္လို႔ သူတို႔ရဲ႕ ႏွစ္စဥ္ဘ႑ာေရးရွင္းတမ္းထဲမွာ ေဖာ္ျပပါရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလအတြင္း ဝက္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ (၄-၁)ဂိုးနဲ႔

အရွက္တြဲရႈံးနိမ့္ခဲ့တာေၾကာင့္ ယူႏိုက္တက္တာဝန္ရွိသူေတြက

ဆိုးလ္ရွားကို နည္းျပရာထူးကထုတ္ပယ္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္ အေစာပိုင္း

(၄)လေလာက္တုန္းက ယူႏိုက္တက္အသင္းဟာ ဆိုးလ္ရွားနဲ႔ (၃)ႏွစ္

စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာေၾကာင့္ ရာထူးကထုတ္လိုက္ခ်ိန္မွာ

ဆိုးလ္ရွားကို ျမင့္မားတဲ့ေလ်ာ္ေၾကးေငြေပးခဲ့ရတာလည္းျဖစ္ပါတယ္။

အဲဒီေနာက္ ဂ်ာမန္ဝါရင့္နည္းျပႀကီး ရန္နစ္ခ္ကို ရာသီကုန္အထိ

ယာယီနည္းျပခန႔္အပ္ခဲ့ၿပီး ရာသီကုန္က်ရင္ အသင္းရဲ႕အႀကံေပးအျဖစ္

(၂)ႏွစ္စာခ်ဳပ္နဲ႔တာဝန္ေပးသြားဖို႔ သေဘာတူညီခဲ့ေပမယ့္ ရာသီကုန္မွာ

ရန္နစ္ခ္က အဆင့္(၆)ေနရာသာရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို

ၾသစႀတီးယားအသင္းနည္းျပအျဖစ္ ကိုင္တြယ္ဖို႔ သေဘာတူညီမႈ

ရခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းဟာ ရန္နစ္ခ္နဲ႔ လမ္းခြဲခဲ့ရပါတယ္။

အဲဒီအတြက္ ယူႏိုက္တက္အသင္းဟာ ရန္နစ္ခ္ကို ေလ်ာ္ေၾကးအျဖစ္

ေပါင္(၁၅)သန္းနီးပါးေပးေခ်ခဲ့ရတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။