
အင်္ဂလန်နောက်ခံလူမက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး
အစောဆုံးပြန်ကစားခဲ့တဲ့ ဘန်လေနဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွက်
ယူနိုက်တက်အသင်းလူစာရင်းမှာမပါဝင်နိုင်ခဲ့ပါဘူး။
နည်းပြတန်ဟတ်ကတော့ မက်ဂွိုင်းယားဖျားနေတယ်လို့
အကြောင်းပြချက်ပေးခဲ့သလို နော်တင်ဟမ်ကို ၃ဂိုးပြတ်
အနိုင်ရတဲ့ပွဲမှာလည်း အရန်ခုံထိုင်ခိုင်းခဲ့ပါတယ်။ မိုးအေးတဲ့ညမျိုးမှာ
တကယ်ဖျားနေတယ်ဆိုရင် တန်ဟတ်က မက်ဂွိုင်းယားကို
အရန်ခုံထိုင်ခိုင်းစရာအကြောင်းမရှိသလို နည်းဗျူဟာအရသာ
ချန်လှပ်ခံရတာဖြစ်နိုင်တယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း
ပေါလ်ပါကားက သုံးသပ်လိုက်ပါတယ်။ တန်ဟတ်ဟာ
နော်တင်ဟမ်နဲ့ပွဲမှာ ဘယ်နောက်ခံလူလုခ်ရှောကို ဗဟိုခံစစ်
ကစားသမားအဖြစ် ဗာရန်းနဲ့တွဲသုံးခဲ့တာဖြစ်ပြီး ပွဲပြီးဖို့
၁၃ မိနစ်အလိုမှသာ မက်ဂွိုင်းယားကိုလူစားဝင်အဖြစ်
ကစားစေခဲ့တာဖြစ်တယ်။ ဒါကြောင့် ပါကားက မက်ဂွိုင်းယား
ဖျားနေတယ်ဆိုတာဟာ ယုံချင်စရာမရှိသလို တန်ဟတ်ရဲ့
အလိမ်အညာတွေသာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
“လုခ်ရှောက ဗဟိုခံစစ်မှာအကောင်းဆုံးကစားနိုင်ခဲ့တယ်။
မက်ဂွိုင်းယားကိုမေ့သွားလောက်တဲ့အထိ ကောင်းအောင်
ကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ မက်ဂွိုင်းယားဖျားနေတယ်ဆိုတာကိုတော့
မယုံပါဘူး။ အလိမ်အညာနဲ့ တမင်လုပ်ကြံဖန်တီးထားတာပါ။
တကယ်လို့ သူဖျားနေတယ်ဆိုရင် မိုးအေးနေတဲ့ညမှာ
အရန်ခုံထိုင်ခိုင်းထားစရာအကြောင်းမရှိပါဘူး။
မက်ဂွိုင်းယားကြံ့ခိုင်မှုအပြည့်ရှိခဲ့ပေမဲ့ တန်ဟတ်က
လုခ်ရှောကိုနှစ်သက်ခဲ့တာပါ” လို့ ပေါလ်ပါကားက ထောက်ပြပြောဆိုခဲ့ပါတယ်။
zawgyi
” တန္ဟတ္က လိမ္ညာၿပီး မက္ဂြိဳင္းယားကို အရန္ခုံမွာတမင္ထားခဲ့တာပါ… ” _ ပါကား
အဂၤလန္ေနာက္ခံလူမက္ဂြိဳင္းယားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး
အေစာဆုံးျပန္ကစားခဲ့တဲ့ ဘန္ေလနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္အတြက္
ယူႏိုက္တက္အသင္းလူစာရင္းမွာမပါဝင္ႏိုင္ခဲ့ပါဘူး။
နည္းျပတန္ဟတ္ကေတာ့ မက္ဂြိဳင္းယားဖ်ားေနတယ္လို႔
အေၾကာင္းျပခ်က္ေပးခဲ့သလို ေနာ္တင္ဟမ္ကို ၃ဂိုးျပတ္
အႏိုင္ရတဲ့ပြဲမွာလည္း အရန္ခုံထိုင္ခိုင္းခဲ့ပါတယ္။ မိုးေအးတဲ့ညမ်ိဳးမွာ
တကယ္ဖ်ားေနတယ္ဆိုရင္ တန္ဟတ္က မက္ဂြိဳင္းယားကို
အရန္ခုံထိုင္ခိုင္းစရာအေၾကာင္းမရွိသလို နည္းဗ်ဴဟာအရသာ
ခ်န္လွပ္ခံရတာျဖစ္ႏိုင္တယ္လို႔ ယူႏိုက္တက္ေနာက္ခံလူေဟာင္း
ေပါလ္ပါကားက သုံးသပ္လိုက္ပါတယ္။ တန္ဟတ္ဟာ
ေနာ္တင္ဟမ္နဲ႔ပြဲမွာ ဘယ္ေနာက္ခံလူလုခ္ေရွာကို ဗဟိုခံစစ္
ကစားသမားအျဖစ္ ဗာရန္းနဲ႔တြဲသုံးခဲ့တာျဖစ္ၿပီး ပြဲၿပီးဖို႔
၁၃ မိနစ္အလိုမွသာ မက္ဂြိဳင္းယားကိုလူစားဝင္အျဖစ္
ကစားေစခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ပါကားက မက္ဂြိဳင္းယား
ဖ်ားေနတယ္ဆိုတာဟာ ယုံခ်င္စရာမရွိသလို တန္ဟတ္ရဲ႕
အလိမ္အညာေတြသာ ျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။
“လုခ္ေရွာက ဗဟိုခံစစ္မွာအေကာင္းဆုံးကစားႏိုင္ခဲ့တယ္။
မက္ဂြိဳင္းယားကိုေမ့သြားေလာက္တဲ့အထိ ေကာင္းေအာင္
ကစားႏိုင္ခဲ့တာပါ။ ဒါေပမဲ့ မက္ဂြိဳင္းယားဖ်ားေနတယ္ဆိုတာကိုေတာ့
မယုံပါဘူး။ အလိမ္အညာနဲ႔ တမင္လုပ္ႀကံဖန္တီးထားတာပါ။
တကယ္လို႔ သူဖ်ားေနတယ္ဆိုရင္ မိုးေအးေနတဲ့ညမွာ
အရန္ခုံထိုင္ခိုင္းထားစရာအေၾကာင္းမရွိပါဘူး။
မက္ဂြိဳင္းယားႀကံ့ခိုင္မႈအျပည့္ရွိခဲ့ေပမဲ့ တန္ဟတ္က
လုခ္ေရွာကိုႏွစ္သက္ခဲ့တာပါ” လို႔ ေပါလ္ပါကားက ေထာက္ျပေျပာဆိုခဲ့ပါတယ္။