
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က
လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် တိုက်စစ်မှူးအပါအဝင်
ထိပ်တန်းအဆင့်ကစားသမားတွေ ခေါ်ယူနိုင်ဖို့က အရေးကြီးတဲ့
ကိစ္စဖြစ်နေတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ
နယ်သာလန်ကြယ်ပွင့် ဂတ်ပိုကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်
ပြိုင်ဘက် လီဗာပူးလ်အသင်းက လက်ဦးမှုယူပြီးတော့
ပေါင်(၄၄)သန်းနဲ့ ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲရစ်တန်ဟက်ဟာ
နွေရာသီတုန်းက အန်တိုနီ၊ ကတ်စ်မဲရိုး၊ လီဆန်ဒရိုမာတီနက်ဇ်၊
မာလာစီယာ စတဲ့ကစားသမားတွေကို ကလပ်စံချိန်တင်အဖြစ်
ပေါင်သန်း(၂၂၀)အထိ အသုံးပြုခေါ်ယူခဲ့တာကြောင့် အသင်းရဲ့
ဘဏ္ဍာရေးအခြေအနေအရ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အတွင်း
ကစားသမားသစ်ခေါ်ချင်တယ်ဆိုရင် အငှားနဲ့သာ ခေါ်ယူခွင့်ရဖို့
ရှိနေပါတယ်။ ဒါပေမဲ့ အဲရစ်တန်ဟက်ကတော့ ကာလတိုအတွက်
မဟုတ်ဘဲ အသင်းအတွက် အမှန်တကယ်အကျိုးရှိစေနိုင်မယ့်
ကစားသမားမျိုးကိုသာ ခေါ်ယူချင်နေတာဖြစ်ပါတယ်။
အဲရစ်တန်ဟက်က “တိုက်စစ်မှူးတွေရဲ့ ပြောင်းရွှေ့ကြေးဟာ
အရမ်းမြင့်မားလွန်းပြီး အထူးသဖြင့် ဆောင်းရာသီအပြောင်းအရွှေ့မှာ
ပိုဆိုးပါတယ်။ ကျွန်တော်တို့အသင်းကတော့ ကိုယ်တတ်နိုင်တဲ့
အနေအထားတဲ့ အသင်းအတွက် သင့်တော်မယ့်ကစားသမားတွေ
ခေါ်ယူသွားမှာပါ။ ပရီးမီးယားလိဂ်နဲ့ တခြားဖလားပြိုင်ပွဲတွေ
ယှဉ်ပြိုင်ကစားရဦးမှာဖြစ်တာကြောင့် အသင်းအတွက်
ကစားသမားသစ်တွေ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ထိပ္တန္းအဆင့္ကစားသမားေတြ ေခၚယူဖို႔ လိုအပ္တယ္လို႔ အဲရစ္တန္ဟက္ ဝန္ခံ
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က
လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ တိုက္စစ္မႉးအပါအဝင္
ထိပ္တန္းအဆင့္ကစားသမားေတြ ေခၚယူႏိုင္ဖို႔က အေရးႀကီးတဲ့
ကိစၥျဖစ္ေနတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ
နယ္သာလန္ၾကယ္ပြင့္ ဂတ္ပိုကို ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ေပမယ့္
ၿပိဳင္ဘက္ လီဗာပူးလ္အသင္းက လက္ဦးမႈယူၿပီးေတာ့
ေပါင္(၄၄)သန္းနဲ႔ ၾကားျဖတ္ေခၚယူႏိုင္ခဲ့ပါတယ္။ အဲရစ္တန္ဟက္ဟာ
ေႏြရာသီတုန္းက အန္တိုနီ၊ ကတ္စ္မဲ႐ိုး၊ လီဆန္ဒ႐ိုမာတီနက္ဇ္၊
မာလာစီယာ စတဲ့ကစားသမားေတြကို ကလပ္စံခ်ိန္တင္အျဖစ္
ေပါင္သန္း(၂၂၀)အထိ အသုံးျပဳေခၚယူခဲ့တာေၾကာင့္ အသင္းရဲ႕
ဘ႑ာေရးအေျခအေနအရ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း
ကစားသမားသစ္ေခၚခ်င္တယ္ဆိုရင္ အငွားနဲ႔သာ ေခၚယူခြင့္ရဖို႔
ရွိေနပါတယ္။ ဒါေပမဲ့ အဲရစ္တန္ဟက္ကေတာ့ ကာလတိုအတြက္
မဟုတ္ဘဲ အသင္းအတြက္ အမွန္တကယ္အက်ိဳးရွိေစႏိုင္မယ့္
ကစားသမားမ်ိဳးကိုသာ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။
အဲရစ္တန္ဟက္က “တိုက္စစ္မႉးေတြရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ
အရမ္းျမင့္မားလြန္းၿပီး အထူးသျဖင့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ
ပိုဆိုးပါတယ္။ ကြၽန္ေတာ္တို႔အသင္းကေတာ့ ကိုယ္တတ္ႏိုင္တဲ့
အေနအထားတဲ့ အသင္းအတြက္ သင့္ေတာ္မယ့္ကစားသမားေတြ
ေခၚယူသြားမွာပါ။ ပရီးမီးယားလိဂ္နဲ႔ တျခားဖလားၿပိဳင္ပြဲေတြ
ယွဥ္ၿပိဳင္ကစားရဦးမွာျဖစ္တာေၾကာင့္ အသင္းအတြက္
ကစားသမားသစ္ေတြ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။