ထထွက်သွားတဲ့ ရော်နယ်ဒိုကြောင့် မယုံကြည်နိုင်လောက်အောင်တိုတောင်းခဲ့တဲ့ ပေါ်တူဂီသတင်းစာရှင်းလင်းပွဲ

ဂါနာကိုအနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အပြီး ပေါ်တူဂီရဲ့

သတင်းစာရှင်းလင်းပွဲကို စီရော်နယ်ဒိုဟာ တက်ရောက်ခဲ့ပေမယ့် အဲဒါက

မယုံကြည်နိုင်လောက်အောင် တိုတောင်းခဲ့တာပါ။ အဲဒီ Ballon d’Or

၅ ထပ်ကွမ်းကစားသမားဟာ ဂါနာနဲ့ပဲမှာ ပင်နယ်တီကနေ ဂိုးသွင်းခဲ့ပြီးနောက်

မတူညီတဲ့ကမ္ဘာ့ဖလား ၅ ခုမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာ အဲဒီပွဲအပြီးမှာ man of the match လည်း ရခဲ့တာကြောင့်

ပွဲအပြီးက မီဒီယာတာဝန်ကိုလည်း ယူခဲ့ရတာပါ။ ဒါပေမဲ့ ၃၇ နှစ်အရွယ်

ကစားသမားဟာ ပွဲပြီးသတင်းစာရှင်းလင်ပွဲမှာ မေးခွန်း ၂ ခုသာဖြေခဲ့ပြီး

၂ မိနစ် ၁၂ စက္ကန့်နဲ့ ထထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီရဲ့ပွဲပြီးသတင်းစာ

ရှင်းလင်းပွဲကို နည်းပြဖာနန်ဒိုဆန်းတို့စ်တစ်ယောက်တည်းကသာ

ဆက်ပြီးအဆုံးသတ်ပေးခဲ့ရတာပါ။ ”ဒါက လှပတဲ့အခိုက်အတန့်ပါ။

ကျွန်တော့်ရဲ့ပဉ္စမြောက်ကမ္ဘာ့ဖလားမှာပေါ့။ ကျွန်တော်တို့အနိုင်ရခဲ့သလို

တာထွက်လည်းကောင်းခဲ့ပါတယ်။ အရေးပါတဲ့နိုင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့တာပါ။

ပထမဆုံးပွဲဟာ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်။

ဒီလိုပွဲမျိုးမှာ ကမ္ဘာ့စံချိန်တစ်ခုလည်း ရခဲ့တယ်။ ကမ္ဘာ့ဖလား ၅ ခုစလုံးမှာ

ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဆိုတော့ အဲဒါက ကျွန်တော့်ကို

ဂုဏ်ယူစေပါတယ်။ အရေးကြီးဆုံးခြေလှမ်းက ကျွန်တော်တို့နိုင်ခဲ့တာပါ။

မန်ယူနဲ့က ဇာတ်လမ်းပြီးသွားပါပြီ။ အနိုင်ရဖို့အတွက် ဒီမှာ

ကျွန်တော်ရှိနေတာပါ။ ကျန်တာတွေက အရေးမကြီးပါဘူး”လို့

စီရော်နယ်ဒိုက ဖြေခဲ့ပါတယ်။ ဒီ့မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာလည်း

စီရော်နယ်ဒိုဟာ မန်ယူနဲ့ပတ်သက်တာတွေ ဆက်မမေးတော့ဖို့

ဂျာနယ်လစ်တွေကို ပြောခဲ့တာပါ။ သူ့ရဲ့ပေါ်တူဂီအသင်းဖော်တွေကလည်း

စီရော်နယ်ဒိုနဲ့အင်တာဗျူးအကြောင်းမေးကြတာတွေကို စိတ်ကုန်နေကြပါတယ်။

zawgyi

ထထြက္သြားတဲ့ ေရာ္နယ္ဒုိေၾကာင့္ မယုံၾကည္ႏုိင္ေလာက္ေအာင္တုိေတာင္းခဲ့တဲ့ ေပၚတူဂီသတင္းစာရွင္းလင္းပြဲ

ဂါနာကိုအႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အၿပီး ေပၚတူဂီရဲ႕

သတင္းစာရွင္းလင္းပြဲကို စီေရာ္နယ္ဒိုဟာ တက္ေရာက္ခဲ့ေပမယ့္ အဲဒါက

မယုံၾကည္ႏိုင္ေလာက္ေအာင္ တိုေတာင္းခဲ့တာပါ။ အဲဒီ Ballon d’Or

၅ ထပ္ကြမ္းကစားသမားဟာ ဂါနာနဲ႔ပဲမွာ ပင္နယ္တီကေန ဂိုးသြင္းခဲ့ၿပီးေနာက္

မတူညီတဲ့ကမာၻ႔ဖလား ၅ ခုမွာ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

သူဟာ အဲဒီပြဲအၿပီးမွာ man of the match လည္း ရခဲ့တာေၾကာင့္

ပြဲအၿပီးက မီဒီယာတာဝန္ကိုလည္း ယူခဲ့ရတာပါ။ ဒါေပမဲ့ ၃၇ ႏွစ္အ႐ြယ္

ကစားသမားဟာ ပြဲၿပီးသတင္းစာရွင္းလင္ပြဲမွာ ေမးခြန္း ၂ ခုသာေျဖခဲ့ၿပီး

၂ မိနစ္ ၁၂ စကၠန႔္နဲ႔ ထထြက္သြားခဲ့ပါတယ္။ ဒါေၾကာင့္ ေပၚတူဂီရဲ႕ပြဲၿပီးသတင္းစာ

ရွင္းလင္းပြဲကို နည္းျပဖာနန္ဒိုဆန္းတို႔စ္တစ္ေယာက္တည္းကသာ

ဆက္ၿပီးအဆုံးသတ္ေပးခဲ့ရတာပါ။ ”ဒါက လွပတဲ့အခိုက္အတန႔္ပါ။

ကြၽန္ေတာ့္ရဲ႕ပၪၥေျမာက္ကမာၻ႔ဖလားမွာေပါ့။ ကြၽန္ေတာ္တို႔အႏိုင္ရခဲ့သလို

တာထြက္လည္းေကာင္းခဲ့ပါတယ္။ အေရးပါတဲ့ႏိုင္ပြဲတစ္ပြဲလည္း ျဖစ္ခဲ့တာပါ။

ပထမဆုံးပြဲဟာ အေရးႀကီးတယ္ဆိုတာ ကြၽန္ေတာ္တို႔သိခဲ့ပါတယ္။

ဒီလိုပြဲမ်ိဳးမွာ ကမာၻ႔စံခ်ိန္တစ္ခုလည္း ရခဲ့တယ္။ ကမာၻ႔ဖလား ၅ ခုစလုံးမွာ

ဂိုးသြင္းႏိုင္ခဲ့တဲ့ ပထမဆုံးကစားသမားဆိုေတာ့ အဲဒါက ကြၽန္ေတာ့္ကို

ဂုဏ္ယူေစပါတယ္။ အေရးႀကီးဆုံးေျခလွမ္းက ကြၽန္ေတာ္တို႔ႏိုင္ခဲ့တာပါ။

မန္ယူနဲ႔က ဇာတ္လမ္းၿပီးသြားပါၿပီ။ အႏိုင္ရဖို႔အတြက္ ဒီမွာ

ကြၽန္ေတာ္ရွိေနတာပါ။ က်န္တာေတြက အေရးမႀကီးပါဘူး”လို႔

စီေရာ္နယ္ဒိုက ေျဖခဲ့ပါတယ္။ ဒီ့မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာလည္း

စီေရာ္နယ္ဒိုဟာ မန္ယူနဲ႔ပတ္သက္တာေတြ ဆက္မေမးေတာ့ဖို႔

ဂ်ာနယ္လစ္ေတြကို ေျပာခဲ့တာပါ။ သူ႔ရဲ႕ေပၚတူဂီအသင္းေဖာ္ေတြကလည္း

စီေရာ္နယ္ဒိုနဲ႔အင္တာဗ်ဴးအေၾကာင္းေမးၾကတာေတြကို စိတ္ကုန္ေနၾကပါတယ္။