M Diary Channel

Local and Sport News

တစ်ယောက်ပြီးတစ်ယောက် အသင်းကနေ ထွက်ခွာလိုနေတဲ့ သရဲနီတွေ . . .

ယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့

ဈေးကွက်တွင်ကစားသမားနှစ်ဦးကိုလက်လွှတ်ဆုံးရှုံးရဖို့သေချာသလောက်

ရှိနေပြီဖြစ်ပါတယ်။ မနေ့တုန်းကပြင်သစ်တိုက်စစ်မှူးအန်တိုနီယိုမာရှယ်ရဲ့

အေးဂျင့်ကသူ့ကစားသမားမှာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

အိုးထရက်ဖို့ဒ်မှထွက်ခွာလိုနေပြီးကလပ်နှင့်ဆွေးနွေးမှုပြုလုပ်သွားမယ်လို့ဆိုထားပါတယ်။

ယခုအခါဖလာမင်ဂိုတွင်အငှားဖြင့်ကစားနေတဲ့ဘရာဇီးကွင်းလယ်ကစားသမား

အင်ဒရေပီရဲရားကလည်းဖလာမင်ဂိုတွင်ပင်ဆက်လက်ကစားသွားလိုကြောင်း

ပြောကြားလာပါတယ်။ အသက်၂၅နှစ်ရှိပီရဲရားက “ကျွန်တော့်ဆန္ဒကတော့ဒီမှာဘဲ

ဆက်ကစားသွားဖို့ဖြစ်ပါတယ်။အခုအချိန်ကစပြီးကျွန်တော်တို့အားလုံး

လုပ်ဆောင်သွားပါတော့မယ်။အပြောင်းအရွှေ့ဖြစ်လာဖို့ဥက္ကဌလာဒမ်၊

မားကို့စ်ဘရာ့ဇ်တို့နဲ့ဆွေးနွေးပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ပီရဲရားသည်ဖလာမင်ဂိုတွင်အငှားဖြင့်ကစားစဉ်အတွင်း၂၂ပွဲတွင်၅ဂိုးသွင်းယူကာ

ခြေစွမ်းပြကစားထားနိုင်ပေမယ့်ပါးမီးရပ်စ်နှင့်ကိုပါလီဘာတာဒို့စ်ဗိုလ်လုပွဲတွင်

သူ့အမှားကြောင့်အနိုင်ဂိုးပေးခဲ့ရပါတယ်။

zawgyi

တစ္ေယာက္ၿပီးတစ္ေယာက္ အသင္းကေန ထြက္ခြာလိုေနတဲ့ သရဲနီေတြ . . .

ယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ေဈးကြက္တြင္ကစားသမားႏွစ္ဦးကိုလက္လႊတ္ဆုံးရႈံးရဖို႔ေသခ်ာသေလာက္

ရွိေနၿပီျဖစ္ပါတယ္။ မေန႔တုန္းကျပင္သစ္တိုက္စစ္မႉးအန္တိုနီယိုမာရွယ္ရဲ႕

ေအးဂ်င့္ကသူ႔ကစားသမားမွာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္

အိုးထရက္ဖို႔ဒ္မွထြက္ခြာလိုေနၿပီးကလပ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္သြားမယ္လို႔ဆိုထားပါတယ္။

ယခုအခါဖလာမင္ဂိုတြင္အငွားျဖင့္ကစားေနတဲ့ဘရာဇီးကြင္းလယ္ကစားသမား

အင္ဒေရပီရဲရားကလည္းဖလာမင္ဂိုတြင္ပင္ဆက္လက္ကစားသြားလိုေၾကာင္း

ေျပာၾကားလာပါတယ္။ အသက္၂၅ႏွစ္ရွိပီရဲရားက “ကြၽန္ေတာ့္ဆႏၵကေတာ့ဒီမွာဘဲ

ဆက္ကစားသြားဖို႔ျဖစ္ပါတယ္။အခုအခ်ိန္ကစၿပီးကြၽန္ေတာ္တို႔အားလုံး

လုပ္ေဆာင္သြားပါေတာ့မယ္။အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ဥကၠဌလာဒမ္၊

မားကို႔စ္ဘရာ့ဇ္တို႔နဲ႔ေဆြးေႏြးပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ပီရဲရားသည္ဖလာမင္ဂိုတြင္အငွားျဖင့္ကစားစဥ္အတြင္း၂၂ပြဲတြင္၅ဂိုးသြင္းယူကာ

ေျခစြမ္းျပကစားထားႏိုင္ေပမယ့္ပါးမီးရပ္စ္ႏွင့္ကိုပါလီဘာတာဒို႔စ္ဗိုလ္လုပြဲတြင္

သူ႔အမွားေၾကာင့္အႏိုင္ဂိုးေပးခဲ့ရပါတယ္။mdiarymm

mdiarymm