M Diary Channel
Local and Sport News
ဆိုးလ်ရှားအပေါ် ကာကွယ်ပြောဆိုနေတဲ့ ဂယ်ရီနဗီးလ်နဲ့ရွိုင်ကိန်းကို ကာရေဂါဝေဖန်
လီဗာပူးလ်အသင်းဂန္ထဝင်နောက်ခံလူကာရေဂါက ဆိုးလ်ရှားရဲ့နည်းစနစ်
အားနည်းမှုတွေနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုနေကြတဲ့ ဂယ်ရီနဗီးလ်နဲ့
ရွိုင်ကိန်းတို့ကို ဝေဖန်လိုက်ပြီး အသင်းဖော်ဟောင်းဖြစ်တာကြောင့်
အခုလိုကာကွယ်ပေးနေတာက မဖြစ်သင့်ဘူးလို့ဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အခုရာသီအစပိုင်းတုန်းက ရလဒ်ကောင်းတွေ
ရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်းကျဆင်းလာပြီး
ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ (၂)ပွဲသာအနိုင်ရခဲ့သလို လိဂ်ဖလားပြိုင်ပွဲ
တတိယအဆင့်ကနေ စောစောစီးစီးလှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေကြောင့် ဆိုးလ်ရှားအပေါ်ဖိအားတွေများနေပြီး
ပရိသတ်တွေကလည်း ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့အထိတောင်းဆိုနေတဲ့
အထိဖြစ်နေတာပါ။ ဒါပေမဲ့ ဂယ်ရီနဗီးလ်နဲ့ရွိုင်ကိန်းတို့က ဆိုးလ်ရှားရဲ့
နည်းစနစ်တွေကို ဝေဖန်လေ့မရှိဘဲ အသင်းပိုင်ရှင်တွေကိုသာ အပြစ်တင်လေ့
ရှိနေတဲ့အတွက် ကာရေဂါက “ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်းတို့နဲ့ကျွန်တော်
အလုပ်အတူတွဲလုပ်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်က ဆိုးလ်ရှားနဲ့
ယူနိုက်တက်အသင်းမှာ နှစ်အကြာကြီးကစားခဲ့တဲ့အပြင် သူငယ်ချင်းတွေလည်း
ဖြစ်နေတာကြောင့် ဆိုးလ်ရှားဆို ဘယ်တော့မှအပြစ်မတင်ပါဘူး။
ဂလေဇာမိသားစုက ယူနိုက်တက်အသင်းလိုအပ်တဲ့နေရာတွေကို
ကစားသမားမဖြည့်ပေးဘူးလို့ အမြဲလိုလိုအပြစ်တင်လေ့ရှိပြီး ဒီလိုမျိုး
ဆိုးလ်ရှားဘက်ကနေ ဆင်ခြေလိုက်ပေးနေတာတွေကို ရပ်တန့်သင့်နေပြီလို့
ထင်ပါတယ်”ဆိုပြီး ပြစ်တင်စကားဆိုခဲ့တာပါ။
zawgyi