M Diary Channel

Local and Sport News

” ဇန်နဝါရီမှာ ယူနိုက်တက်ကနေ ထွက်ခွာလိုက်ပါတော့ ဗန်ဒီ “

နယ်သာလန်နဲ့ ရီးယဲလ်နာမည်ကျော်ကစားသမားဟောင်းဗန်ဒါဗတ်က

ဗန်ဒီဘိခ်အနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် မန်ချက်စတာ

ယူနိုက်တက်အသင်းနဲ့လမ်းခွဲဖို့ ဆက်လက်စဉ်းစားသင့်တယ်လို့

တိုက်တွန်းလိုက်ပါတယ်။ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝက်ဖို့ဒ်

အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဒုတိယပိုင်းမှလူစားဝင်ကစားခွင့်ရခဲ့ပေမယ့်

ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့

ဗီလာရီးယဲလ်နဲ့ချန်ပီယံလိဂ်ပွဲမှာတော့ ဗန်ဒီဘိခ်ဟာ ရှားရှားပါးပါးပွဲထွက်

ကစားခွင့်ရခဲ့ပေမယ့် ပုံမှန်စွမ်းဆောင်ရည်သာပြသနိုင်ခဲ့ပြီး ယူနိုက်တက်

အသင်းယာယီနည်းပြကာရစ်က ဒုတိယပိုင်းမှာ ဗန်ဒီဘိခ်အစား

ဘရူနိုဖာနန်ဒက်စ်ကို လူစားထိုးခဲ့ချိန်မှ ယူနိုက်တက်အသင်းဂိုးတွေ

သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒါဗတ်က “ယူနိုက်တက်အသင်းကနေ

ဗန်ဒီဘိခ်ထွက်သင့်လားလို့မေးလာရင် ကျွန်တော်ကတော့ ‘Yes’လို့ပဲ

ဖြေမိမှာပါ။ ဗန်ဒီဘိခ်ဟာ အရည်အချင်းရှိတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့်

သူက ယူနိုက်တက်အသင်းမှာတော့ ဒီထက်ပိုပြီး ဘာမှဖြစ်လာဖို့မရှိပါဘူး။

သူ့ကစားဟန်နဲ့ကိုက်တဲ့ ဂျာမန်ကလပ်တစ်သင်းသင်းကိုပြောင်းရွှေ့ဖို့

ဒါမှမဟုတ် သူ့အသင်းဟောင်း အေဂျက်စ်အသင်းဆီပြန်သင့်တယ်လို့

ကျွန်တော်ယူဆပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။

zawgyi

” ဇန္နဝါရီမွာ ယူႏိုက္တက္ကေန ထြက္ခြာလိုက္ပါေတာ့ ဗန္ဒီ ”

နယ္သာလန္နဲ႔ ရီးယဲလ္နာမည္ေက်ာ္ကစားသမားေဟာင္းဗန္ဒါဗတ္က

ဗန္ဒီဘိခ္အေနနဲ႔ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ မန္ခ်က္စတာ

ယူႏိုက္တက္အသင္းနဲ႔လမ္းခြဲဖို႔ ဆက္လက္စဥ္းစားသင့္တယ္လို႔

တိုက္တြန္းလိုက္ပါတယ္။ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့တစ္ပတ္က ဝက္ဖို႔ဒ္

အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ဒုတိယပိုင္းမွလူစားဝင္ကစားခြင့္ရခဲ့ေပမယ့္

ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့

ဗီလာရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ဗန္ဒီဘိခ္ဟာ ရွားရွားပါးပါးပြဲထြက္

ကစားခြင့္ရခဲ့ေပမယ့္ ပုံမွန္စြမ္းေဆာင္ရည္သာျပသႏိုင္ခဲ့ၿပီး ယူႏိုက္တက္

အသင္းယာယီနည္းျပကာရစ္က ဒုတိယပိုင္းမွာ ဗန္ဒီဘိခ္အစား

ဘ႐ူႏိုဖာနန္ဒက္စ္ကို လူစားထိုးခဲ့ခ်ိန္မွ ယူႏိုက္တက္အသင္းဂိုးေတြ

သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဗန္ဒါဗတ္က “ယူႏိုက္တက္အသင္းကေန

ဗန္ဒီဘိခ္ထြက္သင့္လားလို႔ေမးလာရင္ ကြၽန္ေတာ္ကေတာ့ ‘Yes’လို႔ပဲ

ေျဖမိမွာပါ။ ဗန္ဒီဘိခ္ဟာ အရည္အခ်င္းရွိတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္

သူက ယူႏိုက္တက္အသင္းမွာေတာ့ ဒီထက္ပိုၿပီး ဘာမွျဖစ္လာဖို႔မရွိပါဘူး။

သူ႔ကစားဟန္နဲ႔ကိုက္တဲ့ ဂ်ာမန္ကလပ္တစ္သင္းသင္းကိုေျပာင္းေ႐ႊ႕ဖို႔

ဒါမွမဟုတ္ သူ႔အသင္းေဟာင္း ေအဂ်က္စ္အသင္းဆီျပန္သင့္တယ္လို႔

ကြၽန္ေတာ္ယူဆပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။mdiarymm

mdiarymm