M Diary Channel

Local and Sport News

တနင်္ဂနွေနေ့ည နောက်ဆုံးရ ယူနိုက်တက်သတင်းများ

(၁) မန်ယူအသင်းဟာ လက်စတာအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လာမယ့်

ကြာသပတေးနေ့ နံနက် (၁) နာရီခွဲမှာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်

အုပ်စုပွဲစဥ်ကို ထပ်မံယှဥ်ပြိုင်ရမှာဖြစ်

(၂) ဒီလ (၂၄) ရက်နေ့မှာ ကစားမယ့် လီဗာပူးလ်နဲ့ ပွဲစဥ်မှာ ရလဒ်မကောင်းခဲ့ပါက

မန်ယူဘုတ်အဖွဲ့အနေနဲ့ နည်းပြ ဆိုးလ်ရှားနဲ့ ပတ်သက်ပြီး တစ်မျိုး တစ်ဖုံ

ပြောင်းလဲ စဥ်းစားတော့မယ်လို့ သတင်းထွက်နေ

(၃) လက်စတာနဲ့ ပွဲမတိုင်မီမှာ ခံစစ်ပိုင်း ပြဿာနာရှိနေတဲ့ကြားက နည်းပြဆိုးလ်ရှားဟာ

အသင်းရဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်ကို လူစာရင်းမှာ  မထည့်သွင်းခဲ့ဘဲ U-23

အသင်းနဲ့အတူ သွားရောက် ကစားစေခဲ့တာဖြစ်

(၄) ရော်နာလ်ဒိုဟာ နည်းပြဆိုးလ်ရှားရဲ့ တောင်းဆိုမှုကြောင့် လက်စတာအသင်းကို

ရှုံးနိမ့်အပြီးမှာ သူ့ရဲ့ ပုံမှန်အပြုအမူဖြစ်တဲ့ အဝတ်လဲခန်းကို တန်းပြီး ပြေးဝင်သွားတာမျိုး

မလုပ်ခဲ့ဘဲ အခြားသော ကစားသမားတွေလို ကွင်းထဲမှာ ဆက်ရှိပေးခဲ့ပြီး

ပရိသတ်တွေကို နှုတ်ဆက်ရင်း တောင်းပန်ခဲ့

(၅) မန်ယူအသင်းရဲ့ ရလဒ်တွေကြောင့် ပေါ့ဘာကို ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ဖို့

အေးဂျင့် ရွိုင်းအိုလာ ပိုမို တွန်းအားပေးနေပြီလို့သိရ

(၆) မန်ယူကွင်းလယ်ကစားသမားတွေဟာ ခံစစ်ကို ဆင်းကူတဲ့နေရာမှာ

အားနည်းတယ်လို့ သရဲနီ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ဝေဖန်

zawgyi


















အားနည်းတယ်လို့ သရဲနီ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ဝေဖန်mdiarymm

mdiarymm